11
ပတ္ထနာတော်
(မ ၆:၉-၁၃, ၇:၇-၁၁)
1 တစ်ရံရောအခါ ကိုယ်တော်သည် တစ်စုံတစ်ခုသောအရပ်တွင် ဆုတောင်းတော်မူပြီးလျှင်၊ တပည့်တော်တစ်ယောက်က၊ သခင်၊ ဆုတောင်းစေခြင်းငှာ ယောဟန်သည်မိမိတပည့်တို့အား နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော်၊-
2 ကိုယ်တော်က၊ သင်တို့သည်ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့+ ၁၁း၂ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့ အချို့ရှေးလက်ရေးမူ "ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့" မပါ အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။-
3 အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။+ ၁၁း၃ အလိုတော်သည်---ပြည့်စုံပါစေသော အချို့ရှေးလက်ရေးမူ "အလိုတော်သည်ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသော်" မပါ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက် အစဉ်အတိုင်း ပေးသနားတော်မူပါ။-
4 အကျွန်ုပ်တို့ကို ပြစ်မှားသောသူရှိသမျှတို့၏ အပြစ်ကို အကျွန်ုပ်တို့သည်လွှတ်သောကြောင့်၊ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း+ ၁၁း၄ မကောင်းသောအမှုအရာမှလည်း--- အချို့ရှေးလက်ရေးမူ "မကောင်းသောအမှုအရာမှလည်း---" မပါ ကယ်နုတ်တော်မူပါဟု ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။
5 တစ်ဖန် မိန့်တော်မူသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍၊ သန်းခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့သွားပြီးလျှင်၊ အဆွေ၊-
6 အကျွန်ုပ် အဆွခင်ပွန်းတစ်ယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကို ကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေးနှင့်ပါဟု ဆိုသော်၊-
7 အိမ်ရှင်ကလည်း၊ ငါ့ကိုမနှောင့်ယှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့် အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ၊-
8 ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေးသော်လည်း၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ၍လိုချင်သမျှကို ပေးလိမ့်မည်။-
9 တစ်ဖန် ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။-
10 တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။-
11 သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည် ကျောက်ကိုပေးမည်လော့။ ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော့။-
12 ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။-
13 သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။
သခင်ယေရှုနှင့်ဗေလဇေဗုလ
(မ ၁၂:၂၂-၃၀ မာ ၃:၂၀-၂၇)
14 တစ်ရံရောအခါ စကားအသောနတ်ဆိုးကို နှင်ထုတ်တော်မူ၍၊ နတ်ဆိုးထွက်သည်နောက် အသောသူသည် စကားပြော၏။ အစုအဝေးတို့သည်လည်း အံ့ဩကြ၏။-
15 အချို့တို့က ဤသူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။-Ref ၁၁:၁၅။ မ ၉:၃၄၊ ၁၀:၂၅။
16 အချို့တို့သည်လည်း၊ စုံစမ်းနှောင့်ယှက်ခြင်းငှာ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။-Ref ၁၁:၁၆။ မ ၁၂:၃၈၊ ၁၆:၁။ မာ၊ ၈:၁၁။
17 ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်၊ အိမ်မည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် လဲလိမ့်မည်။-
18 ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန်သည် မိမိနှင့် မသင်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။-
19 ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထိုကြောင့် သူတို့သည် သင်တို့အား တရားစီရင်သောသူ ဖြစ်ကြလိမ့်မည်။-
20 ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော် တည်ချိန်ရောက်လေပြီ။-
21 သူရဲသည် လက်နက်စုံနှင့် မိမိအိမ်ဦး၌ စောင့်နေစဉ်အခါ သူ၏ဥစ္စာသည် လုံခြုံစွာရှိ၏။-
22 သူ့ထက် တတ်စွမ်းနိုင်သောသူသည် လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသော လက်နက်စုံကိုသိမ်းယူ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည်။-
23 ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူဖြစ်၏။Ref ၁၁:၂၃။ မာ ၉:၄၀။
ညစ်ညူးသောနတ်ပြန်လာခြင်း
(မ ၁၂:၄၃-၄၅)
24 ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌ လည်၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ပြန်ရဦးမည်ဟု ဆို၍၊-
25 ရောက်သောအခါ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကို တွေ့သော်၊-
26 မိမိထက်သာ၍ ညစ်ညူးသောနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍ နေကြ၏၊ ထိုလူ၏နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ ဆိုးသည်ဟု မိန့်တော်မူ၏။
မင်္ဂလာအစစ်အမှန်
27 ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတစ်ယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကို လွယ်သောဝမ်းနှင့် စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ဟု လျှောက်လျှင်၊-
28 ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာ၍ ကျင့်စောင့်သောသူသည် မြတ်စွာသော မင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။
