3
1-2 အိုဣသရေလအမျိုးသားတို့၊ အိဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့ရာ၊ မြေပေါ်ရှိ လူမျိုးခပ်သိမ်းတို့အနက်၊ သင်တို့ကိုသာ 3.1-2 အဓိပ္ပါယ်ကား။ - သိကျွမ်း။ငါရွေးကောက်ပြီဟု၊ တစ်မျိုးလုံးကိုရည်လျက် ငါမိန့်ဆိုခဲ့ပြီ။ သို့ဖြစ်၍၊ သင်တို့ဒုစရိုက်ဟူသမျှကို ဒဏ်စီရင်မည်ဟု၊ မိန့်တော်မူသောဗျာဒိတ်ချက်ကိုနာခံကြလော့။ ခရီးမချိန်းချက်ဘဲ၊ လူနှစ်ဦးအတူသွားခြင်း၊ သားကောင်မရှိဘဲ၊ တော၌ ခြင်္သေ့ဟောက်ခြင်း၊ မဖမ်းဘဲ၊ ဂူမှတိနဟိန်းခြင်း၊ မြေပေါ်တွင် ထောင်ပိုက်မချဘဲ၊ ငှက်ဖမ်းခြင်း၊ မမိဘဲ၊ မြေမှ ထောင်ပိုက်အုပ်ခြင်း၊ မြို့သားတို့မလန့်ဘဲ၊ တံပိုးမှုတ်ခြင်း၊ ထာဝရဘုရားစီရင်တော်မမူဘဲ၊ မြို့၌ဘေးသင့်ခြင်းများရှိမည်လော။ အရှင်ထာဝရဘုရားသည်၊ ကျွန်တော်ရင်း ပရောဖက်တို့အား အကြံတော်ကို မဖော်ပြဘဲ၊ စီရင်တော်မမူသည့် အလျောက်၊ ကေသရာဇာဟုန်းတော်မူရာမထိတ်လန့်ဘဲ၊ အရှင်ထာဝရဘုရားဗျာဒိတ်ပေးတော်မူရာ မဟောပြောဘဲနေဝံ့သူကား၊ မည်သူနည်း။
အာဇုတ်မြို့ရှိဘုံဗိမာန်များ၌လည်းေကာင်း၊ အိဂျစ်ပြည်ရှိ နန်းဆောင်များ၌လည်းေကာင်း၊ ကြော်ငြာလျက်၊ ရှမာရိတောင်တန်းပေါ်၌ စုရုံးပြီးလျှင်၊ မြို့အတွင်းတွင် များပြားသောဖီဆန်သောင်းကျန်းမှုကို၊ ရှုကြည့်ကြဟုဆင့်ဆိုလော့။ 10 ကိုယ့်ဘုံဗိမာန်များ၌ သောင်းကျန်းမှု၊ အဓမ္မမှုကိုသိုထားသောသူတို့သည်၊ ဖြောင့်မတ်စွာပြုရန် မတတ်စွမ်းကြဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ 11 သို့ဖြစ်၍၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ၊ နေပြည်ကိုဝိုင်းထားအံ့သော ရန်သူသည်၊ ခံမြို့ကိုဖြိုလှဲလျက်၊ ဘုံဗိမာန်များကိုလုယက်လိမ့်မည်။ 12 ခြေနှစ်ချောင်းကိုမျှ သော်လည်းေကာင်း၊ နားရွက်တစ်ပိုင်းကိုမျှသော်လည်းေကာင်း၊ ခြင်္သေ့ခံတွင်းမှ သိုးထိန်းနုတ်ရသည့်နည်းတူ၊ ရှမာရိမြို့တွင် သာလွန်ထောင့်နှင့် ကမ္ပလာခင်းညောင်စောင်းများပေါ်၌ လျောင်းနေသော ဣသရေလအမျိုးသားတို့သည်၊ နုတ်ယူရာရောက်ကြလိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 13 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်က၊ ယာကုပ်အမျိုးသားတို့ကို ရည်လျက် နာခံဆင့်ဆိုကြရမည့် အချက်ဟူမူကား၊ 14 ဣသရေလအမျိုး၏ လွန်ကျူးမှုများကို၊ ငါဒဏ်စီရင်သောနေ့ရက်၌၊ ဗေသလမြို့ရှိ ယဇ်ပလ္လင်များကို ဒဏ်စီရင်သည့်အလျောက်၊ ပလ္လင်စိန်တောင်များ ကျိုးပြတ်၍ မြေပေါ်သို့ကျရောက်လိမ့်မည်။ 15 သုဘ ဘုံဗိမာန်နှင့် ရာမဘုံဗိမာန်များကို၊ ငါဒဏ်စီရင်သည့်ပြင်၊ ဆင်စွယ်ဖြင့် ပြီးသောတိုက်များ ပျက်စီးလျက်၊ အိမ်အမြောက်အမြားလည်း ကုန်ဆုံးလိမ့်သတည်းဟု မိန့်တော်မူ၏။