19
သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်ရှိလူမျိုးခြားတို့ကို၊ ပယ်ဖျက်တော် မူသည့်အလျောက် သင်တို့တိုက်ယူလျက် ချင်းတို့မြို့ရွာတိုက်အိမ်များ၌ နေထိုင်ကြသည့်ကာလ၊ သင်တို့ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသော ထိုပြည်တွင် မြို့သုံးမြို့ကိုသီးခြားထား ရသည့်အတိုင်း၊ လူသတ်တို့ပြေးဝင်ရစေခြင်းငှါ၊ ပိုင်စုအဖြစ်သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်ကို သုံးပိုင်းပိုင်းလျက် လမ်းဖောက်ကြလော့။ 4-5 ေြပးဝင်၍အသက်ချမ်းသာရှိအပ်သောလူသတ်နည်းဟူမူကား၊ အပေါင်းအေဖာ်နှင့်တကွ တော သို့ထင်းခုတ်သွားရာ၊ သစ်ပင်ခုတ်လှဲမည့်အကြံနှင့် ပုဆိန်ကိုမြှောက်ပင့်သောအခါ၊ အသွားကျွတ်မှန် သဖြင့်၊ အဖော်သေလွန်မှုပြုမိသူ၊ သူတစ်ပါးကိုမုန်းထားခြင်းကင်းလျက်၊ မတော်တဆသေလွန်မှုပြုမိ သူတိုင်းသို့သာ ဆိုခဲ့သောမြို့တစ်မြို့သို့ပြေး၍ အသက်ချမ်းသာရအပ်သတည်း။ မုန်းထားခြင်းကင်းသည်ဖြစ်၍၊ သေဒဏ်မခံထိုက်သူ့ကို စိတ်နာသောသေစားသေစေသူသည် ခရီးရှည်သဖြင့် လိုက်မီလျက် သတ်မိမည်စိုးသောကြောင့်၊ ထိုသုံးမြို့ကို သီးခြားထားစေဟု ငါအမိန့်ရှိ၏။ 8-10 ယနေ့ငါဆင့်ဆိုသမျှသော ဤပညတ်ကိုစောင့်ရှောက်လိုက်နာလျက်၊ သင်တို့ဘုရားသခင် ထာဝရဘုရားကို ချစ်ကြည်မြတ်နိုးလျက် နည်းလမ်းတော်တိုင်း၌ အစဉ်လိုက်ေလျှာက်ကြသည့် အလျောက်၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊ ဘိုးဘေးတို့အား သစ္စာဆိုတော်မူခဲ့သောတစ်ပြည် လုံးကို ကတိတော်အတိုင်းပေးသနား၍ ပြည်နယ်ကိုကျယ်ဝန်းေစတော်မူသော်၊ သင်တို့ဘုရားသခင် ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်တွင် အပြစ်ကင်းသူ၏အသွေးကို သွန်းမိသဖြင့်၊ သင်တို့ အပေါ်၌သွေးသွန်းပြစ်မတည်စေရန်၊ ထိုသုံးမြို့ပြင်သုံးမြို့ကို ထပ်မံသီးခြားထားကြဦးလော့။ 11 သူတစ်ပါးကိုမုန်းထားချောင်းမြောင်းလျက် အသေလက်ရောက်သတ်သူသည်၊ ဆိုခဲ့သော မြို့တစ်မြို့သို့ပြေးဝင်သော်ကား၊ နေရင်းမြို့လူကြီးတို့သည် 12 ပြေးဝင်ရာမြို့ကခေါ်ဆောင်စေပြီးလျှင်၊ သေဒဏ်ခတ်ရန်၊ သေစားသေစေသူ့လက်တွင်းသို့ အပ်နှင်းကြစေ။ 13 ကောင်းစားကြရအံ့သောငှါ၊ မျက်စောင်းနှင့်မညှာတာဘဲ အပြစ်ကင်းသူ၏သွေးသွန်းပြစ်ကို ဣသရေလအမျိုးမှပယ်ရှားကြစေ။
14 ပိုင်စုအဖြစ်သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသည့်အတိုင်းဆက်ခံရသောပြည်အတွင်း ရှေးသူဟောင်းတို့စိုက်ထားခဲ့သော သူတစ်ပါး၏မြေမှတ်တိုင်ကို မရွှေ့ကြရ။
15 မည်သည့်ပြစ်မှားမှုမဆို၊ သက်သေခံတစ်ဦးဖြင့် ဒုစရိုက်ပြစ်မှုမတည်စေရ။ သက်သေခံနှစ်ဦးသုံး ဦးထွက်ဆိုကတည်စေ။ 16 သူတစ်ပါးတရားဖောက်ကျော်သည်ဟု တစ်ဦးတစ်ယောက်မတရားသက်သေခံလျှင်၊ 17 ထိုတရားဘက်တို့ကို ဖြစ်အံ့သောတရားသူကြီးနှင့် ပရောဟိတ်တို့ရှိရာ၊ ထာဝရဘုရားရှေ့ ရပ်နေစေလျက်၊ တရားသူကြီးတို့စစ်ဆေးသည့်အတိုင်း၊ 18 ထိုသက်သေသည် အမှန်မဟုတ်၊ ဆွေမျိုးသားချင်းအပေါ်၌ မုသာသက်သေခံကြောင်း ထင်ရှားသော်၊ 19-21 မျက်စောင်းနှင့်မညှာတာဘဲ ဆွေမျိုးသားချင်းတို့အားပြုရန် ကြံစည်သည့်အလျောက် အသက်အစားအသက်၊ မျက်စိအစားမျက်စိ၊ သွားအစားသွား၊ လက်အစားလက်၊ ခြေအစားခြေကို ဒဏ်ခတ်စေ။ သို့မှသင်တို့ဘောင်တွင်ရှိသော ဆိုးသွမ်းခြင်းကို ကျွမ်းလောင်ရာရောက်သဖြင့်၊ ကျန်လူတို့လည်း ကြားသိကြောက်ရွံ့လျက်၊ ထိုဆိုးသွမ်းမှုအလိုက်ပြုတော့မည်မဟုတ်ချေ။