2
1 ငါသည် မြင်ရသည့်ကာလ၊ ပျပ်ဝပ်လျက်၊ ငါကြားရသည့်မိန့်တော်မူသံမှာ၊ အချင်းလူသား၊ ခြေစုံရပ်လော့။ သင့်အားငါမြွက်ဆိုမည်ဟုမိန့်တော်မူသော်၊
2 ဝိညာဉ်တော်သည် ငါ့အတွင်းသို့ဝင်ရောက်၍ ခြေစုံရပ်စေသဖြင့်၊ မိန့်တော်မူချက်ကိုငါကြားရ၏။
3 ကိုယ်တော်က အချင်းလူ့သား၊ ယနေ့တိုင်အောင်ပင် ဘိုးဘေးတို့နှင့်တကွ၊ ငါ့တစ်ဖက်လွန်ကျူးပုန်ကန်၍၊ ပုန်ကန်သောသဘောရှိသော၁ 2.3 ပါဠိ - လူမျိုးခြားတို့လူမျိုး၊ ဣသရေလအမျိုးသား တို့သို့ သင့်ကိုငါစေလွှတ်၏။
4 စိတ်ခက်မာ၍မျက်နှာပြောင်တိုက်သော၊ ထိုအမျိုးသားတို့သို့ ငါစေလွှတ်သည့်အတိုင်း၊ အရှင်ထာဝရဘုရားဤသို့မိန့်တော်မူသည်ဟူ၍၊ သင်ဆင့်ဆိုသဖြင့်၊
5 နားထောင်သည်ဖြစ်စေ၊ ပုန်ကန်သောသဘောအလိုက်နားမထောင်သည်ဖြစ်စေ၊ ချင်းတို့ဘောင်တွင်၊ ပရောဖက်တစ်ပါးပေါ်ထွန်းသည်ကိုသိမှတ်ရကြလတ္တံ့။
6 အချင်းလူ့သား၊ သင်သည် ဆူး၊ ရှားစောင်း၊ ကင်းမြီးကောက်အလယ်တွင်နေရသော်လည်း၊ ချင်းတို့ကိုလည်းကောင်း၊ စကားများကိုလည်းကောင်း၊ မကြောက်လင့်။ ပုန်ကန်လေ့ရှိသော ထိုလူမျိုး၏စကားများကြောင့်ကြောက်ရွံ့ခြင်း၊ မျက်နှာထားကြောင့်တုန်လှုပ်ခြင်းကင်းလျက်နေလော့။
7 နားထောင်ကြသည်ဖြစ်စေ၊ ပုန်ကန်လေ့ရှိသည့်အလိုက် နားမထောင်ကြသည်ဖြစ်စေ၊ ငါ၏ဗျာဒိတ်ချက်များကိုဆင့်ဆိုလော့။
8 အချင်းလူ့သား၊ ပုန်ကန်သောသဘောရှိသူ၊ ထိုလူမျိုးတို့ကဲ့သို့ မပုန်ကန်ဘဲ၊ ငါ့အမိန့်ကိုနာခံလျက် ငါပေးသောအရာကိုနှုတ်ဖွင့်၍၊ စားလော့ဟုမိန့်တော်မူသည့်အတိုင်း ငါရှုကြည့်ရာ၊
9 ကမ်းလှမ်းသောလက်နှင့် ပါရှိသောစာလိပ်ကို
10 ငါ့ရှေ့တွင်ဖွင့်ပြတော်မူသော်၊ အတွင်းအပြင်၌ ငိုချင်းချက်၊ မြည်တမ်းချက်၊ အမင်္ဂလာချက်များပါရှိသည်ကိုမြင်ရလျှင်၊