29
1 ဟောရပ်တောင်တွင် ဣသရေလအမျိုးသားတို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်တော်ပြင် မောဘပြည်၌ ထပ်ဖွဲ့စေရန်၊ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသော ပဋိညာဉ်ချက်များကား ထိုသို့တည်း။
2-4 မောရှေသည် ဣသရေလတစ်မျိုးလုံးကိုခေါ်၍ မိန့်ဆိုသည်မှာ နားလည်ရန်စိတ်၊ သိမြင်ရန် မျက်စိ၊ ကြားနာရန်နားများကို ယနေ့တိုင်အောင် ထာဝရဘုရားပေးတော်မမူသော်လည်း ဖာရောမင်း မှစ၍ ကျေးကျွန်သင်းပင်း၊ ပြည်သူပြည်သားအပေါင်းတို့အား သင်တို့ရှေ့၊ အိဂျစ်ပြည်တွင် ထာဝရ ဘုရားစီရင်တော်မူခဲ့သမျှသော မဟာစုံစမ်းခြင်းနှင့် သက်သေနိမိတ်လက္ခဏာကြီးများကို ဒိဋ္ဌမြင်ရ ကြလေပြီ။
5-6 ငါထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြစေခြင်းငှါ၊ ကိုယ်ဝတ်သောအဝတ်၊ ခြေစီးရာဖိနပ်နွမ်းရိခြင်း၊ မုန့်မှစ၍ စပျစ်ရည်နှင့်သေရည်သေရက်ကို သုံးဆောင်ခြင်းကင်းလျက်၊ နှစ်ပေါင်း လေးဆယ်ကာလပတ်လုံး၊ သဲကန္တာရတစ်လှေျာက် ငါပို့ဆောင်ခဲ့ပြီ။
7 ဤနေရာသို့ရောက်လာကြသောအခါလည်း၊ ငါတို့အား ဆီးဆို့စစ်တိုက်ရန် ချီထွက်ကြသော ဟေရှဘုန်မြို့စံရှိ ဟုန်မင်း၊ ဗာရှန်ပြည့်ရှင်သြဃမင်းတို့ကို ငါတို့လုပ်ကြံ၍
8 ချင်းတို့ပြည်နယ်ကို သိမ်းယူပြီးလျှင်၊ ရုဗင့်အနွယ်၊ ဂဒ်အနွယ်သားတို့နှင့် မနာရှေ့အနွယ် တစ်ဝက်အား၊ အပိုင်ပေးကြ၏။
9 သို့နှင့်အညီ၊ သင်တို့ပြုလေရာရာ၌ အကြံထမြောက်ခွင့်ရကြအံ့သောငှါ၊ ဤပဋိညာဉ်ချက်များကို စောင့်ရှောက်လိုက်နာကြလော့။
10-11 ယနေ့၌ဣသရေလအမျိုးသား သင်တို့အပေါင်းသည် အနွယ်အအုပ်အချုပ်၊ လူကြီး၊ ဗိုလ်မှူး၊ သားမယားများနှင့်တကွ ထင်းခွေသူ၊ ရေခပ်သူမှစ၍ တပ်စားခန်းအတွင်းဝင်နေသူတို့ပါ၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားရှေ့ ခစားကြသည့်အကြောင်းကား၊
12-13 ဘိုးဘေးဖြစ်သူအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား သစ္စာဆိုခြင်း၊ သင်တို့အားလည်းကတိ ထားခြင်း၊ ထာဝရဘုရားပြုတော်မူခဲ့သည့်အတိုင်း၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော် တိုင့်အဖို့ သင်တို့ကိုလူမျိုးတော်အဖြစ် တည်စေတော်မူသည့်ပြင်၊ သင်တို့ဘုရားသခင်ဖြစ်တော်မူအံ့ သောငှါ၊ ယနေ့သင်တို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်တော်၊ သစ္စာတော်ကို အကျုံးဝင်ကြရန် ဖြစ်သတည်း။
14-15 သင်တို့နှင့်သာမဟုတ်။ ငါတို့ဘုရားသခင်ထာဝရဘုရားရှေ့ ယနေ့ပါဝင်ရပ်နေသောသူတို့ မှတစ်ပါး၊ မပါသောသူတို့နှင့်လည်း ထိုပဋိညာဉ်တော်၊ သစ္စာတော်ကို ငါဖွဲ့၏။
16 သင်တို့မှာမူ၊ အိဂျစ်ပြည်၌ငါတို့အနေအထိုင်ကိုလည်းေကာင်း၊ လူမျိုးခြားတို့နယ်တစ်လျှောက်အဖြတ် အသန်းကိုလည်းေကာင်း၊ သိမှတ်ကြသည့်ပြင်၊
