3
1 ကျွန်မသည် ညဉ့်အခါစက်ရာပေါ်တွင်၊ နှစ်သက်မြတ်နိုးရာ အရှင်ကို ရှာစမ်း၍ မတွေ့လျှင်၊
2 ကျွန်မက၊ မြို့ကိုလှည့်လည်၍၊ လမ်းမလမ်းကြားများတွင်၊ နှစ်သက်မြတ်နိုးရာအရှင်ကို ရှာဘွေမည်ဟု အောက်မေ့လျက် ရှာသော်လည်း မတွေ့ပါ။
3 မြို့ကိုလှည့်ပတ်သောကင်းသမားတို့နှင့်၊ ကျွန်မတွေ့ဆုံသော်၊ နှစ်သက်မြတ်နိုးရာအရှင်ကို တွေ့မြင်ကြသလောဟု မေးမြန်း၏။
4 သူတို့နှင့် အနည်းငယ်လွန်မှ၊ နှစ်သက်မြတ်နိုးရာအရှင်ကို ကျွန်မတွေ့လျှင်၊ အရှင်ကို ဆွဲကိုင်လျက်၊ ကျွန်မကို သန္ဓေလွယ်သောမိခင်၏တိုက်ခန်းသို့ မခေါ်မသွင်းမှီ မလွှတ်ချေ။
5 အချင်း ယေရုရှလင်မြို့သူတို့၊ ချစ်ခြင်းမေတ္တာအလိုအလျောက်မဖြစ်ပွားမီ၊ မထကြွမနှိုးဆော်စေခြင်းငှာ၊ တောရှိသမင်ဒရယ်မတို့ကို တိုင်တည်၍ ကျွန်မတောင်းပန် ပါ၏။
6 မုရန်လောဗန်စသော၊ ကုန်သည်တို့၏ နံ့သာပြောင်းအမျိုးမျိုးကို မီးရှို့ရာ အခိုးတိုင်သဏ္ဌာန်၊ ေတာမှကြွလာသော အရှင်ကား၊ မည်သူနည်း။
7 ရှောလမုန်မင်း၏ ယဉ်တော်ပေတကား။ ဣသရေလသူရဲတို့အနက်၊ သူရဲကောင်းခြောက်ဆယ်တို့ ခြွေရံလျက်ပါ၏။
8 ထိုသူအပေါင်းတို့သည် စစ်မှုစစ်ရေးကို ကျွမ်းကျင်လျက်၊ ထားကိုင်သူရဲများဖြစ်သည်နှင့်၊ ညဉ့်အခါ ကြောက်မက်ဖွယ်ရာရှိသောကြောင့်၊ အသီးအသီးတို့သည်၊ ဓားကိုခါးတွင် ဆောင်ထားလျက်ရှိ၏။
9 ရှောလမုန်မင်းသည်၊ လေဗနုန်ထွက်သစ်သားဖြင့်၊ ယဉ်တော်ကို စီမံသည်မှာ၊
10 ကွန်းစင်တိုင်များကို ငွေဖြင့်လည်းေကာင်း၊ ပလ္လင်တံကဲကို ရွှေဖြင့်လည်းေကာင်း၊ နေရာတော်ကို ကမ္ပလာနီဖြင့်လည်းေကာင်း ပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သူတို့သည်၊ မေတ္တာနှင့် ချယ်လှယ်ကြပြီ။
11 အချင်းဇိအုန်သတို့သမီးတို့၊ စုလျားပတ်၍ လက်ထပ်သောနေ့၊ နှလုံးတော်ကြည်ရွှင်သောနေ့၌၊ မယ်တော်တင်သည့်သရဖူကို၊ ဆင်ယင်တော်မူသော ရှောလမုန်မင်း အား၊ သွား၍ ဖူးမြော်ကြလော့။