20
1 ထိုသို့ ရုန်းရင်းခတ်ဖြစ်ခြင်းရပ်စဲသည့်နောက် ပေါလုသည် တပည့်တော်တို့ကိုခေါ်စေ၍ နှိုးဆော်နှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့ထွက်သွားလေ၏။
2 ထိုနယ်များကိုေလျှာက်လျက် များစွာနှိုးဆော်ပြီးသော်၊
3 ဂရိတ်ပြည်သို့သွားရောက်၍ သုံးလကြာမှ ရှုရိပြည်သို့သင်္ဘောစီးမည့်အခိုက် အသက်အန္တရာယ်ကို ယုဒလူမျိုးတို့ရှာကြံကြသဖြင့် မာကေဒေါနိပြည်ကိုဖြတ်၍ ပြန်မည်ပြဋ္ဌာန်း၏။
4 ထိုအခါ အပေါင်းပါဖြစ်သူ ဗေရိမြို့နေပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သားအာရိတ္တာခုနှင့်သေကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ တိမောသေ၊ အာရှိပြည်သားတုခိတ်နှင့် တရောဖိမ်တို့သည်၊
5 သွားနှင့်ပြီးလျှင် တရောမြို့တွင်ငါတို့ကိုစောင့်ဆိုင်းလျက်နေကြ၏။
6 တဆေးမဲ့မုန့်ပွဲအခါလွန်သည့်နောက် ငါတို့လည်း ဖိလိပ္ပိမြို့မှသင်္ဘောစီးလျက် ထိုသူတို့ရှိရာတရောမြို့သို့ ငါးရက်နှင့်ရောက်၍ ခုနစ်ရက်နေထိုင်ကြ၏။
7-8 သိတင်းဦးနေ့၌ ငါတို့သည်မုန့်ဖဲ့ဝတ်ကိုပြုရန်စည်းဝေးလျက်နေကြသော် နောက်နေ့၌ သွားမည့်အကြံရှိသောပေါလုသည် ငါတို့စည်းဝေးရာအထက်ခန်းတွင် မီးခွက်များစွာထွန်းသည်နှင့် သန်းခေါင်တိုင်အောင်သင်ကြားဟောပြောစဉ်၊
9 လေသာပေါက်တွင်ထိုင်၍ များစွာငိုက်မျည်းသောဥတုခုဆိုသူ လူငယ်တစ်ယောက်သည် ပေါလုအကျယ်ဟောပြောရာတွင်အိပ်ကြူးသဖြင့် တတိယဆင့်မှကျ၍ အလောင်းကိုချီယူကြ၏။
10 ထိုကာလပေါလုသည်ဆင်းသွား၍ အလောင်းပေါ်မှာမှောက်လှဲဖက်ယမ်းလျက် မမြည်တမ်းကြနှင့်။ သူ၌ အသက်ရှိသည်ဟုဆိုပြီးနောက်၊
11 တက်ပြန်၍မုန့်ကိုဖဲ့စားပြီးလျှင် မိုးမသောက်မချင်းနှီးနှောပြောဆိုပြီးမှ ထွက်သွားလေ၏။
12 ဆိုခဲ့သောသူငယ်ကိုလည်း အသက်ရှင်လျက်ခေါ်ခဲ့ကြရာ အတိုင်းမသိနှစ်သိမ့်ရကြ၏။
13 ငါတို့မူကား ကုန်းကြောင်းသွားမည့်အကြံရှိသော ပေါလုစီမံခဲ့သည့်အတိုင်း သင်္ဘောတက်၍အဿုမြို့မှ ပေါလုတက်စီးမည်အောက်မေ့လျက် စီးနှင့်ကြ၏။
14 ထိုသို့ ပေါလုသည် အဿုမြို့တွင်ငါတို့နှင့်တွေ့ဆုံသော်၊
15-16 တက်စီးလျက်မိတုလင်မြို့သို့လွှင့်၍တစ်ဖန်လွှင့်ပြန်သော်၊ နောက်နေ့တွင် ခိအုကျွန်းရင်ဆိုင်ရောက်ပြီးလျှင် နောက်တစ်နေ့ သာမုကျွန်းတွင်ဆိုက်ကြ၏။ ပေါလုသည် ပင်တေကုတ္တေပွဲမီ ယေရုရှလင်မြို့သို့ရောက်နိုင်လျှင်ရောက်လို၍ အာရှိပြည်တွင်မကြန့်ကြာဘဲ ဧဖက်မြို့ကိုရှောင်၍ လျင်လျင်သွားမည်ပြဋ္ဌာန်းသည့်အတိုင်း နောက်နေ့၌မိလက်မြို့သို့ရောက်ကြ၏။
17 ထိုအခါပေါလုသည် မိလက်မြို့မှဧဖက်မြို့သို့လူလွှတ်၍ အသင်းတော်ဥက္ကဋ္ဌတို့ကို ပင့်ခေါ်သည့်အတိုင်းရောက်လာကြသော် ပြောဆိုသည်မှာ၊
18 ငါသည်အာရှိပြည်ကို ဦးစွာရောက်သည့်နေ့မှစ၍ သင်တို့နှင့်အတူနေထိုင်သမျှကာလအတွင်း၊
19 အရှင်ဘုရားအမှုတော်ကိုစုံလင်စွာစိတ်နှိမ့်ချလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူမျိုးတို့ရန်ရှာခြင်းများကြောင့် အစုံအစမ်းခံရလျက် မည်သို့ဆောင်ရွက်သည်ကိုလည်းေကာင်း၊
