8
ရုပ်ပွားအားပူဇော်ပြီးသောအသားနှင့်စပ်၍လည်း ငါတို့ရှိသမျှ၌ အသိပညာရှိကြောင်းသိကြလှ၏။ အသိပညာသည်ဖောင်းကြွခြင်း၊ မေတ္တာမူကားဆောက်တည်ခြင်းဖြစ်စေတတ်၏။ အကြင်သူသည် တစ်စုံတစ်ရာသိသည်ဟုထင်မှတ်အံ့။ ထိုသူသည် အသိပညာမှန်ကိုမရသေး။ အကြင်သူသည် ဘုရားသခင်ကိုချစ်ကြည်မြတ်နိုးအံ့။ ထိုသူ့ကို ကိုယ်တော်သိမှတ်တော်မူ၏။ သို့ဖြစ်၍ ရုပ်ပွားအားပူဇော်ပြီးသော အသားသုံးဆောင်မှုကိုထောက်၍ဆိုသော် ဤလောကတွင် ရုပ်ဘုရားမရှိကြောင်းကိုလည်းကောင်း၊ တစ်ဆူတည်းပြင်ဘုရားမရှိကြောင်းကိုလည်းကောင်း ငါတို့သိကြ၏။ ကောင်းကင်၌ဖြစ်စေ၊ မြေကြီး၌ဖြစ်စေ၊ ဘုရားအမျာ၊း အရှင်အများဟူ၍ဝန်ခံကြသည့်အတိုင်း ဘုရားသမုတ်ခံအများရှိသော်လည်း၊ ငါတို့အဖို့မူကား ရှိရှိသမျှ၏မူလရင်း ငါတို့ပန်းတုံးတိုင်သဖွယ်တည်တော်မူသည့် ခမည်းတော်တည်းဟူသောဘုရားတစ်ဆူတည်းနှင့် ငါတို့မှစ၍ရှိရှိသမျှကိုဖြစ်စေတော်မူသည့် ယေရှုခရစ်တည်းဟူသော အရှင်တစ်ပါးတည်းသာရှိတော်မူသတည်း။ သို့ရာတွင်လူခပ်သိမ်း၌ ထိုသို့သောအသိပညာမရှိသဖြင့် အချို့တို့သည်ယခုတိုင်အောင် ရုပ်ပွားနှင့် ရောပြွမ်းလေ့အလိုက်ပူဇော်ပြီး​ေသာအသားဟုမှတ်ယူလျက်သုံးဆောင်ကြသောကြောင့် သြတ္တပ္ပစိတ်သည်နုန့်နဲ့လျက် မသန့်ဖြစ်တတ်၏။ စားဖွယ်ခဲဖွယ်အားဖြင့် ငါတို့သည်ဘုရားသခင့်ရှေ့တော်သို့မရောက်မည့်အလျောက် သုံးဆောင်လျှင်အကျိုးမြတ်သည် မသုံးဆောင်လျှင်အကျိုးယုတ်သည် မဆိုရသော်လည်း၊ ကိုယ့်သုံးဆောင်ခွင့်သည် နုန့်နဲ့သူတို့၌ခလုတ်မဖြစ်စေခြင်းငှာ သတိမူကြလော့။ 10 အသို့ဆိုသော် အသိပညာရှိသောသင်သည် ရုပ်ပွားကျောင်း၌စားပွဲထိုင်နေသည်ကို နုန့်နဲ့သူတစ်ယောက်ယောက်မြင်သော် ရုပ်ပွားအားပူဇော်ပြီးသောအသားကိုသုံးဆောင်ရန် သြတ္တပ္ပစိတ်ရဲရင့်မည်မဟုတ်လော။ 11 ထိုသို့သောအားဖြင့် သင်၏အသိပညာကြောင့်နုန့်နဲ့သူ၊ ခရစ်တော်အသေခံတော်မူရသော ညီအစ်ကိုဖြစ်သူသည် ပျက်စီးရှာလေစွ။ 12 ထိုသို့ညီအစ်ကိုများကိုပြစ်မှား၍ ၎င်းတို့၏နုန့်နဲ့သောသြတ္တပ္ပစိတ်ကိုထိခိုက်လျက် သင်တို့သည်ခရစ်တော်ကိုပြစ်မှားရာရောက်၏။ 13 သို့ဖြစ်၍ စားဖွယ်ခဲဖွယ်အားဖြင့်ညီအစ်ကိုတိုက်လဲလျင် ငါသည်ထိုညီအစ်ကို၌တိုက်လဲခြင်းမပြုမိစေရန် ကာလအစဉ် အသားမသုံးဆောင်ဘဲနေတော့မည်။