28
ထိုနောက် ဣသရေလလူမျိုးကိုစစ်တိုက်ရန် ဖိလိတ္တိအလုံးအရင်းတို့ စုရုံးကြသည့်ကာလ အာခိတ်မင်းက၊ သင်နှင့်အပေါင်းပါတို့လည်း အလုံးအရင်းတွင်ပါဝင်၍ ငါ့နောက်လိုက်ချီရမည်ကို သိမှတ်လော့ဟု ဒါဝိဒ်အားမိန့်ဆိုသော်၊ သို့ဖြစ်လျှင်ကျွန်တော်မျိုး၏စွမ်းရည်ကို အရှင်သိပါလိမ့်မည်ဟု ဒါဝိဒ်ဝန်ခံရာ၊ အာခိတ်မင်းက၊ သို့ဖြစ် ခဲ့မူ၊ သင့်အားသက်တော်စောင့်ရာထူးကို အမြဲခန့်ထားမည်ဟု မိန့်ဆိုလေ၏။
ရှမွေလကွယ်လွန်ခဲ့ရာ ဣသရေလတစ်မျိုးလုံးငိုကြွေးမြည်တမ်းမှုကိုပြုပြီးလျှင် ချက်သိုရာ ရာမ မြို့တွင် သင်္ဂြိုဟ်ခဲ့ပြီ။ ကဝေနှင့်မှော်ဝင်တို့ကိုလည်း ပြည်နယ်အတွင်း ရှောလုမင်းသုတ်သင်ပြီးဖြစ် သတည်း။ ဖိလိတ္တိစစ်သည်တို့ စုရုံး၍၊ ရှုနင်မြို့တွင် တပ်စွဲကြ၏။ ရှောလုမင်းလည်း ဣသရေလ ရဲမက် အပေါင်းတို့ကို စုရုံးပြီးလျှင် ဂိလဗောတောင်၌တပ်စွဲရာ၊ ဖိလိတ္တိအလုံးအရင်းကိုမြင်လျှင် အလွန်ထိတ်လန့်ကြောက်ရွံ့ခြင်း ဖြစ်သည်နှင့် ထာဝရဘုရားထံမေးလျှောက်သော်လည်း အိပ်မက်အားဖြင့်လည်းကောင်း၊ ဥရိမ်အားဖြင့်လည်းကောင်း၊ ပရောဖက် အားဖြင့်လည်းကောင်း၊ ထာဝရဘုရားထူးတော်မမူ။ သို့ဖြစ်၍ ရှောလုမင်းက၊ ငါသွားရောက်မေးမြန်းနိုင်သော ကဝေမတစ်ယောက်ကို ရှာကြလော့ဟု ကျွန်ရင်းတို့အား မိန့်ဆိုသောအခါ အဒေါရမြို့တွင် ကဝေမတစ်ယောက်ရှိပါသည်ဟု တင်လျှောက်ကြ သည့်အတိုင်း ရှောလုမင်းသည် ဝတ်လဲတော်မဆင်ဘဲ ဆင်းရဲသားဟန်ဆောင်လျက် နောက်ပါငယ်သားနှစ် ယောက်နှင့် ညဉ့်အခါ ထိုမိန်းမထံသွားရောက်ပြီးလျှင် သင်အမှီပြုသောဇော်ဂနီတန်ခိုးအားဖြင့် ကျွန်တော်အလိုရှိသူ့ကိုခေါ်ပေးပါဟုဆိုသော် ကဝေမက ကဝေနှင့်မှော်ဝင်တို့ကို ပြည်နယ်အတွင်းရှောလုမင်း ပယ်ရှားသောအမှုကိုသိလျက် ငါ့အသက်သေစေခြင်းငှါ အဘယ်ကြောင့် ကွင်းထောင်သနည်းဟု ပြန်ဆိုရာ 10 ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း ဤအမှုကြောင့် အပြစ်ဒဏ်ခံရမည်မဟုတ်ဟု ထာဝရဘုရားကိုတိုင်တည်၍ ရှောလုမင်း သစ္စာဆိုလေ၏။ 11 ထိုအခါ ကဝေမက၊ မည်သူ့ကိုခေါ်ပေးရမည်နည်းဟု မေးရာ ရှမွေလဟု ဆိုပြီးနောက် 28.11 ပါဠိ၊ ရှမွေလ။ရှောလုကို 12 ကဝေမကြည့်မြင်သော် အဘယ်ကြောင့် ကျွန်မကိုလှည့်စားဘိသနည်း။ အရှင်သည် ရှောလုမင်းပါတကားဟု ဟစ်အော်တင်လျှောက်လေ၏။ 13 ရှောလုမင်းကလည်း၊ မကြောင့်လင့်။ ဘာကိုမြင်ရသနည်းဟုမေးသော် ကဝေမက၊ မြေထဲက ဘုရားတက်လာသည်ကိုမြင်ပါသည်ဟု လျှောက်လျှင်၊ 14 အဆင်းသဏ္ဌာန်မည်သို့နည်းဟု မေးပြန်ရာ ဝတ်လုံဆင်လျက် လူအိုတက်လာသည်ဟု