2
ထိုနောက်ဒါဝိဒ်က၊ အကျွန်ုပ်သည် ယုဒမြို့တစ်မြို့သို့တက်သွားရပါမည်လောဟု ထာဝရဘုရား ထံမေးလျှောက်လျှင်၊ တက်သွားလော့ဟုမိန့်တော်မူ၏။ တစ်ဖန်ဒါဝိဒ်က၊ မည်သည့်မြို့သို့တက်သွားရ ပါမည်နည်းဟု မေးလျှောက်ပြန်လျှင် ဟေဗြုန်မြို့ဟုမိန့်တော်မူသည့်အတိုင်း ဒါဝိဒ်သည် မယားနှစ်ယောက်ဖြစ်သော ယေဇရေလမြို့သူ အဟိနောင်၊ ကရမေလအရပ်သား နာဗလ၏ခင်ပွန်းဟောင်း အဘိဂဲလတို့နှင့်တကွ ထိုမြို့သို့တက်သွားလျက် နောက်ပါသူတို့ကို၊ အသီးအသီးသားမယားပါခေါ်၍ ဟေဗြုန်မြို့ရွာများတွင်နေထိုင်ကြရာ ယုဒရဲမက်တို့သည် လာရောက်၍ ကိုယ့်လူမျိုးအပေါ်တွင် ဒါဝိဒ်ကိုရာဇဘိသိက်ဖြင့် ချီးမြှင့်ကြ၏။
ရှောလုမင်းအလောင်းတော်ကို ဂိလဒ်နယ်၊ ယာဗက်မြို့သားတို့ သင်္ဂြိုဟ်ကြသည်ဟု ဒါဝိဒ်မင်းကြားသိလျှင်၊ ကိုယ့်အရှင်ဖြစ်သည်နှင့်အညီ ရှောလုမင်းအလောင်းတော်ကို စျာပနကိစ္စဖြင့် ကျေးဇူးပြုကြသော သင်တို့သည် ထာဝရဘုရားအထံတော်မှ မင်္ဂလာခံရကြပါစေသော။ ထာဝရဘုရားသည် မေတ္တာကျေးဇူးနှင့်သစ္စာတော်အတိုင်း သင်တို့၌ပြုတော်မူပါစေသော။ ငါလည်း ထိုသို့ပြုကြသောကောင်းမှုကြောင့် ကျေးဇူးအထူးပြုလိမ့်မည်။ ယခုမှာ သင်တို့အရှင်ရှောလုမင်းကွယ်လွန်သော်လည်း လက်ရုံးရည်နှင့်ရဲရင့်ခြင်းရှိကြလော့။ ယုဒအနွယ်သားတို့က ကိုယ့်အပေါ်တွင် ငါ့ကိုရာဇဘိသိက်ဖြင့် ချီးမြှင့်ကြပြီဟူသော အမိန့်တော်နှင့် ၎င်းမြို့သားတို့ထံ တမန်တို့ကို စေလွှတ်လေ၏။
ရှောလုမင်း၏ဗိုလ်ချုပ်ဖြစ်ခဲ့သူ၊ နေရသားအာဗနာမူကား၊ ရှောလုမင်းသားတော်ဣရှဗောရှက်ကို မဟာနိမ်မြို့သို့ ကူးသွားစေပြီးလျှင် ဂိလဒ်နယ်သား၊ ယေဇရေလချိုင့်သားများနှင့် အာရှာ၊ ဧဖရိမ့်။ ဗင်္ယာမိန်အနွယ်သားတို့မှစသော ဣသရေလတစ်မျိုးလုံးအပေါ်တွင် မင်းမြှောက်နှင့်လေပြီ။ 10 ရှောလုမင်းသားတော် ဣရှဗောရှက်မင်းသည် အိမ်နိမ့်လေးဆယ်ရှိသော်၊ ဣသရေလနိုင်ငံ၌ နန်းတက်၍ နှစ်နှစ်စိုးစံလေ၏။ ယုဒအနွယ်သားတို့မှာမူ ဒါဝိဒ်မင်းဘက်ပါဖြစ်ကြ၏။ 11 ဒါဝိဒ်မင်းသည် ယုဒအနွယ်သားတို့အပေါ်တွင် ဟေဗြုန်မြို့၌ နန်းစံခုနစ်နှစ်နှင့်ခြောက်လဖြစ်သတည်း။
