ယောရှုအတ္ထုပ္ပတ္တိကျမ်း
1
1 ထာဝရဘုရား၏ကျွန်တော်ရင်း မောရှေကွယ်လွန်ပြီးနောက်၊ နုန့်သား၊ တပည့်ယောရှုအား ထာဝရဘုရားက၊
2 ငါ့ကျွန်ရင်းမောရှေကွယ်လွန်လေပြီ။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည် ရောက် သင်နှင့်တကွလိုက်ရှိသူအပေါင်းတို့ပါ၊ ထ၍ ဤယော်ဒန်မြစ်ကို ကူးကြလော့။
3 မောရှေအား ငါကတိထားခဲ့သည့်အတိုင်း သင်တို့ခြေချရာ အရပ်ရပ်ကိုငါပေးပြီ။
4 သဲကန္တာရမှ ထိုလေဗနုန်တောင်ထိ၊ ဥဖရတ်မြစ်ကြီးမှအနောက်ဘက်ရှိမြေထဲပင်လယ်ကမ်းခြေ အထိ၊ ဟိတ္တိပြည်တစ်ေလျှာက်သင်တို့ပြည်ထောင်ဖြစ်လိမ့်မည်။
5 သင့်အသက်တာကာလပတ်လုံး၊ မည်သူမျှသင့်ရှေ့၌ မခံရပ်နိုင်ရာ။ ငါသည်မောရှေနှင့်အတူရှိ သကဲ့သို့ သင်နှင့်အတူရှိလတ္တံ့။ မည်သည့်အခါမျှ စွန့်ထားမည်မဟုတ်။
6 ဘိုးဘေးတို့အားပေးမည်ဟုငါသစ္စာဆိုခဲ့သောပြည်ကို ဤလူမျိုးအား အပိုင်ပေးခွင့်ရမည်ဖြစ် သောကြောင့် အားယူ၍ရဲရင့်လော့။
7 သို့ရာတွင် ကြံတိုင်းအောင်ဆောင်တိုင်းမြောက်ရန် ငါ့ကျွန်ရင်းမောရှေမှာထားခဲ့သော ပညတ် တရားကို ဝဲယာသို့မယိမ်းမယိုင်ဘဲ၊ စောင့်ရှောက်လိုက်နာအံ့သောငှာ၊ အတိုင်းထက်အလွန်ရဲရင့်၍ အားယူလော့။
8 ထိုပညတ္တိကျမ်းတွင်ပါရှိသမျှအတိုင်း စောင့်ရှောက်လိုက်နာနိုင်ရန်လည်း နေ့ညဉ့်မဟူဖတ်ရွတ် ဆင်ခြင်လော့။ သို့မှခရီးမှုထမြောက်၍ ကြံတိုင်းအောင်လိမ့်မည်။
9 မိန့်မှာသောအရှင်ကား၊ ငါပင်မဟုတ်လော။ အံ့အားသင့်ခြင်း၊ တုန်လှုပ်ခြင်းကင်းလျက်၊ အားယူ ၍ရဲရင့်လော့။ သွားလေရာရာသင့်ဘုရားသခင် ငါထာဝရဘုရားပါရှိသည်ဟု မိန့်တော်မူ၏။
10-11 ထိုအခါ ဗိုလ်မှူးတို့အား ယောရှုက၊ သင်တို့ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူ သောပြည်ကို ဝင်ရောက်ပိုင်ယူခြင်းငှာ၊ သုံးရက်အတွင်း ဤယော်ဒန်မြစ်ကိုကူးချီရမည်ဖြစ်၍ ရိက္ခာ ကိုပြင်ဆင်ကြစေရန်၊ တပ်တစ်ေလျှာက်လိုက်သွားဆင့်ဆိုကြလော့ဟု မိန့်မှာလေ၏။
12 ရုဗင့်အနွယ်၊ ဂဒ်အနွယ်သားတို့နှင့်၊ မနာရှေ့အနွယ်တစ်ဝက်တို့အား၊
13 ယောရှုက၊ ဤပြည်နယ်ကိုသင်တို့ဘုရားသခင်ထာဝရဘုရားပေးသနား၍ သင်တို့ရန်ငြိမ်းစေ တော်မူသည်ဟူသော၊ ထာဝရဘုရား၏ကျွန်တော်ရင်း မောရှေမိန့်မှာချက်ကို သတိရကြလော့။
14 မိန်းမများ၊ သူငယ်များနှင့်တကွ တိရစ္ဆာန်ပါ ယော်ဒန်မြစ်ဤဘက်၌ မောရှေနေခဲ့သောပြည် နယ်တွင်နေစေလျက်၊ သင်တို့အနက်စစ်ခေါင်းမာသူအပေါင်းတို့မှာ၊ ဆွေမျိုးသားချင်းရှေ့၊ လက်နက်စွဲကိုင်၍ ကူးချီစစ်ကူကြစေ။
15 သင်တို့အား ရန်ငြိမ်းခွင့်ကို ထာဝရဘုရားပေးတော်မူသည့်နည်းတူ၊ သင်တို့ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသောပြည်ကို ဆွေမျိုးသားချင်းတို့လည်း အပိုင်ရလျက် ရန်ငြိမ်းခွင့်ရှိ ကြပြီးမှ၊ နေထွက်ရာအရပ်၊ ယော်ဒန်မြစ်ဤဘက်၊ ထာဝရဘုရား၏ကျွန်တော်ရင်းမောရှေဝေခဲ့သော ပိုင်ရာပြည်နယ်သို့ပြန်ရောက်ပိုင်ယူခွင့်ရကြမည်ဟု မိန့်ဆိုလျှင်၊
16 သူတို့က၊ မိန့်မှာသမျှပြုပါမည်။
17 စေလွှတ်ရာသို့သွားပါမည်။ အရာရာ၌မောရှေ၏မိန့်ချက်ကို နားထောင်ခဲ့သည့်နည်းတူ ကိုယ် တော့်မိန့်ချက်ကိုလည်း နားထောင်ပါမည်။ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည်၊ မောရှေ နှင့်အတူရှိသကဲ့သို့၊ ကိုယ်တော်နှင့်အတူရှိတော်မူပါစေသော။
18 အရာရာ၌မိန့်ဆိုချက်ကို မလိုက်မနာ၊ ဖီဆန်သူမည်သူမဆို သေဒဏ်ခံပါမည်။ အားယူ၍ရဲရင့် တော်မူပါဟု ယောရှုထံဝန်ခံကြကုန်၏။