ပြန်လျှောက်သော် ရှမွေလဖြစ်ကြောင်း ရှောလုမင်းရိပ်မိသဖြင့် ပျပ်ဝပ်ရှိခိုးလေ၏။ 15 မည်သည့်အတွက် ငါ့ကိုခေါ်၍ နှောင့်ရှက်သနည်းဟု ရှမွေလမေးသော်၊ ရှောလုမင်းက၊ အလွန် ကျဉ်းမြောင်းခြင်းသို့ အကျွန်ုပ်ရောက်ပါပြီ။ ဖိလိတ္တိလူမျိုးတို့ စစ်တိုက်မည့်ရှိရာ ဘုရားသခင်သည် အကျွန်ုပ်မှခွါပြီးဖြစ်၍ ပရောဖက်အားဖြင့်လည်းကောင်း၊ အိပ်မက်အားဖြင့်လည်းကောင်း၊ ထူးတော်မမူသောကြောင့် မည်သို့ပြုအပ်သည်ကို ေဖာ်ပြစေခြင်းငှါ 16 ကိုယ်တော်ကိုပင့်ရပါသည်ဟု လျှောက်လျှင် ရှမွေလက ထာဝရဘုရားသည် သင်မှခွါ၍ တစ်ဘက် ၌ရှိသည်မှန်မူ အဘယ်ကြောင့်ငါ့ကိုမေးတော့သနည်း။ 17 ငါ့အားဖြင့် ဗျာဒိတ်ပေးတော်မူခဲ့သည့်အတိုင်း ထာဝရဘုရားစီရင်လျက် တိုင်းနိုင်ငံ ကိုသင့်လက်မှဆုတ်ဖြတ်၍ တစ်ပါးသူဒါဝိဒ်အား လွှဲအပ်တော်မူလေပြီ။ 18 ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျက်၊ အမျက်တော်အရှိန်အတိုင်း အာမလက်လူမျိုးအား သင်မပြုသောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကိုသင်၌ယနေ့စီရင်တော်မူပြီ။ 19 သင်မှစ၍ ဣသရေလလူမျိုးနှင့် အလုံးအရင်းတို့ကို ဖိလိတ္တိလူမျိုးလက်တွင်းသို့ ထာဝရဘုရား အပ်နှင်းတော်မူသောကြောင့် သင်နှင့်သင့်သားတို့ပါ နက်ဖြန်ငါရှိရာသို့ ရောက်ရကြလတ္တံ့ဟုဆိုသော် 20 ရှောလုမင်းသည် လွန်ခဲ့သော တစ်နေ့နှင့်တစ်ညဉ့်ပတ်လုံး ပွဲတော်စာမသုံးသည့်အတွက် အားနည်း သောကြောင့်လည်းကောင်း၊ ရှမွေလစကားကိုကြားရသည်နှင့် အလွန်ကြောက်ရွံ့သောကြောင့်လည်းကောင်း၊ ရုတ်ခြင်းမှောက်လဲ၍ စင်းစင်းနေလေ၏။ 21 ထိုအခါကဝေမချဉ်းလာ၍ ရှောလုမင်းအလွန်ကြောက်လန့်သည်ကိုသိမြင်လျှင် ကျွန်တော်မျိုး မသည် အရှင့်စကားကိုလိုက်နာပါပြီ။ အသက်ကိုဆောင်ကိုင်လျက်ပင် မိန့်တော်မူရာ ကျွန်မလိုက် နာသည့်အတိုင်း 22 အရှင်လည်း ကျွန်တော်မျိုးမတင်စကားကို နားတော်စိုက်လျက် အပြန်ခရီး၌ အားပြည့်စေရန် ရှေ့တော်တွင် ကျွန်မဆက်သောပွဲတော်စာအနည်းငယ်ကို သုံးဆောင်တော်မူပါဟု တင်လျှောက်သော် လည်း 23 မစားလိုဟု ငြင်းပယ်လေ၏။ နောက်ပါကျွန်ရင်းနှင့် ကဝေမပါတိုက်တွန်းတောင်ပန်သဖြင့် ၎င်းတို့တိုက်တွန်းချက်ကို ရှောလုမင်းနာယူ၍ လဲရာမှရပ်ပြီးလျှင် ခုတင်ပေါ်တွင်ထိုင်လေ၏။ 24 ကဝေမလည်းတင်းကုပ်တွင် ကျွေးထားသောနွားငယ်တစ်ကောင်ကို အမြန်စီရင်၍ မုန့်ညက်ကို လည်းတဆေးမခတ်ဘဲ ယူနယ်ပေါင်းလုပ်ပြီးမှ 25 ရှောလုမင်းနှင့်ကျွန်ရင်းတို့ရှေ့တည်ဆက်သည့်အ လျောက် သူတို့သုံးဆောင်၍ ထိုညဉ့်ချင်းတွင် ထွက်သွားကြ၏။