9
ပဥ္စမစေတမန်တော်တံပိုးမှုတ်သည့်ကာလ ငါေမျှာ်ကြည့်ရာ ကောင်းကင်မှမြေသို့ကျသောကြယ်ဖြစ်သူသည် ငရဲတွင်းသော့ကိုခံရပြီးလျှင်၊ ထိုတွင်းကိုဖွင့်သော် မီးပုံကြီးကဲ့သို့အခိုးထွက်၍ ထိုမီးခိုးကြောင့်နေနှင့်ကောင်းကင်မိုက်၏။ ထိုမီးခိုးထဲကကျိုင်းကောင်များသည် မြေပေါ်သို့ထွက်လာလျက် မြေကြီးရှိကင်းမြီးကောက်များကဲ့သို့တန်ခိုးရပြီးလျှင် သစ်ဝါးကောက်ပဲမှစ၍၊ စိမ်းလန်းသောအပင်မည်သည်ကိုမျှမဟုတ်။ နဖူးတွင်ဘုရားသခင်ခတ်တော်မူသောတံဆိပ်မဲ့သူတို့ကိုသာ အန္တရာယ်ပြုခွင့်ရသည်ဟုအမိန့်ရှိ၏။ ၎င်းတို့သည် အသေသတ်ခွင့်မရ။ လူကိုကင်းြမီးကောက်ထိုး၍ ညှဉ်းဆဲခြင်းနှင့်အမျှ ငါးလတိုင်တိုင်ညှဉ်းဆဲခွင့်ရကြသည့်အလျောက် ထိုနေ့ရက်ကာလအတွင်း၊ လူတို့သည်သေခြင်းကိုရှာသော်လည်း တွေ့ကြမည်မဟုတ်။ သေလိုကြသော်လည်း သေမင်းရှောင်ပြေးလိမ့်မည်။ ထိုကျိုင်းကောင်တို့သည် ပြင်ဆင်ပြီးစစ်မြင်းသဏ္ဌာန်နှင့်တူလျက် ဦးခေါင်းများပေါ်မှာ ရွှေရောင်သရဖူအဆင်း၊ မျက်နှာများသည် လူ့မျက်နှာအဆင်း၊ နှုတ်ခမ်းမွေးများသည် မိန်းမဦးဆံအဆင်း၊ သွားများသည်ခြင်္သေ့သွားအဆင်း၊ ရင်အုပ်များသည်သံရင်အုပ်အဆင်းရှိ၍၊ တောင်ဟုန်သံလည်း စစ်ပွဲသို့စိုင်းနှင်သော စစ်ရထားတပ်သံနှင့်တူ၏။ 10 ကင်မြီးကောက်ကဲ့သို့အစွယ်ပါသောအမြီးရှိရာ ထိုအမြီးများတွင် လူတို့ကိုငါးလတိုင်တိုင်အန္တရာယ်ပြုရန် တန်ခိုးတည်၏။ 11 သူတို့အပေါ်တွင် ဟေဗြဲဘာသာဖြင့်အဗ္ဗဒ္ဒုန်၊ ဂရိတ်ဘာသာဖြင့်အပေါလျုန်ခေါ် ငရဲထိန်းနတ်သည် မင်းပြု၏။
12 ပထမအမင်္ဂလာကုန်ပြီ။ သင့်ရောက်လတ္တံ့သောအမင်္ဂလာနှစ်ပါးကျန်သေးချေတကား။
13-15 ဆဋ္ဌမစေတမန်တော်တံပိုးမှုတ်သော် ဥဖရတ်မြစ်ကြီးအနီးချုပ်နှောင်ထားသော စေတမန်တော်လေးပါးကို ဖြေလွှတ်လော့ဟု တံပိုးကိုင်စေတမန်တော်အား ဘုရားသခင်ရှေ့ပူဇော်ရာ ရွှေပလ္လင်တော့်စိန်တောင်လေးချွန်ရှိရာမှ အမိန့်သံထွက်သည်ကိုငါကြားရာ ထိုနှစ်၊ လ၊ နေ့ရက်အချိန်နာရီအဖို့ အသင့်ထားပြီး စေတမန်တော်လေးပါးသည်၊ 16-17 လူသုံးစုတစ်စုကိုလုပ်ကြံရန် လွတ်ရကြ၏။ အရေအတွက်ကိုငါကြား၍ ရူပါရုံတွင်မျှော်မြင်သည့်အတိုင်း မြင်းတပ်အရေအတွက်ကား ကုဋေနှစ်ဆယ်တည်း။ စီးနင်းသူတို့ကား မီးလျှံ၊ မီးခိုး၊ ကန့်မီးရောင်ရင်အုပ်များရှိလျက် ခြင်္သေ့ကဲ့သို့ဦးခေါင်းရှိသော ထိုမြင်းတို့ခံတွင်းမှ မီးလျှံ၊ မီးခိုး၊ ကန့်မီးထွက်သတည်း။ 18-19 အန္တရာယ်ပြုရန် ဦးခေါင်းများပါသောမြွေ့သဏ္ဌာန်အမြီးများ၌လည်းေကာင်း၊ ဦးခေါင်းများ၌လည်းေကာင်း၊ ထိုမြင်းတို့တန်ခိုးတည်သောကြောင့် ခံတွင်းမှထွက်သည့်မီးလျှံ၊ မီးခိုး၊ ကန့်မီးတည်းဟူသော ဘေးသုံးပါးအားဖြင့် လူသုံးစုတစ်စုသေကြ၏။ 20 ထိုဘေးများနှင့်မသေ၊ ကြွင်းသေးသူတို့ကား နတ်ဆိုးများကိုလည်းေကာင်း၊ မကြား၊ မမြင်၊ မသွားနိုင်သော ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ်သား၊ ကိုယ့်လက်ဖြစ်ဆင်းတုများကိုလည်းေကာင်း၊ 21 မကိုးကွယ်ရန် နောင်တမရသည့်ပြင် သတ်မှု၊ နတ်ဟောမှု၊ မတရားမေထုန်မှု၊ ခိုးမှုများအတွက်လည်း နောင်တမရကြချေ။