12 တစ်ဖန်နေရသားအားဗနာသည် ရှောလုမင်းသားတော် ဣရှဗောရှက်မင်း၏သူရဲတို့နှင့်တကွ မဟာနိမ်မြို့မှဂိဗောင်မြို့သို့ချီသွားရာ 13 ဇေရုယာ့သားယွာဘလည်း ဒါဝိဒ်မင်း၏သူရဲတို့နှင့်တကွ ချီသွားသော်၊ ဂိဗောင်ကန်အနီးတွင် တပ်ချင်းဆုံမိသဖြင့် ကန်တစ်ဘက်စီချရပ်ကြ၏။ 14 ထိုအခါ အာဗနာက၊ ငယ်သားချင်းတို့သည် ထွက်၍ ငါတို့ရှေ့မှောက်တွင် စစ်ကစားကြပါစေဟု ယွာဘအားဆိုသော်၊ ထွက်ခဲ့ကြစေဟု ယွာဘဝန်ခံသည့်အတိုင်း 15 ရှောလုမင်းသားတော်ဣရှဗောရှက်မင်းဘက်ပါ ဗင်္ယာမိန့်အနွယ်သားတစ်ကျိပ်နှစ်ယောက် ဒါဝိဒ်မင်းသူရဲတစ်ကျိပ်နှစ်ယောက်တို့သည် အညီအမျှထွက်သွားဆုံမိလျှင် 16 အသီးအသီးတို့သည် တစ်ယောက်ခေါင်းကို တစ်ယောက်ဖက်လျက် နံဘေးကိုဓားထိုးလျက် လဲသေကြလေ၏။ ထိုအမှုကိုအစွဲပြု၍ ဂိဗောင်မြို့ရှိ၎င်းအရပ်ကို 2.16 အနက်ကား၊ ဓားသွားေမြ။ဟေလက သဇ္ဇုရိမ်ဟု ခေါ်ဝေါ်ကြ လေ၏။ 17 ထိုနေ့ချင်းတွင် အလွန်ပြင်းထန်စွာ စစ်တိုက်ရာ၌ အာဗနာနှင့်ဣသရေလရဲမက်တို့သည် ဒါဝိဒ်မင်းသူရဲတို့ရှေ့ ရှုံးနိမ့်ကြလေ၏။ 18 ဇေရုယာ့သားယွာဘ၊ အဘိရှဲ၊ အာသဟေလ၊ သုံးယောက်လုံးပါကြ၏။ အာသဟေလသည် တောဒရယ်ကဲ့သို့လျင်မြန်သူဖြစ်၍ အာဗနာကိုလိုက်လံရာတွင် 19 ဝဲယာမတိမ်းမယိမ်းဘဲလိုက်လေ၏။ 20 အာဗနာသည် လှည့်ကြည့်၍ သင်ကားအာသဟေလလောဟုမေးသော် 21-22 ငါဟုတ်သည်ဟုပြန်ပြောရာ အာဗနာက ဝဲယာတစ်ဘက်ဘက်လွှဲသွားပြီးလျှင် ငယ်သားတစ်ယောက်ယောက်ကို ဖမ်းကိုင်၍ ပါသမျှလုယူတော့ဟု သတိပေးသော်လည်း အာသဟေလလိုက်မြဲလိုက်သောကြောင့် အာဗနာက ငါ့ကိုမလိုက်ဘဲလွှဲသွားလော့။ အဘယ်ကြောင့် ငါလှဲသတ်ရမည်နည်း။ သို့ပြုလျှင် သင့်အစ်ကိုယွာဘထံမည်သို့ငါမျက်နှာပြနိုင်အံ့နည်းဟု