33
1 ဘုရားသခင့်လူယုံတော် မောရှေမကွယ်လွန်မီ ဣသရေလအမျိုးသားတို့အား ပေးခဲ့သော ကောင်းကြီးမင်္ဂလာအချက်ဟူမူကား၊
2 ထာဝရဘုရားသည် သိနာတောင်ကကြွလာ၍ စိရပြည်မှ လူမျိုးတော့်အပေါ်တွင် ထွန်းလင်း တော်မူ၏။ ပါရန်တောင်တန်းက ရောင်ခြည်တော်လွှတ်လျက်၊ ညာလက်တော်ကမီးတောက်ပ လျက်၊ သန့်ရှင်းသူကုဋေသင်္ချေေများမှ ပေါ်ထွန်းတော်မူ၏။
3 မြတ်းနိုးတော်မူသော အနွယ်များအနက် သန့်ရှင်းသူအပေါင်းတို့သည်၊ လက်တော်အောက်တွင် မြဲလျက်၊ ခြေတော်ရင်းတွင်ခစားလျက်၊ ဗျာဒိတ်တော်ကိုနာခံလျက်ရှိကြ၏။
4 မောရှေသည်၊ ယာကုပ်ပရိသတ်၏ပိုင်ရာအဖြစ်၊ ပညတ်တရားကိုထုတ်ဆင့်လေ၏။
5 ဣသရေလအနွယ်အပေါင်းတို့သည် အအုပ်အချုပ်တို့ပါစုရုံးကြရာ ထာဝရဘုရားလည်း ယေရှုရုန်၏ဘုရင်မင်းဖြစ်တော်မူ၏။
6 ရုဗင့်အနွယ်သည် မပျက်မသေ၊ ရှင်နေခွင့်ရပါစေသော။ သို့ရာတွင် လူဦးရေနည်းပါးစေသတည်း။
7 ယုဒအနွယ်ကိုရည်၍ ဖွဲ့ဆိုသည်မှာ၊ အိုထာဝရဘုရား၊ ယုဒတောင်းလျှောက်သံကို နားညောင်း၍ အမျိုးသားချင်းတို့နှင့်ဆည်းကပ်စေတော်မူပါ။ လူမျိုးတော့်အဖို့ ကိုယ့်လက်ရုံးဖြင့် တိုက်ခဲ့သည့်အလျောက် ရန်သူတို့တစ်ဘက်၌ စစ်ကူတော်မူပါဟူ၍တည်း။
8 လေဝိအနွယ်ကိုရည်၍ဖွဲ့ဆိုသည်မှာ ကိုယ်တော်၏သုမိမ်နှင့် ဥရိမ်သည် မဿာအရပ်၌စုံစမ်း တော်မူခြင်း၊ မေရိဘရေအနီးရန်ပြုတော်မူခြင်းကို ခံရသူ၊ ဘုရားတရားကြည်ညိုသူ၏အပိုင်ဖြစ် ပါစေသော။
9 ထိုအနွယ်သည်ညီအစ်ကိုချင်းတို့ကို မမှတ်၊ သားသမီးတို့ကိုမသိ၊ မိဘတို့ကိုငါမတွေ့မမြင်ရဟု ဆိုရာ ရောက်သည့်တိုင်အောင် ဗျာဒိတ်တော်ကို လျှောက်ခြင်း၊ ပဋိညာဉ်တော်ကိုစောင့်ခြင်းပြုလျက်၊
10 ယာကုပ်အမျိုးအား ဆုံးဖြတ်တော်မူချက်များကိုလည်းေကာင်း၊ ဣသရေလအမျိုးအား ပညတ်တရား တော်ကိုလည်းေကာင်း၊ သွန်သင်ရသည့်ပြင်၊ မျက်မှောက်တော်တွင်နံ့သာပေါင်း၊ ပူဇော်ရာပလ္လင်တော်ပေါ်တွင် မီးရှို့ရာသက္ကာများကို ဆက်ကပ်လေ့ရှိကြ၏။
