28
သင်တို့သည် ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ ဗျာဒိတ်တော်သံကို နာခံနာယူလျက်၊ ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်များကို စောင့်ရှောက်လိုက်နာကြလျှင်၊ မြေပေါ်ရှိလူမျိုးတကာထက် သင်တို့ဘုရားသခင်ထာဝရဘုရားချီးမြှင့်တော်မူလိမ့်မည်။ သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဗျာဒိတ်တော်သံကို ထိုသို့နာခံကြလျှင်၊ ထက်ကြပ်သက် ရောက်လတ္တံ့သောမင်္ဂလာများကား မြို့တွင်းမြို့ပြင်အနှံ့အပြား၌၊ မင်္ဂလာရှိလိမ့်သတည်း။ သားသမီးတို့မှစ၍၊ မြေအသီးအနှံနှင့် နွား၊ သိုး၊ ဆိတ်၊ ပေါက်ဘွားသောသားငယ်များ၌ မင်္ဂလာ ရှိလိမ့်သတည်း။ တင်းတောင်း၊ အိုးခွက်များ၌ မင်္ဂလာရှိလိမ့်သတည်း။ ချီဝင်ခြင်း၊ ချီထွက်ခြင်း၌ မင်္ဂလာရှိလိမ့်သတည်း။ ထာဝရဘုရားစီရင်တော်မူသည့်အတိုင်း၊ တိုက်ခိုက်ရန်တစ်လမ်းတည်းချီလာသော ရန်သူတို့သည် သင်တို့ရှေ့ရှုံးသဖြင့် လမ်းခုနစ်သွယ်ဆုတ်ပြေးကြရလတ္တံ့။ ထာဝရဘုရားသည် ကျီသွင်းရာမှစသော ပြုလေရာရာ၌ မင်္ဂလာကိုစီမံလျက် သင်တို့ဘုရားသခင် ထာဝရဘုရားပေးသနားသောပြည်တွင် ကောင်းကြီးပေးတော်မူလတ္တံ့။ ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ပညတ်တော်များကို စောင့်ထိန်းလျက် နည်းလမ်းတော်များ၌ သင်တို့လိုက်ေလျှာက်ကြသော်၊ ထာဝရဘုရားသည် သစ္စာဆိုတော်မူခဲ့သည့်အတိုင်း၊ ကိုယ်တော်တိုင် အဖို့ သီးသန့်သောလူမျိုးအဖြစ်တည်စေတော်မူမည့်အလျောက်၊ 10 ထာဝရဘုရား၏နာမတော်ဖြင့် သမုတ်ခံကြသည်ကို ထောက်၍၊ မြေပေါ်ရှိ လူအမျိုးမျိုးတို့ သည် သင်တို့ကိုကြောက်ရွံ့ကြလတ္တံ့။ 11 ပေးမည်ဟူ၍ ဘိုးဘေးတို့အား ထာဝရဘုရားသစ္စာဆိုတော်မူခဲ့သောပြည်တွင် သားသမီးတို့မှ စသော တိရစ္ဆာန်၏သားငယ်နှင့် မြေအသီးအနှံ၊ စည်းစိမ်ချမ်းသာအများအပြားကိုပေးတော်မူလတ္တံ့။ 12 ထာဝရဘုရားသည်၊ မိုးကောင်းကင်ဘဏ္ဍာတိုက်မြတ်ကို ဖွင့်ထားလျက်၊ ရာသီအလျောက် မိုးရွာစေ၍၊ ပြုလေရာရာကောင်းကြီးမင်္ဂလာပေးတော်မူသဖြင့်၊ သင်တို့သည်၊ မြောက်မြားသော လူမျိုးတို့ထံ ချေးယူခြင်းကင်းလျက်၊ ချေးငှါးရကြလတ္တံ့။ 13-14 ယနေ့ငါဆင့်ဆိုသောအချက်များမှ ဝဲယာသို့ယိမ်းယိုင်ခြင်း၊ အခြားဘုရားများနောက် လိုက်ေလျှာက်ဝတ်ပြုခြင်းမရှိဘဲ ယနေ့ငါဆင့်ဆိုသောသင်တို့ဘုရားသခင်ထာဝရဘုရား၏ ပညတ် တော်များကို နားထောင်စောင့်ရှောက်လိုက်နာကြသော်၊ သြဇာမလျော့၊ တိုးတက်အောင် အမြီး မဟုတ်၊ ဦးခေါင်းအဖြစ် ထာဝရဘုရားထားတော်မူလတ္တံ့။
15 သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဗျာဒိတ်တော်သံကိုနားမထောင်၊ ယနေ့ငါဆင့်ဆိုသမျှ သောမိန့်မှာထုံးဖွဲ့တော်မူချက်များကို မစောင့်ရှောက်မလိုက်နာကြလျှင်၊ ထက်ကြပ်သင့်ရောက်လတ္တံ့ သောအမင်္ဂလာများကား၊ 16 မြို့တွင်းမြို့ပြင်အနှံ့အပြား၌၊ အမင်္ဂလာရှိလိမ့်သတည်း။ 17 တင်းတောင်း၊ အိုးခွက်များ၌ အမင်္ဂလာရှိလိမ့်သတည်း။ 18 သားသမီးတို့မှစ၍၊ မြေအသီးအနှံနှင့် နွား၊ သိုး၊ ဆိတ်၊ သားငယ်များ၌ အမင်္ဂလာရှိလိမ့် သတည်း။ 19 ချီဝင်ခြင်း၊ ချီထွက်ခြင်း၌ အမင်္ဂလာရှိလိမ့်သတည်း။ 20 ကိုယ်တော်ကိုစွန့်ပယ်လျက် ဆိုးသွမ်းစွာပြုကျင့်ကြသည်ကို ထောက်၍၊ ထာဝရဘုရားသည်၊ သင်တို့အဆောတလျင်ပျက်စီးပပျောက်ကြသည့်တိုင်အောင် ပြုမူကြံစည်ရာရာ၌ ကျိန်စာထိခြင်း၊ ဆုံးရှုံးခြင်း၊ နှိပ်ကွပ်ခြင်းများကို သင့်ရောက်စေသည့်ပြင်၊ 21 ဝင်ရောက်ပိုင်ယူသောပြည်နယ်မှ ကုန်ခန်းသည့်တိုင်အောင်၊ ရောဂန္တရကပ်စွဲမြဲစေတော်မူ လတ္တံ့။ 22 ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် အဆုတ်နာ၊ ဖျားနာ၊ ဒဟတေေဇာနာ၊ ကျောက်နာများနှင့် ဒုဗ္ဘိက္ခန္တရကပ်၊ ဟဝါယောကပ်၊ ပုလုဝကကပ်များသည် သင်တို့မပျက်မချင်းထက်ကြပ်ရောက်လတ္တံ့။ 23 သင်တို့ဦးခေါင်းထက်ရှိ မိုးပြင်သည် ကြေးကဲ့သို့လည်းေကာင်း၊ အောက်ရှိမြေပြင်သည် သံကဲ့သို့လည်းေကာင်း၊ ဖြစ်လျက်၊ 24 ထာဝရဘုရားသည် သင်တို့ပြည်တွင် မိုးရေကိုမြူမုန့်ဖြစ်ပြန်စေတော်မူ၍ သင်တို့မပျက် မချင်း ကောင်းကင်မှရွာကျလတ္တံ့။ ထာဝရဘုရားစီရင်ေတာ်မူသည့်အတိုင်း၊ 25 တစ်လမ်းတည်းချီသွားသောသင်တို့သည် ရန်သူတို့ရှေ့ရှုံးသဖြင့် လမ်းခုနစ်သွယ်ဆုတ်ပြေး လျက်၊ မြေပေါ်ရှိတိုင်းနိုင်ငံအရပ်ရပ်တွင် ထိတ်လန့်ဖွယ်အကြောင်း ဖြစ်ကြလတ္တံ့။ 26 မောင်းနှင်သူကင်းလျက်၊ လေသတ္တဝါ၊ မြေသတ္တဝါအမျိုးမျိုးသည် သင်တို့အလောင်းများကို ကိုက်စားကြလတ္တံ့။ 27 ထာဝရဘုရားသည် ကုသ၍မရသော၊ အိဂျစ်အနာဆိုး၊ ဘင်နာ၊ ယားနာ၊ ဒက်နာများဖြင့်လည်းေကာင်း၊ 28 ရူးသွပ်နာ၊ ဉာဏ်စက္ခုကွယ်နာ စိတ်တွေဝေနာများဖြင့်လည်းေကာင်း၊ ဒဏ်ခတ်တော်မူသည်နှင့် 29 သင်တို့သည် မှောင်အတိ၌စမ်းယမ်းရသောမျက်မမြင်တို့နည်းတူ၊ မွန်းတည့်အချိန်စမ်းယမ်း လျက် အကြံထမြောက်ခြင်းကင်းလျက်၊ ကယ်မသူမရှိဘဲ တစ်သက်ပတ်လုံးအညှဉ်းအပန်းအလုအ ယက်ကိုသာခံရကြလတ္တံ့။ 30 မိန်းမကိုမှန်းထားသော်လည်း၊ ပေါင်းသင်းခွင့်ကိုလည်းေကာင်း၊ တိုက်အိမ်ကိုတည်ဆောက်သော်လည်း၊ နေထိုင်ခွင့်ကိုလည်းေကာင်း၊ စပျစ်ခြံကိုစိုက်ပျိုးသော်လည်း၊ သုံးစားခွင့်ကိုလည်းေကာင်း၊ ရကြမည်မဟုတ်။ 31 ကိုယ်ပိုင်နွားကို ရှေ့တွင်သတ်လျက်၊ စားခွင့်ကိုလည်းေကာင်း၊ ကိုယ်ပိုင်မြည်းကိုမျက်မြင်လုလျက်၊ ပြန် ယူခွင့်ကိုလည်းေကာင်း၊ လုပ်ကြမည်မဟုတ်။ ကယ်မသူမရှိဘဲ၊ သိုးဆိတ်များလည်း ရန်သူတို့လက်တွင်းသို့ ရောက်ကြလတ္တံ့။ 32 သင်တို့သားသမီးများသည် လူမျိုးခြားလက်တွင်းသို့ရောက်ကြရာ၊ နေ့စဉ်မပြတ်လွမ်းဆွတ် ေမှျာ်ကြည့်၍ သင်တို့မျက်စိအားကုန်သော်လည်း လက်ရုံးရည်မရှိချေ။ 33 မြေအသီးအနှံနှင့် ချွေးနှဲစာဟူသမျှကို သင်တို့မသိဘူးသော လူမျိုးခြားစားမျိုကြသည့်အခိုက်၊ သင်တို့သည်တစ်သက်ပတ်လုံးအညှဉ်းအပန်းအနှိပ်အစက်ခံရလျက်၊ 34 ဒိဋ္ဌရှုမြင်ရသောထိုအခြင်းအရာများအတွက် ရူးသွပ်ကြလတ္တံ့။ 35 ထာဝရဘုရားသည် သင်တို့ဒူးနှင့်ခြေသလုံးများပြင်၊ ခြေဖဝါးမှဦးထိပ်တိုင်အောင်၊ ကုသ၍မရ သောအနာဆိုးဘေးကို