ထပ်မံသတိ ပေးသည့်တိုင်အောင် 23 အာသဟေလမနာမယူဘဲ အမြဲလိုက်သောကြောင့် အာဗနာသည် လှံအနှောင့်နှင့် ဝမ်းကိုထုတ် ချင်းပေါက်ထိုးသဖြင့် လဲကျရာတွင် အာသဟေလသေလေ၏။ အာသဟေလလဲသေသောအရပ်သို့ ရောက်သမျှသူတို့ ရပ်ဆိုင်းကြသော်လည်း 24 ယွာဘနှင့်အဘိရှဲတို့သည် အာဗနာကိုလိုက်မြဲလိုက်၍ ဂိဗောင်တောလမ်းအနီး ဂိအာမြို့နှင့်ရင် ဆိုင်၊ အမ္မတောင်သို့ရောက်ကြသော် နေဝင်လေ၏။ 25 ဗင်္ယာမိန့်အနွယ်သားတို့သည် အာဗနာ့ထံစုရုံး၍ တောင်ပေါ်တွင် တစ်လုံးတည်းရပ်တန့်ကြ ပြီးလျှင် 26 အာဗနာက ဓားသည်အစဉ်စားအပ်သလော။ အဆုံး၌နစ်နာလိမ့်မည်ကို မသိသလော။ တပ်သားတို့သည် ညီအစ်ကိုချင်းမလိုက်ဘဲ ပြန်ဆုတ်စေရန်အမိန့်ကို မည်သည့်ကာလမှ ပေးမည်နည်းဟု ယွာဘအား ဟစ်မေးသော်၊ 27 ယွာဘက ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း သင်မတောင်းပန်ခဲ့လျှင် တပ်သားတို့ သည် မိုးသောက်မှသာ ညီအစ်ကိုချင်း မလိုက်ဘဲပြန်ဆုတ်မည်ဖြစ်သည်ဟု ဆိုပြီးနောက် 28 တံပိုးမှုတ်သောအခါ၊ ဣသရေလလူမျိုးတို့ကိုမလိုက်လံမတိုက်ခိုက်ဘဲ တစ်တပ်လုံးရပ်ဆိုင်းကြ၏။ 29 အာဗာနနှင့်အပေါင်းပါ ရဲမက်တို့သည် ယော်ဒန်မြစ်သို့ညဉ့်ချင်းရောက်၊ အရာဗာချိုင့်ကိုေလျှာက် ၍ ကူးသွားပြီးလျှင် ဗိသရုန်လျှိုတစ်ေလျှာက်ချီလျက်၊ မဟာနိမ်မြို့သို့ပြန်ရောက်ကြ၏။ 30 ယွာဘသည် အာဗနာကို လိုက်ရာမှဆုတ်ပြန်၍ တစ်တပ်လုံးစုရုံးရာ ဒါဝိဒ်မင်းသူရဲတို့အနက်၊ အာသဟေလအပြင်၊ စစ်သားတစ်ကျိပ်ကိုးယောက်သာလျော့၏။ 31 သို့ရာတွင် ဒါဝိဒ်မင်း၏သူရဲတို့သည် အာဗနာ့ဘက်ပါဗင်္ယာမိန့်အနွယ်သားသုံးရာ့ခြောက် ကျိပ်တို့ကို အသေလုပ်ကြံလေ၏။ 32 အာသဟေလ၏အလောင်းကိုထမ်းယူ၍ ဗက်လင်မြို့ရှိ္သူ့အဖသင်္ချၖိုင်းတွင် သင်္ဂြိုဟ်ကြပြီး လျှင်၊ ယွာဘနှင့်အပေါင်းပါတို့သည် ညဉ့်ချင်းရောက်ချီသွား၍ ဟေဗြုန်မြို့သို့အရုဏ်တက်အချိန် ရောက်ကြ၏။