3
ထိုနောက်၊ ထာဝရဘုရား၏ စေတမန်တော့်ရှေ့၊ ပရောဟိတ်မင်း ယောရှုရပ်နေသည်ကိုလည်းေကာင်း၊ ယာဘက်၌ အပြစ်စွဲရန် စာတန်ရပ်နေသည်ကိုလည်းေကာင်း၊ ငါ့အားပြတော် မူလျှင်၊ ထာဝရဘုရားက၊ အိုစာတန်၊ ငါထာဝရဘုရားသည် သင့်ကိုဆုံးမမည်။ ယေရုရှလင်မြို့ကိုရွေးချယ်သော၊ ငါထာဝရဘုရားဆုံးမမည်။ ဤသူသည် မီးထဲမှနုတ်ယူသော ထင်းစဖြစ်သည်မဟုတ်လောဟု မိန့်တော်မူ၏။ စေတမန်တော့်ရှေ့တွင်ရပ်တန့်သူယောရှုသည်၊ ညစ်ပေသောသင်္ကန်းကိုဝတ်နေရာ၊ ရှေ့တော်တွင် ခစားသူတို့အား၊ ညစ်ပေသော သင်္ကန်းကိုချွတ်ကြလော့ဟု မိန့်တော်မူပြီးလျှင်၊ ယောရှုအားလည်း၊ ငါသည် သင့်ဒုစရိုက်ကို ပလပ်စေလျက်၊ တင့်တယ် သောသင်္ကန်းနှင့်ခြုံလွမ်းမည်ဟူ၍လည်းေကာင်း၊ စင်ကြယ်သောဗောင်းကို ဆောင်းစေဟူ၍လည်းေကာင်း၊ မိန့်တော်မူသည့်အတိုင်း၊ ထာဝရဘုရား၏စေတမန်တော်သည် အနီး၌ရပ်နေစဉ်၊ စင်ကြယ်သောဗောင်းနှင့် သင်္ကန်းစုံကိုဆောင်းဝတ်စေကြ၏။ ယောရှုအား၊ ထာဝရဘုရား၏စေတမန်တော်ကလည်း၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ၊ သင်သည် နည်းလမ်းတော်အတိုင်းလိုက်ေလျှာက်၍၊ အမှာတော်ကို လိုက်နာလျှင်၊ ဗိမာန်တော်ကိုအုပ်စိုးခွင့်၊ တံတိုင်းတော်များကိုစောင့်ထိန်းခွင့်၊ ခစားရသောဤသူတို့နှင့် အတူညီလာခံခွင့်များကို၊ ငါပေးမည်ဟူ၍လည်းေကာင်း၊ အိုပရောဟိတ်မင်းယောရှု၊ အေညှာက်တော်ဖြစ်သော ကျွန်တော်ရင်းကို၊ ငါပေါ်ထွန်းစေမည့်နိမိတ်လက္ခဏာဖြစ်သူ၊ လက်အောက်ဂိုဏ်းသားတို့နှင့်တကွ၊ နာခံကြ လော့။ မျက်စိပုံခုနစ်လုံးပါရှိသော 3.9  ပါဠိ - ကျောက်မျက်တိုက်ထွဋ်ကျောက်ကို၊ ယောရှုရှေ့တွင်ငါချထားလျက်၊ ကမ္ပည်းစာရေးတင်သောနေ့ရက်တွင်၊ ပြည်တော်၏ဒုစရိုက်ကိုပယ်မည်ဟူ၍လည်းေကာင်း၊ 10 ထိုနေ့ရက်၌ သင်တို့သည်၊ စပျစ်ခြံ၊ သဖန်းခြံရိပ်သို့ အချင်းချင်းခေါ်ဖိတ်ရကြလတ္တံ့ဟူ၍လည်းေကာင်း၊ မိန့်တော်မူကြောင်းဆင့်ဆိုလေ၏။