6
1 ဖိလိတ္တိပြည်တွင် ထာဝရဘုရား၏ သေတ္တာတော်ခုနစ်လစံနေပြီးမှ
2 ဖိလိတ္တိလူမျိုးတို့သည် ပရောဟိတ်များနှင့် မှော်ဆရာတို့ကိုခေါ်၍ ထာဝရဘုရား၏သေတ္တာတော် ကိုမည်သို့ပြုရအံ့နည်း။ နေရင်းဌာနသို့ မည်သည့်နည်းဖြင့် ပို့ရပါမည်နည်းဟု မေးမြန်းကြလျှင်
3 သူတို့က၊ ဣသရေလလူမျိုး၏ဘုရားသခင့်သေတ္တာတော်ကို ပြန်ပို့လိုက်မူ အချည်းစည်းမပို့ လိုက်ရ။ ပြစ်ဒဏ်ပြေရန်အလှူဝတ္ထုကိုထည့်လှူလျှင်၊ ရောဂါကင်းသည့်ပြင်၊ လက်တော်တင်ဖိခြင်း အကြောင်းကို သိကြလိမ့်မည်ဟု ဟောကြရာ၊
4-5 ကျွန်တော်တို့ပြစ်ဒဏ်ပြေရန် လှူအပ်သောဝတ္ထုကား မည်သည့်အရာနည်းဟုမေးပြန်ကြ လျှင်၊ မင်းမှစ၍ သင်တို့အပေါင်း၍ ရောဂါတစ်မျိုးတည်းစွဲကပ်သဖြင့် ဖိလိတ္တိမင်းဦးရေအလိုက် ရွှေဘင်နာရုပ်၊ နေပြည်ကိုဖျက်ဆီးတတ်သောရွှေကြွက်ရုပ်၊ ငါးခုစီသွန်းထုဆက်သ၍၊ ဣသရေလ လူမျိုး၏ ဘုရားသခင့်ဘုန်းတော်ကိုချီးမြှောက်မူ သင်တို့မှလည်းကောင်း၊ သင်တို့ဘုရားများမှလည်းကောင်း၊ နေပြည်မှ လည်းကောင်း၊ လက်တော်ဖယ်ကောင်းဖယ်တော်မူလိမ့်မည်။
6 ဖာရောမင်းနှင့်တကွ အိဂျစ်ပြည်သားတို့ စိတ်နှလုံးခက်မာသည့်နည်းတူ၊ အဘယ်ကြောင့် ခက်မာကြသနည်း။ ၎င်းတို့သည် ပြင်းထန်သောစီရင်တော်မူချက်ကိုခံပြီးမှ လူမျိုးတော်တို့ကို လွှတ်သဖြင့် သွားရကြသည်မဟုတ်လော။
7 ယခုလှည်းသစ်တစီးကို လုပ်ပြီးနောက် ထမ်းဘိုးမတင်ဘူးသေးသော သားငယ်ရှိနွားမတစ်ရှဉ်း နှင့်က၍ သားငယ်တို့ကို ခြံတွင်းသို့သွင်းပြီးမှ
8 ထာဝရဘုရား၏သေတ္တာတော်ကို လှည်းပေါ်မှာတင်လျက် ပြစ်ဒဏ်ပြေရန် လှူသောရွှေရုပ် များကိုကြုတ်၌ထည့်၍ သေတ္တာတော်အနီးထားပြီးလျှင် သွားရန်လွှတ်လိုက်လော့။
9 ဗက်ရှေမက်မြို့အရောက်နေရင်းပြည်သို့သွားရာလမ်းဖြင့် လျှောက်လိုက်လျှင် ငါတို့၌ဤကြီးလေး သောဘေးကို ထိုဘုရားစီရင်တော်မူကြောင်းသိရကြမည်။ မသွားခဲ့မူ လက်တော့်ဒဏ်ကြောင့်မဟုတ်။ အလျောက်ဘာသာသင့်ကြောင်း သိရကြမည်ဟူ၍ဆိုကြသည့်အတိုင်း
10 လှည်းကိုနွားမတစ်ရှဉ်းကခြင်း၊ သားငယ်ကိုခြံတွင်လှောင်ထားခြင်း၊
11 ရွှေဘင်နာရုပ်ရွှေကြွက်ရုပ်များပါသော ကြုတ်နှင့်၊ ထာဝရဘုရား၏သေတ္တာတော်ကို လှည်း၌ တင်ခြင်းများစီမံပြီးလျှင်
