4
နွမ်းပါးသူတို့ကို ညှဉ်းပန်းလျက်၊ ဆင်းရဲသူတို့ကို နှိပ်စက်လျက်၊ အရှင်လင်တို့အားသောက်ရန် တိုက်ပါလော့ဟု၊ ဆိုတတ်သည့်ဗာရှန်နွားမသဖွယ်ဖြစ်သောရှမာရိ တောင်တန်းသူတို့ နာခံရမည့်အချက်ဟူမူကား၊ 2-3 သင်တို့ကို သံချိတ်များနှင့်လည်းေကာင်း၊ အကျန်အကြွင်းတို့ကို မျှားချိတ်များနှင့်လည်းေကာင်း၊ ငင်သွားကြမည့်နေ့ရက်ကာလရောက်အံ့သည့်အတိုင်း။ အသီးအသီးတို့သည် မြို့ရိုးပေါက်ဖြင့် တူရူထွက်သွားလျက်၊ ဟာရမုံချောက်ထဲသို့ ကိုယ်ကို ချကြရမည်ဟု၊ သန့်ရှင်းတော်မူခြင်းကို တိုင်တည်၍၊ အရှင်ထာဝရဘုရားသစ္စာဆိုလျက် မိန့်မြွက်တော်မူခဲ့သတည်း။
အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ၊ အိုဣသရေလအမျိုးသားတို့၊ ဗေသလမြို့သို့ဖူးလာလွန်ကျူးလျက်၊ ဂိလဂါလမြို့၌လည်း များပြားစွာလွန်ကျူးကြလော့။ သဘောကျတိုင်း တစ်မနက်လျှင် တစ်ကြိမ်ပူဇော်သက္ကာများကိုလည်းေကာင်း၊ သုံးရက်လျှင် တစ်ကြိမ်ဆယ်ဖို့တစ်ဖို့အလှူများကိုလည်းေကာင်း၊ တင်သွင်းခြင်း၊ ချီးမွမ်းရာသက္ကာအဖြစ်၊ တဆေးပါသောမုန့်ကို၊ မီးဖြင့်ပူဇော်ခြင်း၊ စေတနာအလျောက် အလှူများကို သာဓု သာဓုဟုခေါ်ခြင်းပြုကြဦးလော့။ ငါကမူ၊ သင်တို့မြို့ရွာရှိသမျှ၌သွားအားလပ်ခြင်း၊ နေရာအရပ်ရှိသမျှ၌ အစာခေါင်းပါးခြင်းများကို သင့်စေသော်လည်း၊ အထံတော်သို့သင်တို့မပြန်ကြသေးချေဟု၊ ငါထာဝရဘုရားမိန့်ဆို၏။ ငါကမူ၊ ရိတ်သိမ်းရာ ကာလမတိုင်မီ၊ သုံးလကျော်တွင်၊ မိုးပိတ်ပင်ခြင်း၊ တစ်မြို့၌မိုးရွာလျက်၊ တစ်မြို့၌ ခေါင်စေခြင်း၊ မြေတစ်ကွက်မိုးရေသောက်၍၊ တစ်ကွက် မသောက်ရဘဲသွေ့ခြောက်ခြင်းများကို၊ ငါစီရင်သည့်အလျောက်၊ နှစ်မြို့သုံးမြို့တို့သည်၊ တစ်မြို့သို့ ရေသောက်လို၍ သွားရလျက်၊ အငတ်မပြေသော်လည်း၊ အထံတော်သို့သင်တို့မပြန်ကြသေးချေဟု၊ ငါထာဝရဘုရားမိန့်ဆို၏။ ဒဟဝါယောကပ်၊ ပုလုဝကကပ်များကို ငါသင့်စေသည့်အတိုင်း၊ ဟင်းရွက်ဟင်းသီးခြံမှစ၍၊ စပျစ်ခြံ၊ သဖန်းခြံ၊ သံလွင်ခြံအမြောက်အမြားကို ကျိုင်းကောင်စားသော်လည်း၊ အထံတော်သို့သင်တို့မပြန်ကြသေးချေဟု၊ ငါထာဝရဘုရားမိန့်ဆို၏။ 10 အိဂျစ်ကပ်ရောဂါနည်းအလိုက်၊ ကပ်သင့်စေခြင်း၊ လက်ရွေးသူတို့နှင့်တကွ၊ ဖမ်းမိသောမြင်းတပ်ကို ဓားဖြင့် လုပ်ကြံ၍၊ တစ်တပ်လုံးပုပ်နံ့လှိုင်စေခြင်းများကို ငါပြု သော်လည်း၊ အထံတော်သို့သင်တို့မပြန်ကြသေးချေဟု၊ ငါထာဝရဘုရားမိန့်ဆို၏။ 11 သောဒုံမြို့၊ ဂေါမောရမြို့များကို၊ ငါဘုရားသခင်ဖြိုလှဲခဲ့သည့်နည်းတူ၊ သင်တို့မြို့ရွာ အချို့ကို ငါဖြိုလှဲသော်လည်း၊ မီးထဲမှ နုတ်ယူသော ထင်းသဖွယ်ဖြစ်သူ သင်တို့သည်၊ အထံတော်သို့မပြန်ကြသေးချေဟု၊ ငါထာဝရဘုရားမိန့်ဆို၏။ 12 သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ ငါဗျာဒိတ်ပေးမည့်အတိုင်း သင်၌စီရင်ဦးမည်။ အိုဣသရေလအမျိုး၊ ထိုအတိုင်း ပင်ငါစီရင်မည်ကို ထောက်၍၊ ကိုယ့်ဘုရားသခင်နှင့် တွေ့ဆုံခြင်းငှာ၊ ကိုယ်ကိုပြင်ဆင်ကြလော့ဟုမိန့်တော်မူ၏။ 13 နာခံကြဦး။ တောင်များကိုပြုပြင်တော်မူထသော၊ လေကိုဖန်ဆင်းတော်မူထသော၊ ပြဋ္ဌာန်းတော်မူချက်ကို လူတို့အား ဖော်ပြတော်မူထသော၊ နေအရုဏ်ကို မှောင်စေ တော်မူထသော၊ မြေပထဝီရှိမြင့်မြတ်ရာများ၌ စက်တော်ဖြန့်တော်မူသောအရှင်၏နာမတော်ကား၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်ပေတည်း။