8
ဘိုးဘေးတို့အား ထာဝရဘုရားသစ္စာဆိုတော်မူခဲ့သောပြည်ကို ဝင်ရောက်ပိုင်ရလျက် အသက် ချမ်းသာစွာ တိုးပွားကြအံ့သောငှာ၊ ယနေ့ငါဆင့်ဆိုသမျှသော ပညတ်ကိုစောင့်ရှောက်လိုက်နာကြ လော့။ သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုနှိမ့်ချလျက် စုံစမ်းတော်မူသဖြင့်၊ ပညတ် တော်များကို စောင့်ရှောက်မည့်စိတ်ရှိ မရှိ သိသာရန်၊ နှစ်ပေါင်းလေးဆယ်ပတ်လုံး၊ ပို့ဆောင်တော် မူခဲ့သောသဲကန္တာရခရီးတစ်ေလျှာက်ကို သတိရကြလော့။ လူသည်မုန့်ဖြင့်သာ အသက်မွေးရမည်မဟုတ်။ ဘုရားသခင့်နှုတ်တော်ထွက်ဗျာဒိတ်တော်ရှိသမျှ ဖြင့် အသက်မွေးရမည်ကို သိကြစေခြင်းငှါ၊ သင်တို့ကိုနှိမ့်ချ၍မွတ်သိပ်စေတော်မူသောအခါ၊ သင်တို့သော်လည်းေကာင်း၊ ဘိုးဘေးများသော်လည်းေကာင်း၊ မသိဘူးသောမန္နမုန့်နှင့် ကျွေးမွေးတော်မူသည့်ပြင်၊ ထိုနှစ်ပေါင်းလေးဆယ်ပတ်လုံး၊ အဝတ်နွမ်းရိခြင်း၊ ခြေပေါက်ကွဲခြင်းကင်းသည်ကိုထောက်၍ သားအားအဘဆုံးမသည့်နည်းတူပင်၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားဆုံးမတော်မူသည်ကို နှလုံးသွင်းလျက် သင်တို့ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူချက်များကို စောင့်ထိန်းခြင်း၊ နည်းလမ်းတော် များကိုလိုက်လှေျာက်ခြင်း၊ ကိုယ်တော်အားခန့်ညားခြင်းများကို ပြုကြလော့။ သင်တို့ဘုရားသခင်ထာဝရဘုရားသည် ကောင်းမွန်သောပြည်၊ လွင်ပြင်၊ တောင်ရိုးများမှ ထွက်စီးရာချောင်းရေ၊ စမ်းရေ၊ စိမ့်ရေများနှင့်ပြည့်စုံသောပြည်၊ ဂျုံစပါး၊ မုယောစပါး၊ စပျစ်၊ သဖန်း၊ သလဲပင်များနှင့်ပြည့်စုံသောပြည်၊ သံလွင်သီး၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊ မတောင့်မတ၊ ခဲဖွယ်သောက်ဖွယ်ကို သုံးဆောင်ရသောပြည်၊ သံကျောက်တောင်၊ ကြေးသတ္တု တူးဖော်ရသောကုန်းများနှင့် ပြည့်စုံသောပြည်သို့၊ ဆောင်သွင်းတော်မူမည့်အလျောက်၊ 10 သင်တို့သည်ဝစွာစားသောက်ခွင့်ရလျက်၊ ပေးသနားတော်မူသောပြည်ကောင်းအတွက်၊ သင်တို့ ဘုရားသခင်ထာဝရဘုရားကို သြဘာဆက်ကြလိမ့်မည်။ 11 ယနေ့ငါဆင့်ဆိုသောမိန့်မှာဆုံးဖြတ်ထုံးဖွဲ့တော်မူချက်များကို မစောင့်ရှောက်ဘဲ၊ သင်တို့ဘုရား သခင်ထာဝရဘုရားကို မေ့လျော့ရာရောက်၍ 12 ဝစွာစားသောက်ပြီးမှ၊ တည်ဆောက်မည့်တိုက်အိမ်ကောင်းများတွင် နေထိုင်ကြသည့်ကာလ၊ 13 နွား၊ သိုး၊ ဆိတ်များနှင့်တကွ၊ ကိုယ်ပိုင်ရွှေငွေစသည့်အရာရာတိုးပွားသည့်ကာလ၊ 14-17 နှိမ့်ချစုံစမ်းတော်မူသဖြင့်၊ နောင်အခါ၌ကျေးဇူးပြုအံ့သောငှါ၊ ကျွန်ခံနေရာအိဂျစ်ပြည်မှ ထုတ်ဆောင်တော်မူထသော၊ မြွေဆိုးနှင့်ကင်းမြီးကောက်ပေါများ၍၊ ရေမရှိ၊ သွေ့ခြောက်ရာကြောက် မက်ဖွယ်သဲကန္တာရတစ်လှေျာက် ပို့ဆောင်တော်မူထသော၊ မီးခတ်ကျောက်တောင်ထဲကရေထွက်စေတော် မူထသော၊ ဘိုးဘေးတို့မသိဘူးသော မန္နမုန့်ဖြင့်၊ သဲတောတွင် ကျွေးမွေးတော်မူသော သင်တို့ဘုရား သခင်ထာဝရဘုရားကို မေ့လျော့သည်ပြင်၊ ကိုယ့်တန်ခိုး၊ ကိုယ့်လက်ရုံးစွမ်းရည်ဖြင့် ဤစည်းစိမ်းချမ်း သာကိုရခဲ့ပြီဟု စိတ်မာနကြီး၍ မအောက်မေ့စေခြင်းငှါ သတိမူလျက်၊ 18 ဘိုးဘေးတို့အား သစ္စာဆိုတော်မူခဲ့သောပဋိညာဉ်ကို ယခုဖြစ်သည့်အတိုင်း၊ အတည်ပြုအံ့သော ငှါ စည်းစိမ်ချမ်းသာရအောင်စွမ်းရည်တန်ခိုးသနားတော်မူသော သင်တို့ဘုရားသခင်ထာဝရဘုရားကို သတိရကြလော့။ 19-20 သင်တို့ဘုရားသခင်ထာဝရဘုရားကို မေ့လျော့လျက်၊ အခြားဘုရားများနောက်လိုက်သွား၍ ဝတ်ပြုရှိခိုးကြလျှင်၊ သင်တို့ရှေ့ထာဝရဘုရားဖျက်ဆီးတော်မူသော လူမျိုးခြားတို့နည်းတူ၊ သင်တို့ လည်း ကိုယ့်ဘုရားသခင်ထာဝရဘုရားဗျာဒိတ်တော်သံကို နားမထောင်ကြသည့်အတွက် ပျက်စီး ပပျောက်ရကြမည်အကြောင်း၊ ယနေ့ငါသက်သေခံ၏။