12
1 ဣသရေလလူမျိုးကိုရည်သော၊ ထာဝရဘုရား၏ဗျာဒိတ်ဝန်တင်ချက်ကား၊ မိုးကောင်းကင်ကိုကြက်တော်မူထသော၊ မြေပထဝီကို တည်ထောင်တော်မူထသော၊ လူသတ္တဝါ၌ နာမ်ဝိညာဉ်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားက၊
2 ငါသည်၊ ယေရုရှလင်မြို့ကို၊ ဝိုင်းထားကြရာ၊ ပတ်ဝန်းကျင်ရှိလူအမျိုးမျိုးတို့၌၊ ယိမ်းယိုင်စေသောအင်တုံသဖွယ်ဖြစ်စေသည့်အတိုင်း၊ ယုဒအမျိုးကိုလည်းဖြစ်စေမည်။
3 ထိုနေ့ရက်ကာလ၊ ငါသည် မြေတစ်ပြင်လုံးရှိ လူမျိုးခြားအပေါင်းတို့စုရုံးတိုက်ခိုက်ကြစဉ်၊ ယေရုရှလင်မြို့ကို လူအမျိုးမျိုးတို့၌၊ လေးသောကျောက်လုံးသဖွယ်ဖြစ်စေမည့် အလျောက်၊ ထမ်းဆောင်သူဟူသမျှတို့သည်၊ စုတ်ပြတ်ထိရှခံရကြလတ္တံ့။
4 ထိုနေ့ရက်ကာလ၊ ငါမိန့်ဆိုသည့်အတိုင်း၊ ငါသည် စစ်မြင်းဟူသမျှကိုမိန်းမောနာ၊ မြင်းစီးသူရဲတို့ကို ရူးသွပ်နာ၊ လူအမျိုးမျိုးတို့၏စစ်မြင်းဟူသမျှကိုမျက်စိကွယ်နာ များဖြင့် ဒဏ်ခတ်ရာ၊ ယုဒအမျိုးသားတို့ကို မျက်မှောက်ပြုမည့်အလျောက်၊
5 ယုဒအကြီးအကဲတို့က၊ ယေရုရှလင်မြို့သားတို့သည်၊ ကိုယ့်ဘုရားသခင်ဗိုလ်ခြေတို့အရှင်ထာဝရဘုရားကြောင့်၊ ငါတို့ခွန်အားတိုးတက်ရာတိုးတက်ကြောင်းဖြစ်သည် ဟုဝန်ခံကြလတ္တံ့။
6 ထိုနေ့ရက်ကာလ၊ ယုဒအကြီးအကဲတို့ကို ထင်းပုံတွင်မီးဖို၊ ကောက်လှိုင်းပုံတွင်း မီးရှူးသဖွယ်၊ ငါဖြစ်စေမည့်အလျောက်၊ ထိုသူတို့သည်၊ ပတ်ဝန်းကျင်ရှိလူအမျိုးမျိုး တို့ကို၊ ဝဲယာကျွမ်းလောင်လျက်၊ ယေရုရှလင်မြို့လည်း၊ ရှိရင်းအရပ်၌တည်မြဲလိမ့်မည်။
7 ယုဒအမျိုးထက်၊ ဒါဝိဒ်မင်းမျိုး၏ အသရေ၊ ယေရုရှလင်မြို့သားတို့၏ အသရေမလွန်ကဲစေခြင်းငှာ၊ ငါထာဝရဘုရားသည်၊ ထိုနေ့ရက်ကာလ၊ ယုဒတပ်များတို့အား အောင်မြင်ခွင့်ကိုပေးပြီးနောက်၊
8 ယေရုရှလင်မြို့သားတို့ကို ကွယ်ကာမည်ဖြစ်၍၊ နုန့်နဲ့သူတို့သည်ဒါဝိဒ်မင်းကဲ့သို့လည်းေကာင်း၊ ဒါဝိဒ်မင်းမျိုးသည် ဘုရားသခင်ကဲ့သို့၊ ဦးတည်သောထာဝရဘုရား၏ စေတမန်တော် ကဲ့သို့လည်းေကာင်း၊ ဖြစ်ကြလတ္တံ့။
9 ထိုနေ့ရက်ကာလငါသည်၊ ယေရုရှလင်မြို့သို့ချီလာတိုက်ခိုက်သော လူအမျိုးမျိုးတို့ကိုပယ်ရှားအံ့သောငှာကြံဆောင်လျက်၊
10 ဒါဝိဒ်မင်းမျိုးမှစသော၊ ယေရုရှလင်မြို့သူမြို့သားတို့အပေါ်၌၊ ကျေးဇူးတော်ရလို၍၊ အသနားတော်ခံသောသဘောကိုသွန်းလောင်းသဖြင့်၊ ၎င်းတို့သည်၊ ထိုးဖောက် ခဲ့သောသူ့ကို ရှုမြော်၍ ဧကပုတ္တသားအတွက် မြည်တမ်းသကဲ့သို့လည်းေကာင်း၊ သားဦးအတွက်ကြင်နာသကဲ့သို့လည်းေကာင်း၊ မြည်တမ်းကြင်နာကြလတ္တံ့။
11 ထိုနေ့ရက်ကာလ၊ မေဂိဒ္ဒေါချိုင့်တွင်၊ ဟာဒဒြိမ္မုန်အတွက်မြည်တမ်းလေ့ရှိသည့်နည်းတူ၊ ယေရုရှလင်မြို့၌ မြည်တမ်းကြမည့်ပြင်၊
12 ပြည်လုံးနှံ့အိမ်ထောင်တိုင်းသည်၊ အသီးအခြားမြည်တမ်းကြရာ၊ ဒါဝိဒ်မင်းမျိုးသည် ယောက်ျားမိန်းမအခြားစီ၊ နာသန့်အနွယ်သားတို့သည် ယောက်ျားမိန်းမအခြားစီ၊
13 လေဝိအနွယ်သားတို့သည် ယောက်ျား၊ မိန်းမ အခြားစီ။ ရှိမိအနွယ်သားတို့သည်ယောက်ျားမိန်းမအခြားစီ။
14 ကျန်သမျှသောအနွယ်သားတို့တွင်၊ အိမ်ထောင်တိုင်းသည် ယောက်ျားမိန်းမအခြားစီ၊ အသီးအခြားမြည်တမ်းရကြလတ္တံ့။