2
1-2 ထိုကြောင့်ငါဦးစွာနှိုးဆော်သည်မှာ ငါတို့သည်ဘုရားတရားကိုလုံးလုံးကြည်ညိုလျက် ငြိမ်ဝပ်ချမ်းသာစွာနေခွင့်ရစေရန် ဘုရင်မင်းများ၊ အစိုးရမင်းများမှစ၍ ခပ်သိမ်းတို့အဖို့မေတ္တာပို့ခြင်း၊ တောင်းလျှောက်ခြင်း၊ အသနားတော်ခံခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းများကိုပြုကြလော့။
3-4 ထိုသို့ပြုခြင်းကား ကောင်းမြတ်၍ လူခပ်သိမ်းတို့သည်ကယ်တင်ရာရောက်လျက် သမ္မာတရားတော်ကို သိကျွမ်းစေလိုတော်မူသောငါတို့ကယ်တင်ရှင် ဘုရားသခင့်ရှေ့လက်ခံဖွယ်ဖြစ်၏။
5-6 ဘုရားသခင်တစ်ဆူ၊ အလုံးစုံတို့အတွက်ရွေးနုတ်ရာအဖြစ် ကိုယ်ကိုစွန့်တော်မူသည့်လူ၊ ခရစ်တော်ယေရှုတည်းဟူသော ဘုရားသခင်နှင့်လူတို့ကြားတွင်စေ့စပ်သော အရှင်တစ်ပါးတည်းရှိ၏။ ထိုသို့ဖြစ်ကြောင်းကို အချိန်တန်သည့်ကာလ သက်သေခံရမည်ဖြစ်၍၊
7 ငါသည်ကြားပြောသူအဖြစ်၊ တမန်တော်အဖြစ်၊ လူမျိုးခြားတို့အားယုံကြည်ခြင်းတရားနှင့် သမ္မာတရားကိုသင်ပြသောဆရာအဖြစ် ခန့်ထားတော်မူခြင်းခံရသည်ဟု မုသာမသုံးဘဲဟုတ်မှန်စွာငါဆို၏။
8 သို့နှင့်အညီ အရပ်ရပ်နေယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းဆန်ခြင်းကင်း၍ သန့်ရှင်းစွာလက်အုပ်ချီလျက် ပဌနာပြုကြစေရန်ငါအလိုရှိ၏။
9 ထိုနည်းတူမိန်းမတို့သည် ဆံစု၊ ရွှေ၊ ပုလဲ၊ အဘိုးထိုက်တန်ဆာများကိုမဟုတ်။ တင့်တယ်ရုံအဝတ်များကိုလည်းေကာင်း၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းများကိုလည်းေကာင်း၊ ဝတ်ဆင်လျက်၊
10 ဘုရားကြည်ညိုသည်ဟုဝန်ခံသော မိန်းမတို့ဆင်သင့်သည့်ကောင်းမှုများကို ဆင်ယင်ကြစေရန် ငါအလိုရှိ၏။
11 မိန်းမသည် အနော်အတာကိုအစုံအလင်ခံလျက် ငြိမ်ဝပ်စွာအသင်အကြားခံနေေစ။
12 သင်ကြားခြင်းငှါသော်လည်းေကာင်း၊ ယောက်ျားကိုအစိုးတရပြုခြင်းငှါသော်လည်းေကာင်း၊ ငါအခွင့်မပြု။ ငြိမ်ဝပ်စွာနေစေ။
13 ဖန်ဆင်းတော်မူခြင်းကို ဦးစွာအာဒံ၊ နောက်ဧဝခံရ၏။
14 ၎င်းပြင် အာဒံသည်လှည့်စားခြင်းကိုခံရသည်မဟုတ်။ မိန်းမခံရသဖြင့် လွန်ကျူးရာရောက်၏။
15 သို့ရာတွင်ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၊ ဣန္ဒြေစောင့်ခြင်းများ၌တည်နေကြလျှင်၊ သားဖွားမှုဖြင့် ကယ်တင်ရာရောက်လိမ့်မည်။