20-21 ဘုရားသခင့်မျက်မှောက်တွင် နောင်တရခြင်း၊ ငါတို့အရှင်ယေရှုခရစ်ကိုယုံကြည်ခြင်းအကြောင်း၊ ယုဒလူမျိုးနှင့်ဂရိတ်လူမျိုးတို့အား သက်သေခံလျက် လူပရိသတ်ရှေ့နှင့်အိမ်များတွင်သင်ကြားခြင်း၊ သင်တို့အကျိုးကျေးဇူးဖြစ်ထွန်းစေရာအကြောင်း ကြော်ငြာခြင်းများမှမတွန့်တိုဘဲမည်သို့နေသည်ကိုလည်းေကာင်း၊ သင်တို့သိကြ၏။
22-23 ယခုမှာ ကြည့်ကြလော့။ မြို့ရွာတိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်သက်သေခံသည့်အလျောက်၊ ချည်နှောင်ခြင်း၊ ညှဉ်းပန်းခြင်းများကိုခံရသည့်ပြင် ငါ၌မည်သို့ဖြစ်ပျက်မည်ကိုမသိဘဲ စိတ်ချည်နှောင်လျက် ယေရုရှလင်မြို့သို့ငါသွားရ၏။
24 သို့သော်လည်း ဘုရားသခင့်ကျေးဇူးတော်ဆိုင်ရာသတင်းတော်မြတ်ကို သက်သေခံရန် အရှင်ယေရှုထံမှငါခံရသော အမှုနှင့်အငန်းအတာကို ပြီးစီးအောင်ဆောင်ရွက်ခွင့်ရလျှင် ငါသည်ကိုယ့်အသက်ကို ပမာဏမပြု၊ နှမြောခြင်းမရှိ။
25 ယခုမှာကြည့်ကြဦးလော့။ နိုင်ငံတော်အကြောင်း ငါလှည့်လည်ဟောပြောလျက်နေဘူးသော သင်တို့တစ်စုံတစ်ယောက်မျှ ငါ့မျက်နှာကိုမြင်ရတော့မည်မဟုတ်ဟုငါသိသည့်အတိုင်း၊
26-27 သင်တို့အား ဘုရားသခင့်အကြံအရွယ်တော်ကိုအကုန်အစင်ကြော်ငြာခြင်းမှ မတွန့်တိုခဲ့သောကြောင့် ရှိသမျှတို့၏အသွေးနှင့်ငါကင်းရှင်းကြောင်း ယနေ့ပင်ငါဓိဋ္ဌာန်ပြု၏။
28 ကိုယ့်အသွေးတော်ဖြင့်၁ 20.28 ေရှးကျမ်းေဟာင်းအချို့အလိုက်။ အရှင်ဘုရား။ ဘုရားသခင်အပိုင်ရတော်မူသောအသင်းတော်ကို ထိန်းကျောင်းကြစေရန် သင်းအုပ်များအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ခန့်ထားတော်မူသည့်အလျောက် သိုးတော်တစ်အုပ်လုံးကိုလည်းေကာင်း၊ ကိုယ်ကိုလည်းေကာင်းဂရုပြုကြလော့။
29 ငါထွက်သွားသည့်နောက် ကြမ်းတမ်းသောဝံပုလွေတို့သည် သိုးအုပ်တော်ကိုမညှာဘဲ သင်တို့ဘောင်သို့ ဝင်လာမည့်ပြင်၊
30 သင်တို့အနက်လည်း တပည့်တော်တို့ကိုမိမိတို့နောက်ဆုတ်လိုက်စေရန် လိမ်လည်ဟောပြောသူများပေါ်ထွက်မည်ကို ငါသိ၏။
31 ထိုကြောင့်ငါသည် သင်တို့အသီးအသီးအား သုံးနှစ်တိုင်တိုင်နေ့ညဉ့်မပြတ် မျက်ရည်ကျလျက် ဆုံးမသွန်သင်ခဲ့ကြောင်းသတိရ၍ စောင့်နေကြလော့။
32 ယခုမှာငါသည် သင်တို့ကိုဘုရားသခင်သို့လည်းေကာင်း၊ သီးသန့်ထားတော်မူသမျှသောသူတို့ဘောင်တွင် အပိုင်ပေးခွင့်နှင့် ဆောက်တည်ခွင့်တန်ခိုးရှိသော ကျေးဇူးတော်ဆိုင်ရာတရားတော်သို့လည်းေကာင်းအပ်လိုက်၏။
33 ငါသည် မည်သူ့ရွှေငွေအဝတ်အစားကိုမျှ တပ်မက်ခြင်းကင်းလျက်၊
34 ကိုယ်တိုင်မှစသော အပေါင်းပါတို့လိုအပ်သမျှကို လက်ဆုပ်လက်ကိုင်ထောက်မခဲ့ကြောင်း သင်တို့သိကြ၏။
35 ခံယူခြင်းထက်ပေးကမ်းခြင်း၌ မင်္ဂလာရှိသည်ဟုအရှင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူချက်ကို အောက်မေ့ကြသည့်ပြင် အားနည်းသူတို့ကိုထိုသို့ကြိုးစားလုပ်ကိုင်ခြင်းဖြင့် ထောက်ပံ့သင့်ကြောင်း အရာရာတွင် ငါသည်သင်တို့အား ပုံစံပြခဲ့သည်ဟုပြောဆိုပြီးနောက်၊
36 ဒူးထောက်၍ ထိုသူရှိသမျှတို့နှင့်အတူပဌနာပြုလေ၏။
37-38 ထိုသူတို့လည်း သူ့မျက်နှာကို ကြည့်မြင်ရတော့မည်မဟုတ်ဟူသောစကားကြောင့် အထူးဝမ်းနည်းသဖြင့် သည်းစွာငိုကြွေးလျက် ပေါလုကို လည်ရှက်ဘက်ယမ်းနမ်းရှုပ်ပြီးလျှင် သင်္ဘောသို့လိုက်ပို့ကြ၏။