2
ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊ ဧဒုံဘုရင်၏အရိုးများကို ပြာကျအောင် ဖုတ်သော၊ မောဘလူမျိုး၏ လွန်ကျူးမှုသုံးမျိုးမက၊ လေးမျိုးအလျောက်ခံသင့်ဒဏ်ကို၊ ငါမပလပ်စေဘဲ၊ ကေရုတ်မြို့နန်းဆောင်များကျွမ်းလောင်ရန်မီးကို၊ အသံဗလံပြုခြင်း၊ အောင်သံလွှင့်ခြင်း၊ တံပိုးမှုတ်ခြင်းနှင့်တကွ၊ မောဘပြည်သို့စေလွှတ်မည့်အတိုင်း၊ သေပျက်ရသော မောဘလူမျိုးအနက်၊ တရားမင်းကို ပယ်ရှားလျက်၊ မှူးမတ်တို့ကိုလည်းကွပ်မျက်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊ ငါ့ထုံးဖွဲ့ချက်များကို မစောင့်ရှောက်ဘဲ၊ ပညတ်တရားတော်ကိုစွန့်ပယ်လျက်၊ ဘိုးဘေးတို့လိုက်ေလျှာက်ခဲ့သောမုသာများကြောင့်၊ လမ်းလွဲသောယုဒအမျိုး၏လွန်ကျူးမှုသုံးမျိုးမက၊ လေးမျိုးအလျောက် ခံသင့်ဒဏ်ကို၊ ငါမပလပ်စေဘဲ၊ ယေရုရှလင်မြို့နန်းဆောင်များ ကျွမ်းလောင်ရန်မီးကို၊ ယုဒပြည်သို့စေလွှတ်မည်ဟုမိန့်တော်မူ၏။
6-8 ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊ ဖြောင့်မတ်သူ့ကိုငွေနှင့်လည်းေကာင်း၊ နွမ်းပါးသူကို ဖိနပ်တစ်ရံနှင့်လည်းေကာင်း ရောင်းစားခြင်း၊ ဆင်းရဲသား၏ဦးခေါင်းတွင် ကပ်ပါသော မြေမုန့် ကိုပင် တပ်မက်ခြင်း၊ စိတ်နှိမ့်ချသူ့ကို လမ်းလွဲစေခြင်း၊ မိန်းမကို အဖနှင့်သားပါဆက်ဆံ၍၊ သန့်ရှင်းသောငါ့နာမကိုရှုတ်ချခြင်း၊ အပေါင်ခံအဝတ်ကိုခင်းလျက်၊ ယဇ်ပလ္လင်တိုင်း္ အနီး၌အိပ်ခြင်း၊ လျော်ကြေးနှင့် ဝယ်သောစပျစ်ရည်ကို၊ ကိုယ့်ဘုရားသခင့်ဗိမာန်တော်၌ သောက်ခြင်းပြုသော၊ ဣသရေလအမျိုး၏ လွန်ကျူးမှုသုံးမျိုးမက၊ လေးမျိုးအလျောက် ခံသင့်ဒဏ်ကို၊ ငါပလပ်စေမည်မဟုတ်။ အထက်က၊ သစ်ကတိုးပင်နှင့်အမျှ၊ အရပ်မြင့်လျက်၊ ညန်ပင်နှင့်အမျှ၊ သန်မာသောအာမောရိလူမျိုးကို၊ 10 အထက်အသီး၊ အောက်အမြစ်များနှင့်တကွ၊ သင်တို့ရှေ့တွင် ငါပယ်ရှားလျက်၊ ထိုအာမောရိပြည်ကို အပိုင်ရစေခြင်းငှာ၊ အိဂျစ်ပြည်မှ ထုတ်ဆောင်ပြီးလျှင်၊ နှစ်ပေါင်း လေးဆယ်ကာလပတ်လုံးသဲကန္တာရတစ်ေလျှာက်ဖြင့် ပို့ဆောင်သည့်ပြင်၊ 11 အမျိုးသားတို့အနက် ပရောဖက်များကိုလည်းေကာင်း၊ လူပျိုတို့အနက် ပရဗိုဇ်များကိုလည်းေကာင်း၊ ပေါ်ထွန်းစေခဲ့ပြီ။ အိုဣသရေလ အမျိုးသားတို့၊ ထိုသို့မှန်သည်မဟုတ်လောဟု၊ ငါထာဝရဘုရားမေးလေ၏။ 12 သင်တို့မှာမူ၊ ပရဗိုဇ်ဂိုဏ်းသားတို့အား စပျစ်ရည်တိုက်လျက်၊ ပရောဖက်တို့အား မဟောလင့်ဟု မြစ်တားလျက်နေကြသည်တကား။ 13 သို့ဖြစ်၍ ငါသည်၊ ကောက်လှိုင်းအပြည့်တင်သောလှည်းနင်းသည့်နည်းတူ၊ သင်တို့ကိုဖိနင်းသဖြင့်၊ 14 လျင်မြန်သူသည် ပြေးခွင့်၊ ခွန်အားကြီးသူသည် သတ္တိထုတ်ခွင့်၊ သူရဲကောင်းသည် သေဘေးလွတ်ခွင့်၊ 15 လေးကိုင်သည့်ခံရပ်ခွင့်၊ ခြေလျင်သည် လွတ်မြောက်ခွင့်၊ မြင်းစီးသူသည် သေဘေးလွတ်ခွင့်မရကြဘဲ၊ 16 ထိုကာလ၌ စိတ်ရဲရင့်သောသူရဲကောင်းပင်၊ လက်လွတ်ထွက်ပြေးလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။