18
1 လေဝိဂိုဏ်းသားပရောဟိတ်၊ လေဝိတစ်နွယ်လုံးသည် ဣသရေလလူမျိုးတွင် အမွေဝေပုံစုမရ သဖြင့်၊ ထာဝရဘုရားထံမီးပူဇော်ရာများမှစ၍ ပိုင်တော်မူရာအလှူကို သုံးဆောင်ကြစေ။
2 ဆွေမျိုးသားချင်းတို့ဘောင်တွင် အမွေမရကြ။ ကတိတော်အတိုင်း သူတို့အမွေကား၊ ထာဝရ ဘုရားပင်တည်း။
3-5 သားစဉ်မြေးဆက်တို့ပါ၊ ထာဝရဘုရားနာမတော်ကို အမှီပြု၍မပြတ်ခစားဝတ်ပြုစေရန်၊ အနွယ်အပေါင်းတို့အနက် ထိုအနွယ်ကို၊ သင်တို့ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသည့် အလျောက်၊ နွား၊ သိုး၊ ဆိတ်တို့ကို ဆက်ကပ်ပူဇော်ကြသော လူပရိသတ်သည် လက်တစ်ဖက်၊ ပါးနှစ် ဖက်သား၊ အစာအိမ်များကို ထုံးဖွဲ့ချက်ဆွမ်းအဖြစ် လှူကြရမည့်ပြင်၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ လက်ဦးလက်ဖျားကိုလည်းေကာင်း၊ အဦးညှပ်သောသိုးဆိတ်မွေးကိုလည်းေကာင်း၊ ပရောဟိတ်တို့ထံလှူကြစေ။
6 လေဝိဂိုဏ်းသားတစ်ဦးသည်၊ ဣသရေလပြည်တစ်ဝှမ်းလုံးအတွင်း သိတင်းသုံးရာမြို့များမှ ထာဝရ ဘုရားရွေးချယ်တော်မူမည့်ဌာနသို့၊ စိတ်ရောကိုယ်ပါရောက်လာလျှင်၊
7 ထိုဌာန၌ ထာဝရဘုရားရှေ့ ခစားရသောဆွေမျိုးသားချင်း လေဝိဂိုဏ်းသားတို့နည်းတူ ကိုယ့် ဘုရားသခင်ထာဝရဘုရားနာမတော်ကို အမှီပြုလျက် ဝတ်ပြုရသဖြင့်၊
8 ဘိုးဘပိုင်ကိုရောင်းစားခွင့်ရသည့်ပြင်၊ ဂိုဏ်းသားချင်းတို့နှင့်အတူ ထုံးဖွဲ့ချက်ဆွမ်းကိုသုံးဆောင်စေ။
9 သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်သို့ ဝင်ရောက်ကြပြီးလျှင်၊ တိုင်း ရင်းသားမျိုးခြားတို့ ရွံရှာဖွယ်ဓလေ့အတိုင်း မပြုကျင့်၊ မလေ့လာနှင့်။
10 သင်တို့တွင်၊ သားသမီးတို့ကိုမီးဖြင့်ဆက်ကပ်သူ၊ ဟူးရားအတတ်၊ ဗေဒင်အတတ်၊
11 ဇော်ဂနီအတတ်လေ့လာသူ၊ စုန်းတတ်သူ၊ မန္တာန်ရွတ်တတ်သူ၊ ကဝေ၊ မှော်ဆရာ၊ လူသေတို့ထံ မေးမြန်းသူ၊ တစ်ဦးတစ်ယောက်မျှမရှိစေရ။
12 ထိုဓလေ့များကိုလေ့လာသူတို့သည် ထာဝရဘုရားမျက်မှောက်ရွံရှာဖွယ်ဖြစ်၍၊ ၎င်းရွံရှာဖွယ် ဓလေ့များအတွက် သင်တို့ရှေ့က၊ သင်တို့ဘုရားသခင်ထာဝရဘုရားနှင်ထုတ်တော်မူ၏။
13 သင်တို့မှာမူ၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားရှေ့ စုံလင်ခြင်းရှိကြရမည်။
14 သင်တို့တိုက်ယူမည့်လူမျိုးခြားတို့သည်၊ ဗေဒင်ဆရာ၊ ဟူးရားဆရာတို့စကားကို၊ နာယူလေ့ ရှိကြသည်မှန်၏။ သင်တို့ကိုကား၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားခွင့်ပြုတော်မမူချေ။
15 သင်တို့ဘုရားသခင်ထာဝရဘုရားသည် ဆွေမျိုးသားချင်းတို့အနက်၊ သင်တို့နာယူရမည့်ပရော ဖက်ကို ငါကဲ့သို့ပေါ်ထွန်းစေတော်မူမည်။
16 ဟောရပ်တောင်မှစည်းဝေးကြသည့်နေ့ရက်တော်၌၊ သင်တို့က၊ သေဘေးနှင့်ကင်းလွတ်ကြရန်၊ ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရား ဗျာဒိတ်တော်သံကို ထပ်မံမကြားဝံ့။ ဤမဟာမီးတော်ကို လည်း ထပ်မံမကြည့်ဝံ့ပါဟု သင်တို့ဘုရားသခင်ထာဝရဘုရားထံ တောင်းလျှောက်ကြသည့်အတိုင်း၊
17 ငါ့အားထာဝရဘုရားက၊ ထိုသူတို့လျှောက်ချက်ကား သင့်လျော်၏။
18 ငါသည်သူတို့ဆွေမျိုးသားချင်းတို့အနက်၊ ပရောဖက်ကိုသင်ကဲ့သို့ပေါ်ထွန်းစေ၍၊ ဗျာဒိတ် တော်ချက်ကိုသူ့နှုတ်တွင် ထည့်သွင်းမည့်အလျောက်၊ မိန့်မှာသမျှကို ဆင့်ဆိုလိမ့်မည်။
19 အကြင်သူသည်၊ ငါ့ကိုယ်စားအဖြစ်ဆင့်ဆိုသောဗျာဒိတ်တော်ချက်ကို မနာယူအံ့။ ထိုသူ့ကို ငါပြစ် ဒဏ်ပေးမည်။
20 ငါ့ကိုယ်စားအဖြစ်၊ ငါမိန့်မှာတိုင်းမဟုတ်၊ မောက်မာစွာဟောပြောဝံ့သောပရောဖက်၊ အခြား ဘုရားများ၏ကိုယ်စားအဖြစ် ဟောပြောသောပရောဖက်မူကား၊ သေဒဏ်ခံစေဟု မိန့်တော်မူ၏။
21 အကယ်၍ သင်တို့က၊ ထာဝရဘုရားမိန့်တော်မူချက်ဟုတ်မဟုတ် မည်သို့ပိုင်းခြားအံ့နည်းဟု အောက်မေ့ကြလျှင်
22 ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍၊ ဆင့်ဆိုသည့်အတိုင်း၊ မပြည့်စုံမဖြစ်ပျက်က၊ ထိုအချက်ကို ထာဝရဘုရားမိန့်ဆိုတော်မမူ။ မောက်မာစွာဟောပြောဝံ့သောထိုပရောဖက်ကို မကြောက်ရွံ့ကြရ။