7
1 သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊ ဝင်ရောက်၌အပိုင်ရကြမည့်ပြည်သို့ သင်တို့ကိုဆောင် သွင်းတော်မူပြီးလျှင်၊ သင်တို့ထက်ခွန်အားတန်ခိုးကြီးသော ဟိတ္တိ၊ ဂိရဂါရှိ၊ အာမောရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိ၊ လူခုနစ်မျိုးအများအပြားကို
2-3 သင်တို့ရှေ့အပ်နှင်း၍ ပယ်ရှင်းတော်မူသည့်အတိုင်း သင်တို့လုပ်ကြံကြရာ၊ မိတ်သဟာယဖွဲ့ ခြင်း၊ ကရုဏာပြခြင်း၊ သင်တို့သားသမီးများကို ချင်းတို့သားသမီးများနှင့်ပေးစားထိမ်းမြား၍ အိမ်ထောင်ဘက်ပြုခြင်းများကိုမပြုရဘဲ၊ မြေလှန်ကြရမည်။
4 အဘယ်ကြောင့်ဆိုသော်၊ ထိုလူမျိုးတို့သည် သင်တို့သားများကို အခြားဘုရားများအား ဝတ်ပြု စေခြင်းငှါ၊ နောက်တော်မှလွှဲဖယ်သဖြင့်၊ ထာဝရဘုရားသည် သင်တို့အပေါ်တွင် အမျက်တော်ထား လျက်၊ အဆောတလျင်ပယ်ရှားတော်မူလိမ့်မည်။
5 ချင်းတို့၌စီရင်ရမည့်နည်းကား၊ ယဇ်ပလ္လင်များကိုဖြိုလှဲခြင်း၊ ကျောက်တိုင်များကိုချိုးဖဲ့ခြင်း၊ တံခွန်တိုင်များကို ခုတ်လှဲခြင်း၊ ရုပ်ပွားဆင်းတုများကို မီးတိုက်ခြင်းပြုကြရမည်။
6 အသို့ဆိုသော်၊ မြေကြီးပေါ်ရှိလူမျိုးတကာထက်၊ ပိုင်ဆိုင်ရာလူမျိုးတော်အဖြစ်၊ သင်တို့ ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသည့်အတိုင်း သင်တို့ဘုရားသခင်ထာဝရဘုရားအဖို့ သီးသန့်သောလူမျိုးဖြစ်ကြသည်တကား၊
7 လူမျိုးတကာထက်များပြားသောကြောင့် ထာဝရဘုရားစွဲလမ်း၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်တို့သည် လူမျိုးတကာထက်အသေးအနုပ်ပါတကား။
8 ထာဝရဘုရားသည် သင်တို့ကိုမြတ်နိုး၍၊ ဘိုးဘေးတို့အားထားခဲ့သောသစ္စာတော်ကို စောင့်တော် မူလိုသောကြောင့်၊ ကျွန်ခံနေရာမှလည်းေကာင်း၊ အိဂျစ်ဘုရင်ဖာရောမင်းလက်မှလည်းေကာင်း၊ လက်ရုံးတော်တန်ခိုးဖြင့် ရွေးနုတ်ထုတ်ဆောင်တော်မူခဲ့ပြီး။
9 သို့နှင့်အညီ၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်ကိုချစ်ကြည်မြတ်နိုး၍၊ ပညတ် တော်များကိုလည်း စောင့်ရှောက်သူတို့၏အမျိုးအစဉ်၊ အထောင်အသောင်းအဆက်တိုင်အောင်၊ ပဋိညာဉ်နှင့်ကရုဏာတော်ကိုစောင့်သဖြင့် သစ္စာတော်မဖျက်သောဘုရား၊
10 ကိုယ်တော်အားမုန်းထားသောသူတို့ကိုကား၊ မဆိုင်းမလင့်ဘဲ၊ ဆပ်ပေးဖျက်ဆီးတော်မူသော ဘုရားမှန်ကြောင်းသိမှတ်လျက်၊
11 ယနေ့ငါဆင့်ဆိုသောပညတ်တော်နှင့် ထုံးဖွဲ့ဆုံးဖြတ်ချက်များကို စောင့်ရှောက်လိုက်နာကြလော့။
12 နောင်ကာလ၊ ဤဆုံးဖြတ်ချက်များအတိုင်း သင်တို့နားထောင်စောင့်ရှောက်လိုက်နာကြသည်ကိုထောက်၍၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊ ဘိုးဘေးတို့အားသစ္စာဆိုခဲ့သောပဋိညာဉ်နှင့် ကရုဏာတော်ကိုစောင့်လျက်၊
