40
ဗိမာန်တော်ဆိုင်ရာရူပါရုံ
ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ်နှစ်ဆယ်ငါးခု၊ ပထမလဆယ်ရက်နေ့၊ မြို့တော်ကို လုပ်ကြံ၍၊ တစ်ဆယ်လေးနှစ် စေ့သောနေ့တွင်၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာရှိ၍ ထိုမြို့သို့ဆောင်သွားတော်မူ၏။ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကို ဣသရေလပြည်သို့ဆောင်သွား၍၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မူ၏။ ထိုတောင်အနားမှာ တောင်ဘက်၌ မြို့ပုံသဏ္ဌာန်ရှိ၏။Ref ၄၀:၂။ ဗျာ ၂၁:၁၀။ ထိုအရပ်သို့ ငါ့ကို ဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့အဆင်းအရောင်ရှိသော လူတစ်ဦးသည် တိုင်းစရာကျူလုံးနှင့် ချည်ကြိုးကို ကိုင်လျက် မြို့တံခါးဝမှာ ရပ်နေ၏။Ref ၄၀:၃။ ဗျာ ၁၁:၁၊ ၂၁:၁၅။ ထိုသူက၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ စေ့စေ့နားထောင်လော့။ ငါပြလတ္တံ့သမျှတို့ကို နှလုံးသွင်းလော့။ သင့်အား ငါပြအံ့သောငှာ သင့်ကိုဤအရပ်သို့ဆောင်ခဲ့တော်မူပြီ၊ မြင်သမျှတို့ကိုလည်း ဣသရေလအမျိုးအား ပြရမည်ဟုဆို၏။
တံတိုင်း
အိမ်တော်ပြင်ပတ်လည်၌ တံတိုင်းရှိ၏။ ထိုသူသည် သံတောင်အားဖြင့် အရှည်ခြောက်တောင်ရှိသော ကျူလုံးကို ကိုင်လျက်၊ ထိုတံတိုင်းကိုတိုင်း၍ အထုကျူတစ်ပြန်၊ အမြင့်လည်း ကျူတစ်ပြန်ရှိ၏။ ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း၍ အနံ ကျူတစ်ပြန်စီရှိ၏။ အခန်းငယ်တို့သည် တစ်ခန်းနှင့် တစ်ခန်း ငါးတောင်ကွာလျက် အလျားကျူတစ်ပြန်၊ အနံလည်း ကျူတစ်ပြန်စီရှိကြ၏။ အတွင်းတံခါးခုံလည်း အနံကျူတစ်ပြန်ရှိ၏။ တံခါးမုခ်ကိုလည်း တိုင်း၍ အလျားရှစ်တောင်ရှိ၏။ မုခ်တိုင်အမြင့် နှစ်တောင်စီရှိ၏။ တံခါးမုခ်သည် တံခါးအတွင်းဘက်၌ ရှိသတည်း။ 10 အရှေ့တံခါး တစ်ဖက်တစ်ချက်၌ အခန်းငယ်သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တစ်ဖက်တစ်ချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။ 11 တံခါးဝကိုလည်းတိုင်း၍ အနံဆယ်တောင်၊ အမြင့်တစ်ဆယ်သုံးတောင်ရှိ၏။ 12 အခန်းငယ်တို့ရှေ့မှာ တစ်ဖက်တစ်ချက်၌ ကြမ်းပြင်အနံ တစ်တောင်ရှိ၏။ တစ်ဖက်တစ်ချက်၌ရှိသော အခန်းငယ်တို့သည် အလျားအနံ ခြောက်တောင်စီရှိ၏။ 13 ထိုနောက်၊ အခန်းငယ်အမိုးစွန်း တစ်ခုမှသည် တစ်ခုတိုင်အောင် တိုင်း၍ အကျယ်နှစ်ဆယ်ငါးတောင်ရှိ၏။ တံခါးတို့သည် မျက်နှာချင်းဆိုင်ကြ၏။ 14 တံခါးပတ်လည် တံတိုင်းအတွင်း၊ ထောင့်တိုင်အထိ၊ အတောင်ခြောက်ဆယ်ကျယ်အောင် တိုင်များကို ထားလေ၏။ 15 ပြင်တံခါးဝမှသည် အတွင်းတံခါးမုခ်ဝတိုင်အောင် အတောင်ငါးဆယ်ရှိ၏။ 16 အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုခ်များ အတွင်းဘက်၌ ကျဉ်းသော​ပြူ​တင်းပေါက်များရှိ၏။ တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
အ​ပြင်​တံ​တိုင်း​