သင့်စေတော်မူလတ္တံ့။ 36 မြှောက်ကြမည့်မင်းနှင့်တကွ သင်တို့ကို ဘိုးဘေးမှစ၍ သင်တို့ကိုယ်တိုင်မသိဘူးသောလူမျိုး ခြားလက်တွင်းသို့၊ ထာဝရဘုရားရောက်စေတော်မူမည့်အလျောက်၊ ကျောက်၊ သစ်သားဖြင့် လုပ်သော အခြားဘုရားများကို ဝတ်ပြုရမည့်သင်တို့သည် 37 ထာဝရဘုရားသိမ်းသွားတော်မူရာ လူအမျိုးမျိုးတို့တွင် အံ့အားသင့်ရာ၊ ပုံခိုင်းရာ ပြောင်လှောင် ရာဖြစ်ကြလတ္တံ့။ 38 လယ်တွင်မျိုးအများအပြားကျသော်လည်း၊ ကျိုင်းကောင်ဖျက်သောကြောင့်၊ အနည်းငယ်သာ ကျီသွင်းခွင့်ကိုလည်းေကာင်း၊ 39 စပျစ်ခြံများကို စိုက်ပျိုးပြုစုသော်လည်း၊ ပိုးစားသောကြောင့်၊ အသီးဆွတ်ခွင့်၊ 40 အရည်သောက်ခွင့်ကိုလည်းေကာင်း၊ ပြည်နယ်အနှံအပြားတွင် သံလွင်ပင်ပေါများသော်လည်း၊ သီးကင်း ကြွေကျသောကြောင့်၊ ဆီလိမ်းခွင့်ကိုလည်းေကာင်း၊ 41 သားသမီးများကိုမွေးဖွားသော်လည်း၊ သုံ့ဘမ်းပါသွားသောကြောင့်၊ အတူနေခွင့်ကိုလည်းေကာင်း၊ ရကြမည်မဟုတ်။ 42 ကိုယ်ပိုင်သစ်ပင်အမျိုးမျိုးနှင့် မြေအသီးအနှံသည် ကျိုင်းစာဖြစ်လတ္တံ့။ 43-44 သင်တို့ဘောင်၌ရှိသောဝင်နေသူတို့သည်၊ သင်တို့ထံချေးယူခြင်းကင်းလျက် ချေးငှါးရသည့် အလျောက်၊ အစဉ်တစိုက်ဦးခေါင်းအဖြစ်ရောက်အောင် တိုးတက်ရာတွင် သင်တို့မှာမူ၊ အမြီးအဖြစ် ရောက်အောင်၊ သြဇာလျော့၍ဆုတ်ယုတ်ကြလတ္တံ့။ 45 သင်တို့သည် ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ဗျာဒိတ်တော်သံကိုနားမထောင်၊ မိန့်မှာတော် မူခဲ့သောထုံးဖွဲ့ချက်နှင့် ပညတ်တော်များကို မစောင့်ရှောက်ကြသော်၊ ထိုသို့သောအမင်္ဂလာဟူသမျှ သည်၊ သင်တို့ပပျောက်သည့်တိုင်အောင်၊ ထက်ကြပ်လိုက်မှီသင့်ရောက်မည့်ပြင်၊ 46 သင်တို့မှစ၍ မျိုးစဉ်နွယ်ဆက်အပေါ်တွင် သက်သေနိမိတ်လက္ခဏာအဖြစ် တည်လိမ့်သတည်း။
