10
သိုး​ထိန်း​ဥ​ပ​မာ
ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့်မဝင်၊ အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုးဓားပြဖြစ်၏။- သိုးထိန်းမူကား၊ တံခါးဝဖြင့်ဝင်တတ်၏။- ထိုသူအား တံခါးစောင့်လည်းဖွင့်တတ်၏။ သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏။ သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။- မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။
ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက်အဓိပ္ပာယ်ကို နားမလည်ကြ။
ကောင်းသောသိုး​ထိန်း
ထိုကြောင့် တစ်ဖန်ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သောတံခါးဝ ဖြစ်၏။- ငါရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးဓားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။- ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့် ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။- 10 သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှာ လာသတည်း။
11 ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလိုငှာ မိမိအသက်ကို စွန့်တတ်၏။- 12 သိုးများကိုပိုင်သော သိုးထိန်းမဟုတ်၊ သူငှားဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင်၊ သိုးတို့ကို ပစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း၊ သိုးတို့ကို လုယက်၍ ကွဲလွင့်စေ၏။- 13 သူငှားသည် သူငှားဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။- 14 ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။- 15 ငါသည် ကိုယ်အသက်ကို သိုးတို့အဖို့အလိုငှာ စွန့်၏။-Ref ၁၀:၁၅။ မ ၁၁:၂၇။ လု၊ ၁၀:၂၂။ 16 ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတစ်ခု သိုးထိန်းတစ်ပါးတည်း ရှိရလိမ့်မည်။- 17 ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တစ်ဖန် ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။- 18 ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသောအခွင့်နှင့် နောက်တစ်ဖန် ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီဟု မိန့်တော်မူ၏။- 19 ထိုစကားတော်ကြောင့် ယုဒလူတို့သည် တစ်ဖန် ကွဲပြားခြင်းရှိကြ၏။- 20 လူများတို့က၊ သူသည် နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။- 21 အချို့တို့က၊ သူ့စကားသည် နတ်ဆိုးစွဲသောသူ၏စကား မဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသောသူတို့ကို မြင်စေခြင်းငှာ တတ်နိုင်သလောဟုဆိုကြ၏။
ယု​ဒ​အ​မျိုး​သား​တို့ပစ်​ပယ်​ခြင်း
22 ဆောင်းကာလဖြစ်၍ အင်္ကဲနိပွဲ+ ၁၀း၂၂ အင်္ကဲနိပွဲ အချို့ကျမ်းမူများတွင် ‘‘အနုမောဒနာပွဲ’’ ဟုပြန်ဆိုထားသည် ကို ယေရုရှလင်မြို့၌ ခံကြသောအခါ၊ 23 ယေရှုသည် ဗိမာန်တော်နားမှာ ရှောလမုန်ကနားပြင်၌ စင်္ကြံသွားတော်မူစဉ်တွင်၊- 24 ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည်နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟု ဆိုကြ၏။- 25 ယေရှုကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏။- 26 သို့သော်လည်း သင်တို့သည် မယုံကြ။ အဘယ်ကြောင့် မယုံကြသနည်းဟူမူကား၊ သင်တို့သည် ငါ့သိုးတို့ အဝင်မဟုတ်။ အထက်က ငါပြောသည်အတိုင်း၊- 27 ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။- 28 ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနုတ်မယူရာ။- 29 ထိုသိုးတို့ကို ငါ့၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍၊ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏လက်မှ မနုတ်မယူနိုင်ရာ။-+ ၁၀း၂၉ ငါ့ခမည်းတော်သည်---မနုတ်မယူနိုင်ရာ အချို့ရှေးမူများတွင် "ငါ့ခမည်းတော်သည် ငါ၌အပ်ပေးတော်မူသော ခပ်သိမ်းသောအရာထက်ကြီးမြတ်တော်မူသည်ဖြစ်၍ မည်သူမျှထိုအရာကို ငါ့ခမည်းတော်လက်မှ မနုတ်မယူနိုင်ရာ" 30 ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။
31 ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ တစ်ဖန် ကျောက်ခဲတို့ကို ကောက်ယူကြ၏။- 32 ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊- 33 ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။-Ref ၁၀:၃၃။ ဝတ် ၂၄:၁၆။ 34 ယေရှုကလည်း၊ သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။-Ref ၁၀:၃၄။ ဆာ ၈၂:၆။ 35 ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်လည်းကောင်း၊ ကျမ်းစကားကို မပယ်ရလျှင်လည်းကောင်း၊- 36 ခမည်းတော်သည်သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည်ဘုရားသခင်၏ သားတော်ဖြစ်သည်ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ပြောသည်ဟု ထိုသူအားဆိုရာသလော။- 37 ငါသည် ငါ့ခမည်းတော်၏အမှုတို့ကို မပြုလျှင် ငါ့ကိုမယုံကြနှင့်။- 38 ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကိုလည်းကောင်း၊ ငါသည်ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း ယုံ၍ သိမှတ်ကြလိမ့်ဟု မိန့်တော်မူ၏။
39 ထိုအခါ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ တစ်ဖန် ရှာကြပြန်လျှင်၊ ထိုသူတို့၏လက်မှ ထွက်ကြွတော်မူ၏။- 40 ယောဟန်သည် ဗတ္တိဇံကို ရှေ့ဦးစွာပေးရာအရပ်၊ ယော်ဒန်မြစ်တစ်ဖက်သို့ တစ်ဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။-Ref ၁၀:၄၀။ ယော ၁:၂၈။ 41 လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော်လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊- 42 ထိုအရပ်၌ လူများတို့သည် ကိုယ်တော်ကို ယုံကြည်ကြ၏။