နိမိတ်လက္ခဏာကိုတောင်းဆိုခြင်း
(မ ၁၂:၃၈-၄၂)
29 လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါ ကိုယ်တော်က၊ ဤလူမျိုးသည် ဆိုးညစ်သောအမျိုးဖြစ်၏။ နိမိတ်လက္ခဏာကို တောင်းသည်မှာ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။-Ref ၁၁:၂၉။ မ ၁၆:၄။ မာ၊ ၈:၁၂။
30 ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည် ဤလူမျိုးအား ဖြစ်လိမ့်မည်။-Ref ၁၁:၃၀။ ယောန ၃:၄။
31 တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား။ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှာ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။-Ref ၁၁:၃၁။ ၃ရာ ၁၀:၁-၁၀။ ၆ရာ၊ ၉:၁-၁၂။
32 တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောနဟောပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။Ref ၁၁:၃၂။ ယောန ၃:၅။
ကိုယ်၏ဆီမီး
(မ ၅:၁၅, ၆:၂၂-၂၃)
33 ဆီမီးထွန်း၍ ကွယ်ရာ၌ဖုံးထားလေ့မရှိ။ တောင်းဇလားအောက်၌လည်း ထားလေ့မရှိ။+ ၁၁း၃၃ တောင်းဇလားအောက်--ထားလေ့မရှိ အချို့လက်ရေးမူ "တောင်းဇလားအောက်၌လည်း ထားလေ့မရှိ" မပါ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှာ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။-Ref ၁၁:၃၃။ မ ၅:၁၅။ မာ၊ ၄:၂၁။ လု၊ ၈:၁၆။
34 ကိုယ်၏ဆီမီးကား၊ မျက်စိတည်း။ ထိုကြောင့် မျက်စိကြည်လင်သောအခါ တစ်ကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးယှက်သောအခါ တစ်ကိုယ်လုံးမိုက်လိမ့်မည်။-
35 ကိုယ်၌ရှိသောအလင်းကို မှောင်မိုက်မဖြစ်စေခြင်းငှာ သတိပြုလော့။-
36 အင်္ဂါတစ်ခုမျှမမိုက်ဘဲ တစ်ကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက်ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့ကို အပြစ်တင်ခြင်း
(မ ၂၃:၁-၃၆ မာ ၁၂:၃၈-၄၀)
37 ထိုသို့မိန့်တော်မူစဉ်တွင် ဖာရိရှဲတစ်ယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှာ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ သူ၏အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။-
38 အစာကိုမစားမီ ဆေးခြင်းကို ပြုတော်မမူသည်ကို ဖာရိရှဲသည်မြင်လျှင် အံ့ဩလေ၏။-
39 သခင်ဘုရားကလည်း၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ၏။-
40 လူမိုက်တို့၊ အပြင်ကို ဖန်ဆင်းသောသူသည် အတွင်းကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။-
41 သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင်သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အားသန့်ရှင်းကြလိမ့်မည်။-
42 ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်းရွက်၊ လျူရွက်မျိုးမှစ၍ မြက်ပင်အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့ လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကို ချစ်ခြင်းအမှုကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။-Ref ၁၁:၄၂။ ဝတ် ၂၇:၃၀။
43 ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ တရားဇရပ်၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း၊ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။-
44 သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မထင်ရှားသော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ၏။
45 ကျမ်းတတ်တစ်ယောက်ကလည်း၊ အရှင်ဘုရား ထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ်တင်တော်မူ၏ဟု လျှောက်သော်၊-
46 ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထမ်းခဲသောဝန်ကို သူတစ်ပါးအပေါ်မှာ တင်တတ်၏။-
47 ကိုယ်လက်ဖျားနှင့်မျှ မတို့ကြ။ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်တို့၏ သင်္ချိုင်းများကိုတည်လုပ်၍၊ သင်တို့၏ ဘိုးဘေးများသည် သူတို့ကိုသတ်ကြ၏။-
48 အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့၏ အပြုအမူကို လက်ခံကြ၏။ ဘိုးဘေးတို့သည် ပရောဖက်များကို သတ်ကြပြီ။ သင်တို့မူကား၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။
49 ထိုကြောင့်၊ ဘုရားသခင်၏ ဉာဏ်စီရင်တော်မူသည်ကား၊ ပရောဖက်၊ တမန်တော်တို့ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်။ သူတို့သည် ထိုပရာဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲကြလိမ့်မည်။ အချို့တို့ကို သတ်ကြလိမ့်မည်။-
50 ထိုကြောင့်၊ အာဗေလ၏ အသွေးမှစ၍၊ ယဇ်ပလ္လင်နှင့် အိမ်တော်၏အကြား၌ သတ်ခဲ့ပြီးသော ဇာခရိ၏အသွေးတိုင်အောင် ကမ္ဘာဦးမှစ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့၏ အသွေးကြောင့် ယခုဖြစ်သော လူတို့သည် စစ်ကြောခြင်းကို ခံရကြမည်။-Ref ၁၁:၅၁။ က ၄:၈။ ၆ရာ၊ ၂၄:၂၀-၂၁။
51 ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူတို့သည် ထိုစစ်ကြောခြင်းကို ခံရကြမည်။
52 ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟု မိန့်တော်မူ၏။-
53 ထိုသို့ ပရိတ်သတ်တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရမည်အကြောင်း၊-
54 ချောင်းမြောင်းလျက် စကားတော်ကိုဖမ်းခြင်းငှာ ရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာတို့၌ မေးစစ်ကြ၏။