ဇာခရိကျမ်း
1
ဒါရိမင်း နန်းစံနှစ်နှစ်၊ အဋ္ဌမလတွင်၊ ဣဒေါမြေး၊ ဗာရခိသား ပရောဖက်ဇာခရိသို့ရောက်လာသော၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ ငါထာဝရဘုရားသည်၊ သင်တို့ဘိုးဘေးများအပေါ်သို့၊ ပြင်းထန်သောအမျက်တော်ထားရ၏။ သို့ဖြစ်၍၊ သင်သည် ငါ့ထံသို့ ပြန်လာကြလော့ဟူ၍လည်းေကာင်း၊ ငါလည်းသင်တို့ထံပြန်ကြွမည်ဟူ၍လည်းေကာင်း၊ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားမိန့်တော်မူကြောင်း၊ သင်တို့ဆိုးသွမ်းသောအလေ့အလာ အပြုအမူများမှ ပြောင်းလဲကြလော့ဟူ၍၊ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားမိန့်တော်မူသည်ဟု အထက်ပရောဖက်တို့ ဟစ်ကြော်သော်လည်း၊ ငါ၏ ဗျာဒိတ်တော်ကို နားထောင်နာခံခြင်း မပြုသောဘိုးဘေးတို့အလိုက်မပြုကြနှင့်ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်း၊ ဘိုးဘေးတို့သည် အဘယ်မှာနည်း။ ပရောဖက်တို့လည်း ကာလအစဉ်အသက်ရှင်ကြသလော။ ကျွန်တော်ရင်းဖြစ်သော ထိုပရောဖက်တို့အား ငါမိန့်မှာခဲ့သောဗျာဒိတ်ချက်၊ ထုံးဖွဲ့ချက်များမှာမူ၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည်၊ ငါတို့အလေ့အလာ အပြုအမူ အလိုက် စီရင်ရန် ပြဋ္ဌာန်းချက်အရ၊ စီရင်တော်မူခဲ့ပြီတကားဟု ဝန်ခံ၍ ပြောင်းလဲရသည့်တိုင်အောင်၊ ထိုဘိုးဘေးတို့ကို ထက်ကြပ်လိုက်ခဲ့သည်မဟုတ်လောဟု၊ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားမိန့်တော်မူကြောင်းများကို ဆင့်ဆိုလော့ဟူ၍တည်း။
ဒါရိမင်းနန်းစံ နှစ်နှစ်၊ ရှေဗတ်ခေါ် ဧကာဒသမလ နှစ်ဆယ့်လေးရက်တွင်၊ ဣဒေါမြေး၊ ဗာခရိသားပရောဖက်ဖြစ်သူ ငါဇာခရိသို့၊ ထာဝရဘုရား၏ ဗျာဒိတ်ရူပါရုံတော် ရောက်လာသည့်အတိုင်း၊ ညဉ့်အခါ၌ ငါရှုကြည့်ရာ၊ ချိုင့်ရှိကျောက်ပန်းမြိုင်တွင် ရပ်တန့်လျက် မြင်းနီစီးသူတစ်ဦးနှင့်တကွ၊ နောက်ပါမြင်းနီ၊ မြင်းရွှေ၊ မြင်းဖြူများကို မြင်ရသော်၊ အိုအရှင်ဘုရား၊ ဤသူတို့ကား မည်သူပါနည်းဟု မေးလျှင်၊ ငါနှင့်မြွက်ဆိုသောစေတမန်တော်က၊ ငါပြမည်ဟု ပြန်ဆိုလေ၏။ 10 ထိုအခါ ကျောက်ပန်းမြိုင်တွင် ရပ်တန့်သောသူက၊ ဤသူတို့သည်၊ မြေကြီးတစ်ေလျှာက်တွင် သွားလာရန်၊ ထာဝရဘုရားစေလွှတ်တော်မူသောအမှုထမ်းတို့တည်းဟု ပြန်ဆိုပြီးလျှင်၊ 11 နောက်ပါတို့ကလည်း၊ အကျွန်ုပ်တို့သည်၊ မြေတစ်ေလျှာက် သွားလာရာ၊ တစ်ပြင်လုံးငြိမ်ငြိမ်သက်သက်နေသည်ကို တွေ့ကြပါသည်ဟု၊ ကျောက်ပန်းမြိုင်တွင် ရပ်နေ သော၊ ထာဝရဘုရား၏စေတမန်တော်အား ပြန်လျှောက်ကြသော်၊ 12 ထာဝရဘုရား၏စေတမန်တော်က၊ ဗိုလ်ခြေတို့အရှင်၊ အိုထာဝရဘုရား၊ နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး၊ အမျက်တော်ဒဏ်ခံရသော၊ ယေရုရှလင်မြို့နှင့် ယုဒပြည်ရှိမြို့ရွာ များပေါ်၌၊ ကရုဏာသက်တော်မမူဘဲနေသည်မှာ၊ မည်မျှကြာဦးမည်နည်းဟု တောင်းလျှောက်သဖြင့်၊ 13 ထာဝရဘုရားသည်၊ ငါနှင့်မြွက်ဆိုသော စေတမန်တော်အား၊ နှစ်သိမ့်သာယာစွာပြန်၍မိန့်တော်မူသည့်အတိုင်း၊ 14 ထိုစေတမန်တော်က၊ ယေရုရှလင်မြို့၊ ဇိအုန်မြို့ကိုထောက်၍၊ အားကြီးစွာ စိတ်ထက်သန်သောစေတနာရှိသော ငါသည်၊ 15 အမျက်တော်အနည်းငယ်သာထားခဲ့၏။ မကောင်းကျိုးအလို့ငှာ အားပေးသူ၊ လျစ်လျူစွာနေထိုင်သူ လူမျိုးခြားတို့အပေါ်၌ကား၊ ပြင်းထန်သောအမျက်တော်ကိုငါထားလျက်နေသည်ဟု၊ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားမိန့်တော်မူကြောင်း၊ 16 သို့ဖြစ်၍၊ ငါသည် ယေရုရှလင်မြို့သို့ ကရုဏာတော်နှင့်ပြန်ကြွလေပြီ။ ယေရုရှလင်မြို့၌ ငါ့ဗိမာန်တော်ကို တည်ဆောက်ရမည့်ပြင်၊ မြို့တည်ရင်းအရပ်ကိုလည်း၊ ကြိုးဆွဲ၍ တိုင်းတာကြဦးမည်ဟု၊ ဗိုလ်ခြေတို့အရှင် ထာဝရဘုရားမိန့်တော်မူကြောင်းများကို ဟစ်ကြော်လော့။ 17 တစ်ဖန်တုံ၊ ငါ့မြို့ရွာများသည်၊ စည်းစိမ်ချမ်းသာနှင့် ပြည့်လျှံ၍၊ ငါထာဝရဘုရားသည်၊ ဇိအုန်မြို့ကို နှစ်သိမ့်စေလျက်၊ ယေရုရှလင်မြို့ကို ရွေးချယ်ဦးမည်ဟု၊ ဗိုလ်ခြေတို့ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်းကို ဟစ်ကြော်လော့ဟူ၍ မိန့်ဆိုလေ၏။
18 ထိုနောက်၊ ငါသည်မော်ကြည့်လျက်၊ ဦးချိုလေးချောင်းကိုမြင်ရသော်၊ 19 ငါနှင့်မြွက်ဆိုသောစေတမန်တော်အား၊ ဤအရာကား၊ မည်သို့ပါနည်းဟု မေးလျှင်၊ ယေရုရှလင်မြို့မှစ၍၊ ဣသရေလနှင့်ယုဒလူမျိုးတို့ကို၊ ကွဲလွင့်စေသော ဦးချိုများ တည်းဟု ပြန်ဆိုလေ၏။ 20 တစ်ဖန်၊ ပန်းပဲလေးယောက် တို့ကို ထာဝရဘုရားပြတော်မူသော်၊ 21 အဘယ်အလုပ်ကြောင့်ရောက်လာကြပါသနည်းဟု ငါမေးလျှင်၊ ကိုယ်တော်က၊ ဤပန်းပဲများသည်၊ ယုဒအမျိုးကို၊ မော်၍ကြည့်ဝံ့သူမရှိသည့်တိုင်အောင်ကွဲလွင့်စေသော ထိုဦးချိုများကို မောင်းနှင်အံ့သောငှာလည်းေကာင်း၊ ယုဒပြည်သူပြည်သားတို့ကို ခွဲလွှင့်မည့်အကြံနှင့်၊ မြှောက်ခတ်သော လူမျိုးခြားတို့၏ ဦးချိုများကို ချအံ့သောငှာလည်းေကာင်း၊ ရောက်လာ ကြသတည်းဟု မိန့်တော်မူ၏။