12 နွားမတို့သည် ဗက်ရှေမက်မြို့လမ်းမဖြင့် မတိမ်းမယိမ်းဖြောင့်ဖြောင့် တွန်လျက်သွားကြ၏။ ဖိလိတ္တိမင်းတို့လည်း ဗက်ရှေမက်နယ်နိမိတ်တိုင်အောင် လိုက်ပို့ကြ၏။
13 ဗက်ရှေမက်မြို့သားတို့သည် ချိုင့်တွင်ဂျုံစပါးရိတ်သိမ်းလျက်ရှိစဉ် မျှော်ကြည့်၍ သေတ္တာတော် ကိုမြင်လျှင် ဝမ်းမြောက်စွာဖူးကြိုကြ၏။
14 ဗက်ရှေမက်မြို့သားယောရှု၏ လယ်ကွက်အတွင်းကျောက်ဖျာကြီးအနီးလှည်းဆိုက်ရောက် သော်၊ လှည်းကိုခွဲစိတ်ပြီးနောက် နွားမတို့ကိုလည်း ထာဝရဘုရားအား မီးရှို့ရာသက္ကာအဖြစ် ပူဇော်ကြ ၏။
15 ထာဝရဘုရား၏ သေတ္တာတော်နှင့်တကွ၊ ရွှေရုပ်များပါသောကြုတ်ကို လေဝိဂိုဏ်းသားတို့ဆွဲချ၍ ကျောက်ဖျာကြီးပေါ်တွင် တင်ထားလျှင် ဗက်ရှေမက်မြို့သားတို့သည် ထိုနေ့တွင်ပင် မီးရှို့ရာသက္ကာမှစ၍ သက္ကာအမျိုးမျိုးကို ထာဝရဘုရားအား ပူဇော်ဆက်ကပ်ကြ၏။
16 ဖိလိတ္တိမင်းငါးပါးတို့လည်း ရှုမြင်ပြီးလျှင် ဧကြုန်မြို့ရောက် နေ့ချင်းပြန်သွားကြသတည်း။
17-18 အာဇုတ်မြို့၊ ဂါဇမြို့၊ အာရှကေလုန်မြို့၊ ဂါသမြို့၊ ဧကြုန်မြို့များအဖို့ ရွှေဘင်နာရုပ်များကို လည်းကောင်း၊ ဖိလိတ္တိမင်းငါးပါးတို့ပိုင်ဆိုင်သမျှသော ခံတပ်မြို့နှင့် တောရွာများအရေအလိုက်၊ ရွှေကြွက်ရုပ် များကိုလည်းကောင်း၊ ထာဝရဘုရားအား ပြစ်ဒဏ်ပြေရန် လှူဖူးကြသော သက်သေကား ထာဝရဘုရား၏ သေတ္တာတော်တင်ရာကျောက်ဖျာကြီးသည် ဗက်ရှေမက်မြို့သား ယောရှုလယ်ကွက်တွင် ယခုတိုင်အောင် တည်ရှိသေးသတည်း။
19 ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ကို ဖူးမြင်ကြသည့်ကာလ၊ ယေခေါနိအမျိုးသားတို့ မရွှင်လန်းကြသည့်အတွက် ထိုလူငါးသောင်းနှင့် ခုနစ်ဆယ်ကို ဒဏ်ခတ် တော်မူ၏။ အပြင်းအထန် ထာဝရဘုရားလုပ်ကြံတော်မူသောကြောင့် မြည်တမ်းကြ၏။
20 ဗက်ရှေမက်မြို့သားတို့ကလည်း၊ သန့်ရှင်းတော်မူသော ဤဘုရားသခင်ထာဝရဘုရား မျက်မှောက်တော်၌ မည်သူခံရပ်နိုင်သနည်း။ ငါတို့ထံမှ မည်သူ့ထံသို့ကြွသွားတော်မူမည်နည်းဟု ဆွေးနွေးကြပြီးလျှင်
21 ထာဝရဘုရား၏သေတ္တာတော်ကို ဖိလိတ္တိလူမျိုးတို့ပြန်ပို့ကြပါပြီ။ ဆင်းလာ၍ပင့်ဆောင်ကြ ပါဟု ကိရယတ်ယာရိမ်မြို့သားတို့ထံ တမန်စေလွှတ်လျက် တောင်းပန်လိုက်ကြသည့်အတိုင်း