တိတုဩဝါဒကျမ်း
1
1-3 သစ္စာတော်မပျက်နိုင်သောဘုရားသခင်သည် ရှေးမဆွကာလများကကတိထားတော်မူထသော ငါတို့ကယ်တင်ရှင်ဘုရားသခင့်အမိန့်တော်အရ ငါ့အားလွှဲအပ်တော်မူခဲ့သည့် ကြော်ငြာဆင့်ဆိုချက်ဖြင့် အချိန်တော်ရောက်မှထင်ရှားစေတော်မူထသောထာဝရအသက်ကို ေမျှာ်လင့်သည့်အတိုင်း ဘုရားတရားကြည်ညိုဝတ်နှင့် ယှဉ်သောသမ္မာတရားတော်ကိုသိကျွမ်းခြင်း၊ ဘုရားသခင်ရွေးကောက်တော်မူသူတို့ယုံကြည်ခြင်းကိုတည်စေအံ့သောငှာ ဘုရားသခင်၏ကျွန် ယေရှုခရစ်၏တမန်တော်ဖြစ်သောပေါလုက၊
4 တုပယုံကြည်ခြင်းအရ ငါသားစစ်ဖြစ်သူတိတုထံရေးလိုက်သည်မှာ ခမည်းတော်ဘုရားသခင်နှင့် ငါတို့ကယ်တင်ရှင်ခရစ်တော်ယေရှုအထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်၌တည်ရှိပါစေသော။
5-6 လိုအပ်သောအရာများကိုစီမံစေရန်လည်းေကာင်း၊ ငါမိန့်မှာခဲ့သည်နှင့်အညီ အပြစ်မဲ့သူ၊ မိန်းမတစ်ယောက်နှင့်သာ အိမ်ထောင်ပြုသူ၊ ပျော်ကြူးပြစ်၊ မလိုက်နာပြစ်စွဲဆိုချက်လွတ်၍ တပည့်ဖြစ်သောသားသမီးရှိသူတို့ကို ဥက္ကၕဌအဖြစ်မြို့တိုင်းတွင်ခန့်ထားစေရန်လည်းေကာင်း ကရေတေကျွန်း၌ သင့်ကိုငါထားခဲ့၏။
7 အသို့ဆိုသော် သင်းအုပ်သည်ဘုရားသခင်ဘဏ္ဍာစိုးအဖြစ် အပြစ်မဲ့သူ၊ စော်ကားခြင်း၊ စိတ်တိုခြင်း၊ သောက်ကြူးခြင်း၊ ကြမ်းတမ်းခြင်း၊ အမြတ်အစွန်းလိုလားခြင်းကင်းလျက်၊
8 ဧည့်ဝတ်ကြေသူ၊ အကောင်းနှစ်သက်သူ၊ ဣန္ဒြေစောင့်သူ၊ တရားသူ၊ သန့်ရှင်းသူ၊ ကိုယ်ကိုချုပ်တည်းသူ၊
9 ကျန်းခံ့ရေးဒေသနာဖြင့်နှိုးဆော်သည်သာမက ငြင်းဆန်သူတို့ကိုဆုံးမနိုင်ရန် သစ္စာတည်ရာဒေသနာတရားကို စွဲမြဲသူဖြစ်ရမည်။
10 သဘောခက်မာသူ၊ စည်းကမ်းလွတ်ပြောဆိုသူ၊ လိမ်လည်သူတို့သည် လှီးဖြတ်ခြင်းမင်္ဂလာခံသူတို့တွင် အထူးသဖြင့်များပြား၍၊
11 အမြတ်အစွန်းတပ်မက်သောသဘောနှင့် မသင့်မလျော်သင်ကြားလျက် အများတို့ကို အိမ်ထောင်ပါမှောက်မှားစေသည့်အတိုင်း ပိတ်ပင်ခံရကြ၏။
12 ကရေတေကျွန်းသားတို့သည် အစဉ်မုသာအိုး သားရဲဆိုး ပျင်းရိစား ကြူးသူများဖြစ်သည်ဟု ချင်းတို့ပရောဖက်တစ်ဦးသက်သေခံတိုင်းဟုတ်မှန်၏။
13-14 သို့ဖြစ်၍ သမ္မာတရားတော်မှလွှဲသွားသူတို့ မှာထားချက်များနှင့် ယုဒလူမျိုးတို့ပုံဝတ္ထုများကို ဂရုမပြုဘဲယုံကြည်ခြင်း၌ကျန်းခံ့ကြစေရန် ကြပ်တည်းစွာဆုံးမလော့။
15 စင်ကြယ်သူတို့အဖို့ အရာခပ်သိမ်းစင်ကြယ်သည်မှန်သော်လည်း သန့်ခြင်း၊ ယုံကြည်ခြင်းမဲ့သူတို့အဖို့ သဘောနှင့်သြတ္တပ္ပစိတ်မသန့်သည့်အလျောက် မည်သည့်အရာမျှမစင်ကြယ်။
16 ဘုရားသခင်ကိုသိသည်ဟု ချင်းတို့ဝန်ခံရာ၌ စက်ဆုပ်ဖွယ်သူ၊ မလိုက်နာသူ၊ မည်သည့်ကောင်းမှုနှင့်စပ်၍ စံတော်မမီသူများဖြစ်သောကြောင့် အကျင့်ဟူသမျှဖြင့် ကိုယ်တော်ကိုငြင်းပယ်သူဖြစ်ကြလေစွတကား။