47 စည်းစိမ်ချမ်းသာကြွယ်ဝလျက်ပင်၊ သင်တို့ဘုရားသခင်ထာဝရဘုရား၏ အမှုတော်ကို စိတ်စေတနာ နှင့် အားရရွှင်လန်းစွာ မဆောင်ရွက်သောကြောင့်၊ 48 သံထမ်းပိုးတင်သည့်အတိုင်း၊ သင်တို့ကိုပယ်ရှားတော်မမူမချင်း၊ ထာဝရဘုရားစေလွှတ်တော် မူမည့် ရန်သူတို့အမှုကို မွတ်သိပ်ရေငတ်လျက်၊ အဝတ်မှစသောအရာရာမဲ့လျက် ထမ်းရကြလတ္တံ့။ 49-50 ထာဝရဘုရားသည် သင်တို့နားမလည်သည့်ဘာသာစကားသုံးသောလူမျိုး၊ အိုသူပျိုသူ တို့ကို ညှာတာ စာနာခြင်းကင်းလျက် ရက်စက်စွာမျက်နှာထားသောလူမျိုးကို ဝေးကွာရာမြေကြီး စွန်းမှ၊ လင်းယုန် သုတ်သည့်နည်းတူ၊ ချီလာစေတော်မူမည့်အလျောက် သင်တို့ကိုပယ်ရှား ဖျက်ဆီးသည့်တိုင်အောင်၊ 51 ဆန်စပါး၊ စပျစ်ရည်၊ ဆီမှစ၍၊ နွား၊ သိုး၊ ဆိတ်၊ သားငယ်များကိုမချန်ဘဲ၊ သားယဉ်များနှင့်တကွ၊ မြေအသီးအနှံကို စားမျိုကြလတ္တံ့။ 52 သင်တို့ဘုရားသခင်ထာ၀ရဘုရား ပေးသနားတော်မူသောပြည်တစ်ဝှမ်းလုံးအတွင်း၊ သင်တို့ခိုလှုံရာ ခံတပ်မြို့ရိုးမြင့်များ မပြိုမချင်း၊ မြို့ရှိသမျှကို ရန်သူတို့ဝန်းဝိုင်းပိတ်ဆို့ကြသဖြင့်၊ 53 ကျပ်တည်းကျဉ်းမြောင်းစွာ ဝန်းဝိုင်းကြသည့်ကာလ၊ သင်တို့ဘုရားသခင်ထာဝရဘုရားပေး တော်မူသော၊ ကိုယ့်ရင်သွေးဖြစ်သူ သားသမီးတို့၏အသားကိုပင် သင်တို့စားရကြလတ္တံ့။ 54-55 သင်တို့မြို့ဟူသမျှကို ကျပ်တည်းကျဉ်းမြောင်းစွာ ရန်သူတို့ဝန်းဝိုင်းကြသည့်ကာလ၊ သင်တို့အနက်နူးညံ့သိမ်မွေ့လှသောသူပင်၊ အစာကုန်ခန်းသောကြောင့် ကိုယ်တိုင်စားအံ့သောသား သမီးတို့၏အသားကို ညီအစ်ကို၊ သိမ်းပိုက်သောမယား၊ ကျန်သေးသောသားသမီးတို့အား မဝေမျှရက်ဘဲ တွန့်တိုလတ္တံ့။ 56 သိမ်မွေ့နူးညံ့သဖြင့် မြေပေါ်သို့ခြေမချဝံ့သူ၊ နူးညံ့သိမ်မွေ့သောမိန်းမလည်း၊ သိမ်းပိုက်သော ယောက်ျား၊ သား၊ သမီးတို့အား တွန့်တိုလျက်၊ 57 သင်တို့မြို့ဟူသမျှကို ကျပ်တည်းကျဉ်းမြောင်းစွာ ရန်သူတို့ဝန်းဝိုင်းကြသည့်ကာလ၊ အစာမဲ့ သောကြောင့် ကိုယ်ဖွားသောသူငယ်နှင့် ကျသောအချင်းကို လျှို့တဝှက်စားလိမ့်သတည်း။
