24
ပြတ်​စဲ​ခြင်း​နှင့်​အိမ်​ထောင်​သစ်ပြု​ခြင်း
တစ်စုံတစ်ယောက်သောသူသည် မယားနှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တစ်ဖန် အပြစ်တင်စရာ အကြောင်းရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်ပေးသဖြင့် လွှတ်လိုက်ရမည်။Ref ၂၄:၁။ မ ၅:၃၁၊ ၁၉:၇ ။ မာ၊ ၁၀:၄။ ထိုမိန်းမသည် လင်အိမ်မှထွက်သွားသောနောက်၊ အခြားသောသူ၏မယား ဖြစ်ရသောအခွင့်ရှိ၏။ နောက်နေသောလင်သည်လည်း သူ့ကိုမုန်းလျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်သဖြင့် လွှတ်လိုက်သည် ဖြစ်စေ၊ ထိုလင်သေသည်ဖြစ်စေ၊ အရင်လွှတ်လိုက်သောလင်ဟောင်းသည် ညစ်ညူးခြင်းရှိသော ထိုမိန်းမကို နောက်တစ်ဖန်မသိမ်းရ။ ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ဖွယ်သောအမှု ဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်၌ အပြစ်မရောက်စေရ။
အ​ထွေ​ထွေ​ပ​ညတ်​များ​
အိမ်ထောင်ဖက်ပြုစရှိသောသူသည် စစ်တိုက်မသွားရ။ မင်းအမှုကို မဆောင်ရ။ တစ်နှစ်ပတ်လုံး ကိုယ်အိမ်၌အလွတ်နေ၍ မယားကို ကျွေးမွေးပြုစုရမည်။
ကြိတ်ဆုံအပေါ် ကျောက်ပြားကိုဖြစ်စေ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှ အပေါင်မယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့်တူ၏။ လူသည် မိမိအမျိုးသားချင်းဖြစ်သော ဣသရေလအမျိုးသားကိုခိုး၍ ကျွန်အရာ၌ ထားသည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ ထိုသူခိုးကိုတွေ့မိလျှင် အသေသတ်ရမည်။ သင်တို့တွင် ဒုစရိုက်အပြစ်ကို ထိုသို့ပယ်ရှားရကြမည်။Ref ၂၄:၇။ ထွ ၂၁:၁၆။
နူနာဘေးရောက်သောအခါ၊ လေဝိသား ယဇ်ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု၍ စေ့စေ့စောင့်ရှောက်လော့။ သူတို့ကို ငါမှာထားသည်အတိုင်း ကျင့်စောင့်ကြလော့။Ref ၂၄:၈။ ဝတ် ၁၃:၁-၁၄၊၅၄။ သင်တို့သည် အဲဂုတ္တုပြည်မှထွက်၍ ခရီးသွားကြစဉ်တွင်၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ မိရိအံ၌ ပြုတော်မူသောအမှုကို အောက်မေ့ကြလော့။Ref ၂၄:၉။ တော ၁၂:၁၀။
10 သင်သည် အမျိုးသားချင်း၌ တစ်စုံတစ်ခုကို ချေးငှားလျှင်၊ အပေါင်ထားသောဥစ္စာကို ယူခြင်းငှာ သူ့အိမ်ထဲသို့ မဝင်ရ။Ref ၂၄:၁၀-၁၃။ ထွ ၂၂:၂၆-၂၇။ 11 သင်သည် အိမ်ပြင်မှာရပ်နေ၍၊ ထိုသူသည် အပေါင်ထားသောဥစ္စာကို သင့်ရှိရာအိမ်ပြင်သို့ ဆောင်ခဲ့ရမည်။ 12 ထိုသူသည် ဆင်းရဲလျှင်၊ ပေါင်၍ထားသောဥစ္စာကို ပြန်မအပ်ဘဲ ညကိုမလွန်စေရ။ 13 သူသည် မိမိအဝတ်ကိုဝတ်ခြုံလျက် အိပ်ပျော်၍ သင့်ကိုကောင်းချီးပေးမည် အကြောင်း၊ သူပေါင်၍ထားသော ဥစ္စာကို နေဝင်လျှင် ဆက်ဆက်ပြန်အပ်ရမည်။ ထိုသို့ပြုသောအမှုသည် သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်သောအမှု ဖြစ်လိမ့်မည်။ 14 အမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တစ်ပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ်သောသူငှားကို မညှဉ်းဆဲရ။Ref ၂၄:၁၄-၁၅။ ဝတ် ၁၉:၁၃။ 15 နေ့စဉ်မပြတ် သူ့အခကို ပေးရမည်။ မပေးဘဲ နေမဝင်စေနှင့်။ သူသည် ဆင်းရဲသောကြောင့် ရထိုက်သောအခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကိုအပြစ်တင်၍ ထာဝရဘုရားကို အော်ဟစ်သဖြင့် သင်၌အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
16 အဘသည် သား၏အပြစ်ကြောင့်လည်းကောင်း၊ သားသည် အဘ၏အပြစ်ကြောင့်လည်းကောင်း အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့်သာ အသေခံရမည်။Ref ၂၄:၁၆။ ၄ရာ ၁၄:၆။ ၆ရာ၊ ၂၅:၄။ ယေဇ၊ ၁၈:၂၀။ 17 တရားရှာတွေ့ခြင်းအမှုမှာ တစ်ပါးအမျိုးသားနှင့် မိဘမရှိသောသူကို အရှုံးမပေးရ။ မုဆိုးမအဝတ်ကို အပေါင်မယူရ။Ref ၂၄:၁၇-၁၈။ ထွ ၂၃:၉။ ဝတ်၊ ၁၉:၃၃-၃၄။ တရား၊ ၂၇:၁၉။ 18 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနုတ်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ငါထား၏။
19 သင်သည် ကိုယ်လယ်၌ အသီးအနှံကို ရိတ်သောအခါ၊ မေ့လျော့သောကောက်လှိုင်းကို ပြန်၍မယူရ။ သင်ပြုလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေးတော်မူမည်အကြောင်း၊ ထိုကောက်လှိုင်းကို တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ထားရမည်။Ref ၂၄:၁၉-၂၁။ ဝတ် ၁၉:၉-၁၀၊ ၂၃:၂၂။ 20 သင်၏သံလွင်သီးကို ရိုက်ချွေသောအခါ၊ ကျန်ကြွင်းသောအသီးကို ပြန်၍ မရိုက်ချွေရ။ တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ထားရမည်။ 21 သင်၏စပျစ်ဥယျာဉ်၌ စပျစ်သီးကို ဆွတ်ယူသောအခါ ပြန်၍ ကောက်သိမ်းခြင်းကို မပြုရ။ ကျန်ကြွင်းသောအသီးသည် တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမအဖို့ ဖြစ်ရမည်။ 22 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကို အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ငါထား၏။