17
အချက်မလွတ်၊ ကြန်အင်ယွင်းသောနွား၊ သိုး၊ ဆိတ်တို့ကိုပူဇော်မှုသည် သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့ ရွံရှာဖွယ်ဖြစ်သောကြောင့် မပူဇော်ကြရ။
2-3 သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသော မြို့ရွာများအတွင်း ပဋိညာဉ်တော် ကို ဖောက်ကျော်၍ မြစ်တားတော်မူခဲ့သောအခြားဘုရားကိုသော်လည်းေကာင်း၊ ေနလမှစေသာကမ္ဘာ့တန်ဆာတစ်စုံတစ်ရာကိုေသာ်လည်းေကာင်း၊ လိုက်ပါဝတ်ပြုရှိခိုးသည်နှင့်၊ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ ဆိုးသွမ်းမှုကိုပြုသောယောက်ျား၊ မိန်းမတစ်ဦးဦးသည်၊ သင်တို့ဘောင်တွင်ရှိကြောင်း သတင်းကြားမိလျှင်၊ စစ်ဆေးသည့်အတိုင်း ဣသရေလဘောင် တွင် ထိုရွံရှာဖွယ်အမှုပြုကျင့်သည်ကို သေချာမှန်ကန်စွာတွေ့သော်၊ အဆိုးပြုကျင့်သူထိုယောက်ျားမိန်းမကို၊ မြို့တံခါးပြင်သို့ထုတ်ပြီးလျှင်၊ ခဲပစ်သတ်ဒဏ်ခတ်ကြ လော့။ သေဒဏ်ခံထိုက်သူသည်သက်သေခံတစ်ဦးတည်းထွက်ဆိုက၊ သေဒဏ်လွတ်စေ။ နှစ်ဦးသုံးဦး ထွက်ဆိုသော် သေဒဏ်ခံစေ။ သက်သေခံတို့လက်ရောက်ပြုပြီးမှ၊ တစ်မျိုးလုံးလက်ရောက်ပြုသဖြင့်၊ သေဒဏ်ခံစေ။ သို့မှ၊ သင်တို့ဘောင်တွင်ရှိသော ဆိုးသွမ်းခြင်းကိုကျွမ်းလောင်ရာရောက်လိမ့်မည်။
မြို့ရွာများတွင် သင်တို့မစီရင်နိုင်အောင် ထူးဆန်းသောသွေးသွန်းမှု၊ လိမ်လည်မှု၊ လက်ရောက်မှု ရှိသော် သင်တို့ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူမည့်ဌာနသို့ ထသွားပြီးလျှင်၊ 9-11 လေဝိဂိုဏ်းသားပရောဟိတ်များနှင့် ဖြစ်အံ့သောတရားမင်းရှိရာသို့ ဝင်ရောက်၍၊ ထာဝရ ဘုရားရွေးချယ်တော်မူရာဌာန၌၊ စစ်မေးသည့်အတိုင်း ၎င်းတို့ေဖာ်ပြသွန်သင်ထုတ်ဆင့်သမျှသော တရားဥပေဒပြဌာန်းချက်အရ၊ ဝဲယာသို့မယိမ်းမယိုင်ဘဲ စောင့်ရှောက်လိုက်နာစီရင်ကြလော့။ 12 ထိုဌာန၌ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ခစားလျက် ဝတ်ပြုသောပရောဟိတ်နှင့်၊ တရားမင်းပြဌာန်းချက်ကို မနာမယူဘဲ မောက်မာစွာပြုဝံ့သောသူသည် သေဒဏ်ခံစေ။ သို့မှဣသရေ လလူမျိုးတွင်ရှိသော ဆိုးသွမ်းခြင်းကို ကျွမ်းလောင်ရာရောက်သဖြင့်၊ 13 တစ်မျိုးလုံးကြားသိကြောက်ရွံ့လျက် မောက်မာစွာပြုတော့မည်မဟုတ်ချေ။
14 သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်သို့ ဝင်ရောက်ပိုင်ယူနေထိုင်ကြ သည့်ကာလ၊ ပတ်ဝန်းကျင်ရှိလူမျိုးတကာတို့နည်းတူ၊ ကိုယ့်အပေါ်တွင် မင်းမြှောက်မည်ဟု အကြံ အစည်ပြုကြလျှင်၊ 15 အမျိုးမတူ၊ တစ်ပါးအမျိုးသားဖြစ်သူကိုမမြှောက်ရဘဲ ဆွေမျိုးသားချင်းအနက်၊ သင်တို့ဘုရား သခင်ထာဝရဘုရားရွေးချယ်တော်မူအံ့သောသူ့ကိုသာ၊ မင်းမြှောက်ကြရမည်။ 16 သို့ရာတွင်၊ အိဂျစ်ပြည်သို့မပြန်ကြရဟု ထာဝရဘုရားမိန့်တော်မူပြီးဖြစ်၍ ထိုမင်းသည် မြောက်မြားသောမြင်းတပ်ကို ရရန်အကြံနှင့် လူမျိုးတော်ကိုအိဂျစ်ပြည်သို့ မပြန်စေရ။ မြောက်မြားသောမြင်းတပ်ကိုမပိုင်ရ။ 17 စိတ်တော်ငဲ့ပါမည်ကိုစိုး၍၊ မြောက်မြားသောမိဖုရားကိုသိမ်းခြင်း၊ မြောက်မြားသောရွှေငွေကို ဆည်းပူးခြင်းမပြုရ။ 18 ၎င်းပြင်၊ နန်းတက်သည့်ကာလ၌ ထိုမင်းသည် လေဝိဂိုဏ်းသားပရောဟိတ်တို့လက်ရှိ ဤပညတ္တိကျမ်းကိုရေးကူးပြီးလျှင်၊ 19-20 ဆွေမျိုးသားချင်းတို့အပေါ်တွင် စိတ်နေမြင့်ခြင်း၊ ဤပညတ်တော်မှ ဝဲယာသို့ယိမ်းယိုင်ခြင်းကင်းလျက် ကိုယ့်ဘုရားသခင်ထာဝရဘုရားအား ခန့်ညား၍၊ ဤထုံးဖွဲ့ချက်၊ ဤတရားချက် အလုံးစုံကို စောင့်ရှောက်လိုက်နာရန် သင်ကြားအံ့သောငှာလည်းေကာင်း၊ ဣသရေလဘောင်တွင်၊ သားစဉ်မြေး ဆက်တို့ပါ၊ တာရှည်စွာအုပ်စိုးခွင့်ရအံ့သောငှါလည်းေကာင်း၊ ထိုကျမ်းကိုတစ်သက်ပတ်လုံး စွဲမြဲ၍ကြည့်မှတ် ရမည်။