58 သင်တို့သည်၊ ဤကျမ်းတွင်ပါရှိသော ပညတ်တရားချက်ဟူသမျှကို မစောင့်ရှောက်၊ မလိုက်နာ ဘဲ၊ သင်တို့ဘုရားသခင်ထာဝရဘုရားဟူသော ဘုန်းကြီး၍ ကြောက်မက်ဖွယ်နာမတော်ကို မခန့်ညား ကြလျှင်၊ 59 ထာဝရဘုရားသည် သင်တို့မှစ၍ အဆက်အနွယ်၌၊ ထူးဆန်းကြီးမားသော ဘေးများနှင့်ရောဂါ ဆိုးများကို ကြာမြင့်စွာစွဲမြဲစေလျက်၊ 60 အိဂျစ်ပြည်၌သင်တို့ကြောက်ရွံ့ခဲ့သော အနာရောဂါအမျိုးမျိုးကို၊ သင့်ရောက်စွဲကပ်စေတော်မူ ဦးမည်။ 61 ဤပညတ္တိကျမ်းတွင်မပါသော ရောဂါနှင့်ဘေးအမျိုးမျိုးကိုလည်း သင်တို့ပပျောက်သည့်တိုင် အောင်၊ သင့်ရောက်စေတော်မူမည့်အလျောက်၊ 62 ကောင်းကင်ကြယ်လုံးနှင့် အမျှ များပြားဘူးသောသင်တို့သည် ကိုယ်ဘုရားသခင်ထာဝရဘုရား ၏ဗျာဒိတ်တော်သံကို နားမထောင်သည့်အတွက်၊ ဦးရေအနည်းငယ်သာ ကြွင်းကျန်ကြလတ္တံ့။ 63 ထာဝရဘုရားသည် သင်တို့၌ရွှင်လန်းစွာကျေးဇူးပြု၍ များပြားစေတော်မူခဲ့သည့်နည်းတူ ရွှင် လန်းစွာဖျက်ဆီးပယ်ရှားတော်မူမည်ဖြစ်သောကြောင့် ဝင်ရောက်ပိုင်ယူသောပြည်နယ်မှ ဆွဲနုတ်ခံရ ကြသောသင်တို့ကို 64 မြေကြီးတစ်စွန်းမှတစ်စွန်းတိုင်အောင် လူအမျိုးမျိုးတို့တွင် ကွဲလွင့်စေတော်မူသည့်အလျောက်၊ ဘိုးဘေးမှစ၍ သင်တို့ကိုယ်တိုင်မသိဘူးသော၊ ကျောက်သစ်သားဖြင့် လုပ်ပြီး အခြားဘုရားများကို ဝတ်ပြုရကြလတ္တံ့။ 65 ထိုလူမျိုးခြားတို့တွင် သက်သာခွင့်၊ နားနေခွင့်ကင်းလျက်၊ နှလုံးတုန်လှုပ်ခြင်း၊ မျက်စိအား ကုန်ခြင်း၊ စိတ်အားလျော့ခြင်းများကို ထာဝရဘုရားစီရင်တော်မူသည့်အတိုင်း၊ 66 ကိုယ့်ရှေ့၌ ကိုယ့်အသက်တွဲလွဲနေရာတွင် ရှင်မည်ဟုမထင်ဘဲ၊ နေ့ညဉ့်မဟူကြောက်ရွံ့လျက်နေ ရစဉ်၊ 67 စိတ်ထိတ်လန့်ရာကိုလည်းေကာင်း၊ ဒိဋ္ဌၔရှုမြင်ရာကိုလည်းေကာင်း၊ ထောက်၍ နံနက်အခါ၊ ညဉ့်အချိန်ရောက်ပါစေ သော။ ညဉ့်အခါ၊ နံနက်အချိန်ရောက်ပါစေသောဟု ဆိုရကြလတ္တံ့။ 68 အိဂျစ်ပြည်ကို သင်တို့မြင်ရကြတော့မည်မဟုတ်ဟု ငါဆိုခဲ့သော်လည်း သင်္ဘောများဖြင့် ထာဝရ ဘုရားပြန်သွားစေတော်မူမည့်အလျောက်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ်၊ ရန်သူတို့အား ကိုယ်ကို ရောင်းမည်ပြုကြရာ၊ ဝယ်သူမရှိချေဟု မောရှေဆင့်ဆိုလေ၏။