27
ထိုနောက် ဣသရေလလူကြီးတို့နှင့်တကွ၊ မောရှေသည် လူမျိုးတို့အား မှာထားသည်ကား၊ ယနေ့ ငါဆင့်ဆိုသမျှသောပညတ်ကို စောင့်ရှောက်ကြလော့။ 2-3 သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်ရောက်၊ ယော်ဒန်မြစ်ကို ကူးချီ ကြသောနေ့တွင် ဘိုးဘေးတို့ ဘုရားသခင်ထာဝရဘုရားကတိတော်အတိုင်း ပေးသနားသောနို့ရည်ပျား ရည်လွှမ်းစီးရာပြည်နယ်သို့၊ ဝင်သွားခွင့်ရကြအံ့သောငှါ ကူးချီကြပြီးနောက်၊ ထူထောင်လျက် ထုံးဖြူ သုတ်သောကျောက်ကြီးများပေါ်မှာ ဤပညတ်တရားချက်ဟူသမျှကို အက္ခရာတင်ကြလော့။ ယော်ဒန်မြစ်ကိုကူးချီကြပြီးမှ၊ ယနေ့ငါမှာထားရာ ထုံးဖြူသုတ်ကျောက်များကို ဧဗလတောင် တွင် ထူထောင်သည့်ပြင်၊ 5-6 ထိုတောင်၌သင်တို့ဘုရားသခင်ထာဝရဘုရားအား ပူဇော်ရန် ကျောက်ပလ္လင်တော်ကို စို့နှင့် မဆစ်ဘဲတည်ကြပြီးလျှင်၊ သင်တို့ဘုရားသခင်ထာဝရဘုရားထံ မီးရှို့ရာသက္ကာများကို ပူဇော်ခြင်း၊ မိတ်သဟာယသက္ကာများကို ဆက်ကပ်ခြင်းပြု၍၊ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ ထိုအရပ်တွင် သုံးဆောင်လျက် အားရရွှင်လန်းကြလော့။ ဤပညတ်တရားချက်ဟူသမျှကို ထူထောင်ပြီး ကျောက် များပေါ်တွင် တည့်လင်းထင်ရှားစွာ အက္ခရာတင်ကြရမည် ဟု မှာထားလေ၏။
လေဝိဂိုဏ်းသားပရောဟိတ်တို့နှင့်တကွ မောရှေကလည်း၊ အိုဣသရေလအမျိုး၊ ဆိတ်ဆိတ်နာခံ ကြဦး။ ယနေ့သင်တို့သည် ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ လူမျိုးတော်အဖြစ်ရောက်ကြလေပြီ။ 10 ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ဗျာဒိတ်တော်သံကိုနားေထာင်၍၊ ယနေ့ငါဆင့်ဆိုသောမိန့် မှာ ထုံးဖွဲ့တော်မူချက်များကို လိုက်နာကြလော့ဟု ဣသရေလတစ်မျိုးလုံးအားနှိုးဆော်လေ၏။