11 အိုထာဝရဘုရား၊ ထိုအနွယ်၏စွမ်းရည်သတ္တိကို တိုးတက်စေလျက်၊ အပြုအမူကိုလည်း ငဲ့ကွက် တော်မူပါ။ မုန်းထား၍ရန်ဘက်ပြုသူတို့၏ခါးကို ထခွင့်မရစေခြင်းငှါ၊ ထုတ်ချင်းထိုးခုတ်တော်မူပါဟူ၍ တည်း။
12 ဗင်္ယာမိန့်အနွယ်ကို ရည်၍ ဖွဲ့ဆိုသည်မှာ ထာဝရဘုရားနှစ်သက်တော်မူသောသူသည် ဝန်းရံ တော်မူရာ၌ လုံခြုံစွာအစဉ်နေရ၏။ ကိုယ်တော်လည်း၊ သူ့ပခုံးကြားတွင် ကိန်းဝပ်တော်မူသည်ဟူ၍ တည်း။
13 ယောသပ်အနွယ်ကိုရည်၍ ဖွဲ့ဆိုသည်မှာ ၎င်းနယ်သည် ထာဝရဘုရားထံကောင်းကြီးမင်္ဂလာ ခံရပါစေသော။ မိုးကောင်းကင်အသီးမြတ်တည်းဟူသောနှင်းပေါက်၊
14 အောက်ရှိဝပ်ရာရေထု၊ နေရှိန်ကြောင့်ပေါ်ထွက်သောအသီးမြတ်၊ လရာသီကြောင့် ပေါ်ပေါက် သောအသီးမြတ်၊
15 တည်ဦးက တောင်ထိပ်နှင့်ရှေးမဆွက ကုန်းများရှိအသီးမြတ်၊
16 မြေကြီးနှင့်ကြွယ်ဝသမျှအသီးမြတ်များမှ မင်္ဂလာသည် ချုံတော်တွင် ကိန်းဝပ်သောအရှင်၏ ကျေးဇူးတော်နှင့်တကွ၊ ယောသပ်၏ဦးခေါင်းပေါ် ညီအစ်ကိုတို့အနက် အကြီးအကဲဖြစ်သူ၏ဦးထိပ် ပေါ်သို့ သက်ရောက်ပါစေသော။
17 နွားပေါက်သဖွယ်သားဦးသည် ဘုန်းအသရေနှင့်ပြည့်စုံ၍ မြေကြီးအစွန်းထိ လူအမျိုးမျိုးကို စိုင်ဦးချိုများဖြင့် တစ်ပြိုင်နက်ခတ်ဝှေ့လေ၏။ ထိုသူတို့သည် ဧဖရိမ်၏သောင်းတပ်၊ မနာရှေ၏ထောင် တပ်များဖြစ်ကြသည်ဟူ၍တည်း။
18 ဇာဗုလုန့်အနွယ်ကိုရည်၍ ဖွဲ့ဆိုသည်မှာ အိုဇာဗုလုန်၊ ဖောက်ကားမှုကြောင့်လည်းေကာင်း၊ အိုဣသခါ၊ နေထိုင်မှုကြောင့်လည်းေကာင်း၊ ရွှင်လန်းကြလော့။
19 ထိုအနွယ်များသည် သမုဒ္ဒရာစည်းစိမ်နှင့် သဲသောင်သိုက်ဘဏ္ဍာကို ညှစ်ယူသည့်လျောက် လူမျိုးများကို တောင်ပေါ်သို့ခေါ်ပင့်၍ ဖြောင့်မတ်ခြင်းပူဇော်ရာသက္ကာများကို ဆက်ကပ်လေ့ရှိကြ သည်ဟူ၍တည်း။
20 ဂဒ်အနွယ်ကိုရည်၍ဖွဲ့ဆိုသည်မှာ ဂဒ်နယ်ကိုကျယ်ဝန်းစေသောအရှင်သည် မင်္ဂလာရှိတော်မူပါ စေသော။ ထိုအနွယ်သည် သီဟသဖွယ်အောင်းလျက်၊ လက်မောင်းနှင့်ဦးထိပ်များကို ကိုက်စားတတ် ၏။
