22
1-2 တစ်ဖန် ဘုရားသခင်နှင့်သိုးငယ်တော်၏ ရာဇပလ္လင်မှထွက်၍ လမ်းမတော့်အလယ်တစ်လျှောက်စီးလျက် ကျောက်သလင်းနှင့်အမျှ ကြည်လင်သောအသက်ရေမြစ်ကိုလည်းေကာင်း၊ အသီးဆယ့်နှစ်ရာသီသီးလျက် လူမျိုးခြားတို့အနာပျောက်ေစရန် အရွက်ထွက်လျက် ကမ်းနှစ်ဖက်၌ပေါက်သောအသက်ပင်ကိုလည်းေကာင်း ငါ့အားပြ၏။ 3-4 မြို့တော်၌ အကျိန်ခံထိုက်သည့်အရာမရှိ။ ဘုရားသခင်နှင့်သိုးငယ်​ေတာ်၏ ရာဇပလ္လင်တည်သည်နှင့် ကျွန်တော်ရင်းတို့လည်း နဖူးတွင်နာမတော်ဆောင်လျက် မျက်နှာတော်ကိုဖူးမြင်၍ ဝတ်ပြုရကြလတ္တံ့။ ညဉ့်ကျတော့မည်မဟုတ်။ မီးအလင်း၊ နေအလင်းမလို။ ထာဝရဘုရားသခင်သည် ထွန်းလင်းတော်မူလိမ့်မည်။ သူတို့ကား ကမ္ဘာအဆက်ဆက် စိုးစံခွင့်ရကြလိမ့်သတည်း။
ထိုအခါ ဤအချက်များကား သစ္စာရှိ၍ဟုတ်မှန်သည်။ ပရောဖက်တို့ဉာဏ့်ရှင် ထာဝရဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့်အခြင်းအရာများကို ကျွန်တော်ရင်းတို့အားထင်ရှားစေရန် ကိုယ်တော်၏စေတမန်တော်ကို လွှတ်တော်မူလိုက်၏။ ငါအမြန်လာမည်။ ဤကျမ်းပါပရောဖက်ဆင့်ချက်များကို စောင့်ရှောက်သူ၌မင်္ဂလာရှိသည်ဟု ငါကြားရ၏။ ထိုအကြောင်းအရာများကို ကြားနာမျှော်မြင်သူမှာ ငါယောဟန်တည်း။ ကြားမြင်ပြီးကာလ ပြသသော စေတမန်တော့်ခြေရင်း၌ ပျပ်ဝပ်လျက်ရှိခိုးမည်ပြုသော်၊ ရှိမခိုးလင့်။ ငါသည်သင်မှစ၍ ညီအစ်ကိုပရောဖက်တို့နှင့်လည်းေကာင်း၊ ဤကျမ်းချက်များကိုစောင့်ရှောက်သူတို့နှင့်လည်းေကာင်း၊ ကျွန်ချင်းဖြစ်သည်။ ဘုရားသခင်ကိုရှိခိုးလော့ဟု ငါ့အားပြောဆို၏။
10 တစ်ဖန်တုံ အချိန်တိုင်ရောက်လုပြီဖြစ်သောကြောင့် ဤကျမ်းပါပရောဖက်ဆင့်ဆိုချက်များကို တံဆိပ်ခပ်၍မပိတ်နှင့်။ 11 မတရားသူသည် မတရားလျက်နေစေဦး။ ညစ်ပေသူသည် ညစ်ပေစေဦး။ တရားသူသည် တရားသဖြင့်ကျင့်စေဦး။ သန့်ရှင်းသူသည် သန့်ရှင်းစေဦး။ 12 လူအသီးအသီးတို့အား အကျင့်အကြံအလျောက်ဆပ်ပေးရန် အကျိုးဆက်ထက်ကြပ်ပါငါအမြန်လာမည်။ 13 ငါသည် အာလဖနှင့်သြမေဃ၊ အာဒိကနှင့်အန္တိမ၊ အစနှင့်အဆုံးဖြစ်၏။ ဝတ်လုံများကို ဆေးလျှော်သဖြင့်၊ 14 အသက်ပင်မှစားခွင့်၊ မြို့တံခါးတော်ဝင်ခွင့်ရသူတို့သည် မင်္ဂလာရှိ၏။ 15 ပြင်ပ၌ကား ခွေးဖြစ်သူ၊ နတ်ဟောသူ၊ မတရားမေထုန်ပြုသူ၊ လူသတ်ဖြစ်သူ၊ ရုပ်ပွားကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်ကြံသူဟူသမျှ ရှိကြသတည်း။ 16 ဤအကြောင်းအရာများကို အသင်းတော်တို့အဖို့ သက်သေခံစေရန် ငါ့စေတမန်ကိုသင်တို့ထံ ငါယေရှုလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်မင်းအမြစ်အညွန့်၊ အဆက်အနွယ်၊ ထွန်းတေက်သော မိုးသောက်ကြယ်ဖြစ်သည်ဟု ငါ့အားမိန့်တော်မူ၏။
17 ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက ကြွလာတော်မူပါဟုလျှောက်ဆိုကြ၏။ ကြားနာသူကလည်း ကြွလာတော်မူပါဟု လျှောက်စေ၊ ရေငတ်သူကား လာစေ၊ သောက်လိုသူကား အသက်ရေကိုအဖိုးမဲ့သောက်စေ။
18 ဤကျမ်းပါပရောဖက်ဆင့်ချက်များကို ကြားနာသူတိုင်းအား ငါသက်သေခံသည်ကား၊ မည်သူမဆိုထပ်ဆင့်ထည့်သွင်းလျှင် ဤကျမ်းပါဘေးများကို ထိုသူ့အပေါ်တွင် ဘုရားသခင်ထပ်ဆင့်တော်မူလိမ့်မည်။ 19 ဤပရောဖက်ကျမ်းချက်များမှ မည်သူမဆိုနုတ်ပယ်လျှင် ဤကျမ်းပါအသက်ပင်နှင့် သန့်ရှင်းသောမြို့တော်တွင် ထိုသူ့ဝေပုံကို ဘုရားသခင်နုတ်ပယ်တော်မူလိမ့်မည်။ 20 ဤအကြောင်းအရာများကို သက်သေခံတော်မူသောအရှင်က မုချငါအမြန်လာမည်ဟု မိန့်တော်မူ၏။ အာမင်။ အရှင်ယေရှု၊ ကြွလာတော်မူပါ။
21 အရှင်ယေရှု၏ကျေးဇူးတော်သည် သီးသန့်ထားတော်မူသူတို့နှင့်အတူ တည်ရှိစေသတည်း။