34
1 မောဘလွင်ပြင်မှ၊ ယေရိခေါမြို့ရင်ဆိုင်၊ နေဗောခေါ် ပိသဂါတောင်ထိပ်သို့ မောရှေတက်သွား လျှင် ထာဝရဘုရားသည် ဒန်မြို့အထိဂိလဒ်နယ်တရှောက်၊
2 နောက်မျက်နှာသမုဒ္ဒရာအထိ၊ နဿလိ၊ ဧဖရိမ်၊ မနာရှေ၊
3 ယုဒနယ်များတစ်လျှောက်၊ နေဂပ်ခရိုင်နှင့်တကွ၊ ဇောရမြို့အထိ၊ စွန်ပလွံမြို့ခေါ်ယေရိခေါမြို့ ချိုင့်တည်းဟူသော မြစ်ကမ်းပြင်တစ်လျှောက်၊ ပြည်တစ်ဝှမ်းလုံးကို ညွှန်ပြလျက်၊
4 အဆက်အနွယ်တို့သို့ပေးမည်ဟူ၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ငါသစ္စာဆိုခဲ့သည်ကား ဤပြည်တည်း။ ဒိဋ္ဌမြင်ခွင့်ငါပေးသော်လည်း သင်ကူးရောက်ရမည်မဟုတ်ဟု ထာဝရဘုရားမိန့်တော် မူသည့်အတိုင်း
5 ကျွန်တော်ရင်းမောရှေသည် မောဘပြည်တွင် ကွယ်လွန်ရလေ၏။
6 ထိုပြည်ရှိဗက်ပေဂုရမြို့ ရင်ဆိုင်ချိုင့်တွင် ဈာပနပြုခြင်းကို ခံရသော်လည်း၊ မည်သူမျှယခုတိုင်သင်္ချၖိုင်းကိုမသိချေ။
7 မောရှေသည် မျက်စိမမှုန်၊ အင်အားမလျော့ဘဲ အသက်တစ်ရာ့နှစ်ဆယ်တွင် ကွယ်လွန်လေ၏။
8 ဣသရေလအမျိုးသားတို့လည်း ရက်ပေါင်းသုံးဆယ်တိုင်တိုင်မောဘလွင်ပြင်တွင် မောရှေအတွက် ငိုကြွေးကြလျက်၊ မြည်တမ်းမှုဆိုင်ရာငိုကျွေးရသောနေ့ရက်များကုန်လွန်သတည်း။
9 ဣသရေလအမျိုးသားတို့သည်၊ မောရှေ၏လက်တင်ခြင်းအားဖြင့် ဉာဏ်ပညာနှင့်ပြည့်စုံသော နန်ု့သားယောရှု၏စကားကိုနားထောင်၍ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း လိုက်နာကြ၏။
10-12 ထာဝရဘုရားစေလွှတ်တော်မူသည်နှင့်အညီ၊ အိဂျစ်ပြည်တွင် ဖာရောမင်းမှစ၍ ကျေးကျွန်သင်းပင်း၊ ပြည်သူပြည်သားအပေါင်းတို့အား ပြသောသက်သေနိမိတ်လက္ခဏာများ ဣသရေလတစ်မျိုးလုံးမျက်မှောက်တွင်ပြသော လက်ရုံးတော်အားကြီး၍ ကြောက်မက်ဖွယ်တန်ခိုး များကိုထောက်လျှင် ထာဝရဘုရားတွေ့ဆိုင် သိကျွမ်းတော်မူရာ မောရှေကဲ့သို့ ထိုကာလကစ၍ ဣသရေလလူမျိုးတွင် ပရောဖက်တစ်ပါးမျှ မပေါ်မထွန်းချေ။