21 အာဏာရှင်၏ပိုင်စုကိုခွဲခြားပြီးဖြစ်သည့်အလျောက်၊ အထူးအမြတ်ကို ကိုယ့်အဖို့ရွေးချယ်ပြီး လျှင်၊ လူမျိုးတော်၏အအုပ်အချုပ်တို့နှင့်တကွ ချီဝင်၍ ဣသရေလလူမျိုး၌ ထာဝရဘုရားဆုံးဖြတ် တော်မူရာတရားချက်များကို စီရင်လေပြီဟူ၍တည်း။
22 ဒန့်အနွယ်ကိုရည်၍ ဖွဲ့ဆိုသည်မှာ ဒန်သည် ဗာရှန်ပြည်ကခုန်လွှားသောခြင်္သေ့ပျိုသဖွယ်ဖြစ် သည်ဟူ၍တည်း။
23 နဿလိအနွယ်ကိုရည်၍ ဖွဲ့ဆိုသည်မှာ ထာဝရဘုရားထံမင်္ဂလာကျေးဇူးတော်နှင့် ပြည့်ဝရောင့် ရဲသောအိုနဿလိ၊ အိုင်ကြီးနှင့်အောက်အကြေပါပိုင်ယူလော့ဟူ၍တည်း။
24 အာရှာ့အနွယ်ကိုရည်၍ ဖွဲ့ဆိုသည်မှာ အာရှာသည်သားအပေါင်းတို့အနက် မင်္ဂလာတော်ကိုခံ၍ ညီအစ်ကိုချင်းတို့ရှေ့မျက်နှာရလျက်၊ ဆီတွင်ခြေနှစ်ခွင့်ရပါစေသော။
25 မင်းထုပ်လည်း သံကြေးများဖြင့်ပြီးလျက်၊ တာရှည်သည်နှင့်အမျှ ခွန်အားဗလရပါစေသော ဟူ၍တည်း။
26 အိုယေရှုရုန်၊ သင်တို့အား စစ်ကူရန်အာကာသကောင်းကင်ကို ဘုန်းအာနုဘော်တော်နှင့်တကွ၊ စီးကြွတော်မူသော ဘုရားသခင်နှင့် ဂုဏ်ရည်တူမည်သူမျှမရှိချေ။
27 ရှေးမဆွက၊ ဘုရားသခင်သည် ခိုလှုံရာဖြစ်သည့်အလျောက်၊ လက်ရုံးတော်ဖြင့်ကာလအစဉ် ထောက်ပင့်တော်မူ၏။ ပယ်ရှားလော့ဟု မိန့်တော်မူလျက် ရန်သူတို့ကိုသင်တို့ရှေ့ကနှင်ထုတ်တော် မူသည့်အတိုင်း၊
28 ဣသရေလလူမျိုး၊ ယာကုပ်အစဉ်အဆက်တို့သည် မိုးကောင်းကင်မှနှင်းကျရာ၊ ဆန်စပါး စပျစ်ရည်ပေါများရာပြည်တွင် အသီးအခြားလုံခြုံစွာနေထိုင်ခွင့်ရှိကြ၏။
29 အိုဣသရေလလူမျိုး၊ သင်တို့၌မင်္ဂလာရှိ၏။ စစ်ကူရန်ဒိုင်းလွှား၊ ဂိုဏ်;တင်ရန်ဓားသဖွယ်ဖြစ် သောထာဝရဘုရားကြောင့်၊ အောင်မြင်ရာရောက်ကြပြီးသောသင်တို့နှင့် မည်သည့်လူမျိုးတူသနည်း။ သင်တို့ထံကျိုးနွံဟန်ဆောင်ကြမည့် ရန်သူတို့၏မြင့်မြတ်ရာများ၌ ခြေနင်းခွင့်ရကြလိမ့်တကားဟု ဖွဲ့ဆိုသတည်း။