17 ထိုနောက်၊ ငါ့ကို ပြင်တံတိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ်ရှိ၏။ 18 တံခါးများ အစဉ်အတိုင်းလိုက်၍၊ တံခါးအနားမှာ ရှိသော ကျောက်ခင်းသည် အောက်ကျောက်ခင်း ဖြစ်၏။ 19 ထိုနောက်၊ အောက်တံခါးဦးမှသည် အတွင်း တံတိုင်းပြင်ဘက်ဦးတိုင်အောင် တိုင်း၍၊ အရှေ့မျက်နှာ၌ အတောင်တစ်ရာကွာ၏။
ပြင်တံတိုင်းမြောက်​ဘက်
20 တစ်ဖန် မြောက်မျက်နှာသို့ ခေါ်သွား၍၊ ပြင်တံတိုင်းမြောက်ဘက်သို့ မျက်နှာပြုသော တံခါးအမြင့်နှင့် အနံကို တိုင်းလေ၏။ 21 အခန်းတို့သည် တစ်ဖက်တစ်ချက်၌ သုံးခန်းစီရှိ၏။ တိုင်များ၊ မုခ်များတို့သည် အရင်တံခါးကဲ့သို့ဖြစ်၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။ 22 ​ပြူ​တင်းပေါက်၊ မုခ်၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ၏။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုခ်တို့သည် လှေကားနှင့် တစ်တန်းတည်းရှိကြ၏။ 23 အရှေ့ဘက်၌ရှိသကဲ့သို့ မြောက်တံခါးမျက်နှာချင်းဆိုင်အတွင်း တံတိုင်းတံခါးဝရှိ၏။ တံခါးဝတစ်ခုနှင့် တစ်ခု အတောင်တစ်ရာကွာ၏။
တောင်​တံတိုင်း
24 ထိုနောက်၊ တောင်မျက်နှာသို့ခေါ်သွား၍ တောင်တံခါးကိုငါမြင်၏။ တိုင်များ၊ မုခ်များကိုတိုင်း၍ အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ 25 အရင်​ပြူ​တင်းပေါက်ကဲ့သို့ ​ပြူ​တင်းပေါက်များ၊ မုခ်များရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံ နှစ်ဆယ်ငါးတောင်ရှိ၏။ 26 လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုခ်တို့သည် လှေကားနှင့် တစ်တန်းတည်းရှိကြ၏။ တစ်ဖက်တစ်ချက်တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ 27 တောင်မျက်နှာ၌ အတွင်းတံတိုင်းတံခါးဝရှိ၏။ ထိုမျက်နှာ၌ တံခါးဝတစ်ခုမှသည် တစ်ခုတိုင်အောင်တိုင်း၍ အတောင်တစ်ရာ ကွာ၏။
တောင်ဘက်အတွင်းတံ​တိုင်း
28 တစ်ဖန် အတွင်းတံတိုင်းထဲသို့ တောင်တံခါးဖြင့်သွင်း၍၊ အရင် ပမာဏနှင့်အညီ ထိုတံခါးကို တိုင်းလေ၏။ 29 အခန်းငယ်များ၊ တိုင်များ၊ မုခ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည်၌လည်းကောင်း၊ မုခ်များ၌လည်းကောင်း ​ပြူ​တင်းပေါက်ရှိ၍၊ အလျားအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။ 30 ပတ်လည်၌ရှိသော မုခ်တို့သည်လည်း အလျား အတောင်နှစ်ဆယ်ငါးတောင်၊ အနံ ငါးတောင်ရှိ၏။ 31 မုခ်တို့သည် ပြင်တံတိုင်းသို့မျက်နှာပြု၍၊ တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ်ထစ်ဖြင့် တက်ရ၏။
အ​ရှေ့​ဘက်အတွင်းတံ​တိုင်း
32 အရှေ့ဘက်၌လည်း အတွင်းတံတိုင်းထဲသို့ သွင်း၍၊ ထိုတံခါးကို အရင်ပမာဏနှင့်အညီ တိုင်းလေ၏။ 33 အခန်းငယ်များ၊ တိုင်များ၊ မုခ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည်၌လည်းကောင်း၊ မုခ်များ၌လည်းကောင်း ​ပြူ​တင်းပေါက်ရှိ၍၊ အလျား အတောင်ငါးဆယ်၊ အနံ နှစ်ဆယ်ငါးတောင်ရှိ၏။ 34 မုခ်တို့သည် ပြင်တံတိုင်းသို့ မျက်နှာပြု၍၊ တစ်ဖက်တစ်ချက်တိုင်များပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကားရှစ်ထစ်ဖြင့် တက်ရ၏။