17 စက်ဆုပ်ဖွယ်ရာဖြစ်သောချင်းတို့ရွှေ၊ ငွေ၊ ကျောက်၊ သစ်သားဆင်းတုများကို မြင်ဖူးကြ လေပြီ။
18-19 သို့ဖြစ်လျက်၊ ငါတို့ဘုရားသခင်ထာဝရဘုရားထံမှ ယနေ့စိတ်ေဖာက်ပြန်၍၊ ဆိုခဲ့သည့်လူ မျိုးတို့ဘုရားများေနာက်လိုက်သွားဝတ်ပြုသူ၊ အခါးအဆိပ်ကိုဖြစ်ပွားစေသောအမြစ်သဖွယ်ဖြစ်သူ၊ ငါသည်စိတ်ခိုင်မာစွာလိုက်ေလျှာက်လျက်၊ ခြောက်သွေ့ရာ၊ စိမ်းလန်းရာကို ပယ်ဖျက်သော်လည်း ဘေးကင်းလိမ့်မည်ဟု ယခုအမင်္ဂလာစကားကိုကြားရာတွင် ဝင့်ဝါအောက်မေ့သူ၊ ယောက်ျား၊ မိန်းမ၊ အိမ်ထောင်၊ အနွယ်မရှိစေခြင်းငှါ သတိမူကြလော့။
20 ထာဝရဘုရားသည်၊ ထိုသို့သောသူ့အားချမ်းသာပေးလိုသောသဘောတော် ကင်းလျက်၊ မရှုဆိတ် ခြင်းနှင့် ဒေါသမီးတောက်သဖြင့်၊ ဤကျမ်းတွင် ပါရှိသမျှ အမင်္ဂလာကို သင့်စေလျက်၊ ကောင်းကင် အောက်မှအမည်ပါ ချေဖျောက်တော်မူမည့်ပြင်၊
21 ဤပညတ္တိကျမ်းတွင်ပါရှိသော ပဋိညာဉ်တော်ဆိုင်ရာအမင်္ဂလာအချက်ချက်အရ၊ ထိုသူ့ကို ဣသရေလအနွယ်အပေါင်းတို့နှင့် ခွဲခြား၍၊ ဘေးသင့်စေတော်မူလိမ့်မည်။
22-23 နောင်ကာလ၌၊ ထာဝရဘုရားစွဲကပ်စေတော်မူသော အနာရောဂါနှင့် ဘေးများကိုလည်းေကာင်း၊ အမျက်ဒေါသထားသဖြင့် ဖြိုလှဲတော်မူခဲ့သော သောဒုံ၊ ဂေါမောရ၊ အာဒမာ၊ ဇေဘိုင်မြို့များနည်းတူ မျိုးကြဲခြင်း၊ ပျိုးပင်မြက်ပင်ပေါက်ခြင်းမရှိသည့်တိုင်အောင်၊ လောင်မီးကျပြီး ကန့်ဆားပြာအဖြစ် ပြည်လုံးကျွတ်ပြိုလဲသည်ကိုလည်းေကာင်း၊ ဖြစ်လတ္တံ့သောအဆက် သင်တို့သားသမီးများနှင့် ဝေးကွာရာပြည်မှ ရောက်အံ့သောလူမျိုးခြားတို့မှစ၍
24 လူအမျိုးမျိုးတို့မြင်ကြရာ၊ ထိုနည်းအတိုင်း ဤပြည်၌ထာဝရဘုရားစီရင်တော်မူခြင်း၊ မဟာဒေါသမီးလောင်ရခြင်းကား၊ အသို့နည်းဟုမေးကြလျှင်၊
25 ထိုလူမျိုးသည် အိဂျစ်ပြည်မှထုတ်ဆောင်တော်မူသည့်ကာလ၊ ဘိုးဘေးတို့ဘုရားသခင် ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်တော်ကို စွန့်ပယ်ကြသည့်ပြင်၊
26 ဝေဖန်တော်မူခြင်းကင်းလျက် မသိဘူးသောအခြားဘုရားများနောက် လိုက်သွားဝတ်ပြုရှိခိုး ကြသောကြောင့်
27 ဤပြည်၌အမျက်တော်ထားသဖြင့်၊ ဤကျမ်းတွင်ပါရှိသမျှအမင်္ဂလာကို သင့်စေတော်မူသည့် အလျောက်၊
28 ထာဝရဘုရားသည်၊ ဒေါသအရှိန်နှင့်မဟာအမျက်တော်ထားလျက်၊ ထိုလူမျိုးကိုနေပြည်မှဆွဲ နုတ်ပြီးလျှင်၊ ယခုဖြစ်သည့်အတိုင်း အခြားပြည်ရောက်ပယ်ပစ်တော်မူသည်တကားဟု တုံ့ပြန်ကြလိမ့် မည်။
29 ကွယ်ဝှက်သောအရေးအရာများသည်၊ ငါတို့ဘုရားသခင်ထာဝရဘုရားဆိုင်တော်မူရာဖြစ်၏။ ေဖာ်ပြပြီး အရေးအရာများကား၊ ဤပညတ်တရားချက်ဟူသမျှကို လိုက်နာကြရအံ့သောငှါ ငါတို့မှစ၍ သားစဉ်မြေးဆက်တို့ဆိုင်ရာဖြစ်သတည်း။