11 ထိုနေ့တွင် လူမျိုးတော်အား မောရှေက၊ 12 ယော်ဒန်မြစ်ကို ကူးချီကြပြီးနောက်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ​ယောသပ်၊ ဗင်္ယာမိန် အနွယ်တို့သည် လူမျိုးတော်အား မင်္ဂလာပေးရန် ဂေရဇိမ်တောင်ပေါ်၌လည်းေကာင်း၊ 13 ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်, ဒန်၊ နဿလိအနွယ်တို့သည် အမင်္ဂလာပေးရန် ဧဗလတောင်ပေါ် ၌လည်းေကာင်း၊ ရပ်နေကြရမည်။ 14 လေဝိဂိုဏ်းသားတို့လည်း၊ ဣသရေလအမျိုးသားအပေါင်းတို့အား၊ အသံကျယ်စွာကြော်ငြာကြ ရမည်မှာ 15 ထာဝရဘုရားရွံရှာတော်မူဖွယ်၊ လူ၏လက်ဖြစ်ရုပ်ပွားဆင်းတုကို သွန်းထုလျက် လျှို့တဝှက် တည်ထားသူကား၊ အမင်္ဂလာရှိသည်ဟု ကြော်ငြာကြသော်၊ အာမင်ဟူ၍လူပရိတ်ဥဿုံဝန်ခံကြစေ။ 16 အဘကိုသော်လည်းေကာင်း၊ အမိကိုသော်လည်းေကာင်း၊ ရိုသေသမှုမပြုသူကား၊ အမင်္ဂလာရှိသည်ဟု ကြော်ငြာကြ သော်၊ အာမင်ဟူ၍လူပရိသတ်ဥဿုံဝန်ခံကြစေ။ 17 သူတစ်ပါးမြေမှတ်တိုင်ကိုရွေ့သူကား၊ အမင်္ဂလာရှိသည်ဟု ကြော်ငြာကြသော်၊ အာမင်ဟူ၍ လူပရိသတ်ဥဿုံဝန်ခံကြစေ။ 18 မျက်မမြင်ကိုလမ်းလွဲစေသူကား၊ အမင်္ဂလာရှိသည်ဟု ကြော်ငြာကြသော်၊ အာမင်ဟူ၍လူပရိ သတ် ဥဿုံဝန်ခံကြစေ။ 19 ဝင်နေသူ၊ ဘသက်ဆိုး၊ မုဆိုးမတို့အမှုနှင့်စပ်၍ တရားလွဲစေသူကား၊ အမင်္ဂလာရှိသည်ဟု ကြော်ငြာကြသော်၊ အာမင်ဟူ၍လူပရိသတ်ဥဿုံဝန်ခံကြစေ။ 20 အဘ၏နှောင်းမယားကို သိမ်းပိုက်ဆက်ဆံသူကား၊ အမင်္ဂလာရှိသည်ဟု ကြော်ငြာကြသော်၊ အာမင်ဟူ၍ လူပရိသတ်ဥဿုံဝန်ခံကြစေ။ 21 တိရစ္ဆာန်နှင့်ဆက်ဆံသူကား၊ အမင်္ဂလာရှိသည်ဟု ကြော်ငြာကြသော်၊ အာမင်ဟူ၍လူပရိသတ် ဥဿုံဝန်ခံကြစေ။ 22 ဘတူမိကွဲနှမကိုဖြစ်စေ၊ မိတူဘကွဲနှမကိုဖြစ်စေ၊ ဆက်ဆံသူကား၊ အမင်္ဂလာရှိသည်ဟု ကြော်ငြာကြသော်၊ အာမင်ဟူ၍လူပရိသတ်ဥဿုံဝန်ခံကြစေ။ 23 ယောက္ခမကိုဆက်ဆံသူကား၊ အမင်္ဂလာရှိသည်ဟု ကြော်ငြာကြသော်၊ အာမင်ဟူ၍လူပရိသတ် ဥဿုံဝန်ခံကြစေ။ 24 သူတစ်ပါးကိုလျှို့တဝှက်သတ်သူကား၊ အမင်္ဂလာရှိသည်ဟု ကြော်ငြာကြသော်၊ အာမင်ဟူ၍လူ ပရိသတ်ဥဿုံဝန်ခံကြစေ။ 25 အပြစ်ကင်းသူကို အသေသတ်ရန် အခယူသူကား၊ အမင်္ဂလာရှိသည်ဟု ကြော်ငြာကြသော်၊ အာမင်ဟူ၍လူပရိသတ်ဥဿုံဝန်ခံကြစေ။ 26 ဤပညတ်တရားချက်များကို မလိုက်နာဘဲ၊ အချည်းနှီးဖြစ်စေသူကား အမင်္ဂလာရှိသည်ဟု ကြော်ငြာကြသော်၊ အာမင်ဟူ၍လူပရိသတ်ဥဿုံဝန်ခံကြစေ။