မြောက်​တံခါး
35 တစ်ဖန် မြောက်တံခါးသို့ ခေါ်သွား၍ အရင်ပမာဏနှင့်အညီ တိုင်းလေ၏။ 36 အခန်းငယ်များ၊ တိုင်များ၊ မုခ်များ၊ ပတ်လည်၌ ​ပြူ​တင်းပေါက်များတို့နှင့် ပြည့်စုံ၍၊ အလျား အတောင်ငါးဆယ်၊ အနံ နှစ်ဆယ်ငါးတောင်ရှိ၏။ 37 မုခ်တို့သည် ပြင်တံတိုင်းသို့ မျက်နှာပြု၍၊ တစ်ဖက်တစ်ချက်တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကားရှစ်ထစ်ဖြင့် တက်ရ၏။
မြောက်​တံခါး၀
38 မီးရှို့သော ယဇ်ကောင်ကို ရေနှင့် ဆေးကြောစရာအခန်းများ၊ အခန်းဝင်ဝများတို့သည် ထိုတံခါးမုခ်၌ ရှိကြ၏။
39 မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာ ယဇ်ကောင်ကို သတ်စရာဖို့၊ တံခါးမုခ်အတွင်း တစ်ဖက်တစ်ချက်၌ စားပွဲနှစ်ခုစီ ရှိကြ၏။ 40 မြောက်တံခါးဝသို့ တက်ရာတံခါးမုခ်၊ ပြင်အနား တစ်ဖက်တစ်ချက်၌လည်း စားပွဲနှစ်ခုစီရှိသည်ဖြစ်၍၊ 41 တံခါးဝ တစ်ဖက်တစ်ချက်၌ ယဇ်ကောင်ကိုသတ်စရာ စားပွဲလေးခုစီ၊ ပေါင်းရှစ်ခုရှိကြ၏။ 42 မီးရှို့ရာယဇ်ဖို့ စားပွဲလေးခုတို့သည် ဆစ်သောကျောက်ဖြင့်ပြီး၍၊ အလျား တစ်တောင်တစ်ထွာ၊ အနံ တစ်တောင်တစ်ထွာ၊ အမြင့် တစ်တောင်ရှိ၏။ ထိုစားပွဲပေါ်မှာ မီးရှို့ရာယဇ်ကောင်ကို သတ်စရာတန်ဆာများကို တင်ထားရကြ၏။ 43 စားပွဲအပေါ်ပတ်လည်၌ အကျယ် လက်တစ်ဝါးရှိသော အနားပတ်တပ်လျက်ရှိ၍၊ ပူဇော်စရာယဇ်သားကို တင်ထားရကြ၏။
44 အတွင်းတံခါးပြင်မှာ အတွင်းတံတိုင်း၌ အခန်းနှစ်ခုကို ငါမြင်၏။ တစ်ခန်းကား၊ မြောက်တံခါးအနားမှာရှိ၍ တောင်ဘက်သို့ မျက်နှာပြု၏။ တစ်ခန်းကား၊ တောင်တံခါးအနားမှာရှိ၍ မြောက်ဘက်သို့မျက်နှာပြု၏။ 45 တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော်အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာဖို့၊ 46 မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ ယဇ်ပလ္လင်အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာဖို့ ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ အမှုတော်ကိုဆောင်စေခြင်းငှာ၊ လေဝိသားတို့တွင်ရွေးကောက်သော ဇာဒုတ်သားပေတည်းဟု ငါ့အားပြောဆို၏။
အိမ်တော်ဦး
47 ထိုအခါ တံတိုင်းကိုတိုင်း၍ အလျား အတောင်တစ်ရာ၊ အနံ အတောင်တစ်ရာ စတုရန်းရှိ၏။ ယဇ်ပလ္လင်သည် အိမ်တော်ရှေ့မှာ တည်၏။ 48 အိမ်တော်ဦးသို့ခေါ်၍ တံခါးဝနှစ်ဘက်ကိုတိုင်းလျှင်၊ အကျယ် ငါးတောင်စီရှိ၏။ တံခါးရွက်နှစ်ဘက်၊ အနံ သုံးတောင်စီရှိ၏။ 49 အိမ်တော်ဦးအလျားကား အတောင်နှစ်ဆယ်၊ အနံကား တစ်ဆယ်တစ်တောင်ရှိ၏။ လှေကားဆယ်ထစ်ဖြင့် တက်ရ၏။ အိမ်တော်ဦးအနား၊ တစ်ဖက်တစ်ချက်၌ တိုင်တစ်လုံးစီတည်လျက်ရှိ၏။