13 သင်တို့ကိုမြတ်နိုး၍ များပြားအောင်ကောင်းကြီးမင်္ဂလာပေးတော်မူသည့်ပြင်၊ သင်တို့သို့ပေး သနားရန် ဘိုးဘေးများအား သစ္စာဆိုခဲ့သောပြည်တွင် သားသမီးတို့ကိုလည်းေကာင်း၊ မြေအသီးအနှံ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီများကိုလည်းေကာင်း၊ နွား၊ သိုး၊ ဆိတ်၊ သားငယ်များကိုလည်းေကာင်း၊ ကောင်းကြီးမင်္ဂလာပေးတော်မူ ဦးမည်။
14 သင်တို့သည် လူမျိုးတကာထက်ကောင်းကြီးမင်္ဂလာခံရသည့်အလျောက်၊ လူဖြစ်စေ၊ တိရစ္ဆာန် ဖြစ်စေ၊ မြုံသောကျား၊ မ၊ ရှိမည်မဟုတ်။
15 ထာဝရဘုရားသည် သင်တို့မှရောဂါအမျိုးမျိုးကိုပယ်လျက်၊ အိဂျစ်ပြည်၌သိမြင်ခဲ့ကြသော ရောဂါဆိုးတစ်စုံတစ်ရာကိုမျှသင့်စေမည်မဟုတ်။ သင်တို့အားမုန်းထားသောသူတို့အပေါ်၌သာ သင့်စေ တော်မူလိမ့်မည်။
16 သင်တို့ဘုရားသခင်ထာဝရဘုရား အပ်နှင်းတော်မူအံ့သောလူအမျိုးမျိုးကို မျက်စောင်းနှင့်မညှာ တာဘဲ ကုန်ဆုံးစေရမည်။ ချင်းတို့ဘုရားများနှင့် စပ်လျဉ်း၍၊ ကျော့ကွင်းသဖွယ်မဖြစ်စေရန်၊ ဝတ်မပြုကြလင့်။
17 ဤလူမျိုးခြားတို့တွင် ငါတို့ထက်များပြားလှကြ၏။ မည်သို့နှင်ထုတ်နိုင်အံ့နည်းဟု သင်တို့အောက်မေ့ကြရာတွင်
18 ကြောက်ရွံ့ခြင်းကင်းလျက်၊ ဖာရောမင်းနှင့်အိဂျစ်တစ်ပြည်လုံး၌ သင်တို့ဘုရားသခင်ထာဝရ ဘုရားစီရင်တော်မူသည့်အတိုင်း
19 ဒိဋ္ဌမြင်ရကြသောမဟာစုံစမ်းခြင်းများကိုလည်းေကာင်း၊ သင်တို့ကိုသင်တို့ဘုရားသခင်ထာဝရဘုရား ထုတ်ဆောင်တော်မူရာ သက်သေနိမိတ်လက္ခဏာများနှင့် အားကြီးသောလက်ရုံးတော်ဆန့်တန်းခြင်း များကိုလည်းေကာင်း၊ သတိရကြလော့။ ထိုနည်းတူ၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့ကြောက်ရွံသောလူမျိုးရှိသမျှ၌ စီရင်တော်မူမည့်ပြင်၊
20 ပုန်းရှောင်ရသောကျန်ကြွင်းသူတို့ပင် သင်တို့ရှေ့မပျက်မချင်း၊ ပျားတူဘေးကိုလည်း စေလွှတ် တော်မူမည်။
21 သင်တို့အလယ်တွင် ရှိတော်မူသောသင်တို့ဘုရားသခင်ထာဝရဘုရားသည် ကြောက်ရွံ့ဖွယ် ကောင်းသောမဟာဘုရားဖြစ်တော်မူသောကြောင့်၊ ထိုလူမျိုးတို့အတွက် အံ့အားမသင့်ကြနှင့်။
22 တောသားရဲတိုးပွားမည်ကို စိုး၍၊ ထိုလူမျိုးများကို ရှောင်တခင်ကုန်ဆုံးစေခွင့်မပေးသော်လည်း သင်တို့ဘုရားသခင်ထာဝရဘုရားသည် တရွေ့ရွေ့ပယ်ရှင်းတော်မူလိမ့်မည်။
23-24 သင်တို့ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးများကို သင်တို့ရှေ့အပ်နှင်းတော်မူသည့် အတိုင်း ကောင်းကင်အောက်မှ၊ ချင်းတို့အမည်ပါ ချေဖျောက်ကြသည့်တိုင်အောင် ပယ်ရှားတော်မမူ မချင်း၊ လုပ်ကြံကွပ်မျက်လျက်၊ ချင်းတို့မင်းများကိုလည်း သင်တို့လက်တွင်းသို့ အပ်နှင်းတော်မူမည် ဖြစ်၍၊ သင်တို့ရှေ့မည်သူမျှခံရပ်နိုင်မည်မဟုတ်။
25 ချင်းတို့ရုပ်တုဘုရားများကို မီးတိုက်လျက်၊ ကျော့မိရာမရောက်ခြင်းငှာ၊ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ ရွံရှာဖွယ်ဖြစ်သောမွမ်းမံသည့်ရွှေငွေကို တပ်မက်၍မသိမ်းမယူ ကြနှင့်။
26 မြေလှန်ဖွယ်ရာဖြစ်သောကြောင့်၊ လုံးလုံးစက်ဆုပ်ရွံရှာလျက်၊ ထိုရွံရှာဖွယ်ကဲ့သို့ မြေလှန်ရာ ကိုယ်တိုင်မပါမရောက်အောင်၊ အိမ်တွင်းသို့ မသွင်းကြရ။