34
1 ယောရှိသည်၊ အိမ်နိမ့်ရှစ်နှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌၊ သုံးဆယ့်တစ်နှစ်စိုးစံရရာ၊
2 ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာကျင့်ကြံလျက်၊ ဝဲယာသို့မယိမ်းမယိုင်၊ ဘေးတော်ဒါဝိဒ်မင်းနည်းလမ်းအတိုင်း လိုက်လျှောက်လေ၏။
3 နန်းစံရှစ်နှစ်၊ နုနယ်စဉ်ကပင်၊ ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုရှာဖွေ၍၊ နန်းစံဆယ့်နှစ်နှစ်တွင်၊ ယေရုရှလင်မြို့မှစသော ယုဒပြည်လုံးရှိမြင့်ရာဌာန၊ တံခွန်တိုင်၊ ရုပ်ပွားဆင်းတုများကိုသုတ်သင်ရန် ထုတ်ဆင့်လျက်၊
4 ရှေ့တော်တွင်ဗာလနတ်တို့ယဇ်ပလ္လင်များကိုဖြိုဖျက်ခြင်း၊ အထက်ရှိနေမင်းတိုင်များကို ခုတ်လှဲခြင်း၊ တံခွန်တိုင်ရုပ်ပွားဆင်းတုများကိုချိုးဖဲ့ချေမွခြင်းပြုပြီးမှ၊ ပူဇော်ခဲ့သူတို့ သင်္ချိုင်းပုံတွင် အမုန့်ကိုကြဲဖြန့်စေ၏။
5 ဆိုင်ရာယဇ်ပလ္လင်ပေါ်တွင်၊ ချင်းတို့ပရောဟိတ်အရိုးများကို မီးတိုက်၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်လုံးနှံ့ ရှင်းလင်းစေသည့်ပြင်၊
6-7 ဣသရေလပြည်ဆိတ်ညံ့ရာတစ်လျှောက်၊ မနာရှေ၊ ဧဖရိမ်၊ ရှိမောင်၊ နဿလိနယ်တိုင်အောင်၊ မြို့ရွာတိုင်းရှိယဇ်ပလ္လင်များကိုဖြိုဖျက်ခြင်း၊ တံခွန်တိုင်နှင့်ရုပ်တုများကိုချေမွှခြင်း၊ နေမင်းတိုင်များကိုခုတ်လှဲခြင်းပြုပြီးမှ၊ ယေရုရှလင်မြို့သို့ပြန်လေ၏။
8 ထိုသို့ပြည်တော်နှင့်ဗိမာန်တော်ကိုရှင်းလင်းစေသည့်အတွင်း၊ ယောရှိမင်းသည် နန်းစံဆယ့်ရှစ်နှစ်တွင်၊ အာဇလိသားရှာဖန်၊ ဝန်စုရမာသေယ၊ ယောခတ်သားအတွင်း ဝန်ယေအာတို့ကို၊ ကိုယ့်ဘုရားသခင်ဗိမာန်တော်ပြုပြင်ရန် စေလွှတ်သည့်အတိုင်း၊
9 ပရောဟိတ်မင်းဟိလခိထံသွား၍ ယေရုရှလင်မြို့မှစသော၊ ယုဒ၊ ဗင်္ယာမိန်ပရိသတ်တို့ လက်မှလည်းေကာင်း၊ မနာရှေ၊ ဧဖရိမ်မှစ၍၊ ကြွင်းကျန်သူဣသရေလပရိသတ်တို့လက်မှလည်းေကာင်း၊ အထွက်အဝင်စောင့်ကြည့်ရသူ လေဝိဂိုဏ်းသားတို့ခံယူလျက်၊ ဗိမာန်တော်တွင် သွင်းထားသောအလှူငွေကို၊
10 ကြီးကြပ်သူဗိမာန်တော်မှူးတို့လက်သို့အပ်နှံ၍၊ ဗိမာန်တော်ကိုထေးဖာပြင်ဆင်စေရန်၊ ဆောင်ရွက်သူတို့အား ဆင့်ကဲအပ်ပြန်သည်နှင့်အညီ၊
11 ယုဒဘုရင်တို့ဖျက်ဆီးခဲ့သောအဆောင်တော်ထုပ်လျောက်ပြင်ဆင်ရန်လည်းေကာင်း၊ ဆစ်ပြီးကျောက်နှင့်ဒိုင်းကျားများကို ဝယ်ရန်လည်းေကာင်း၊ ပန်းတဉ်း၊ ပန်းပုတို့အားအပ်ပေးရာ၊ သစ္စာစောင့်လျက်လုပ်ကြ၏။
12 လေဝိဂိုဏ်းသားမေရာရိအနွယ်ယာဟတ်နှင့်ဩဗဒိ၊ ကောဟတ်အနွယ်ဇာခရိနှင့် မေရုလံမှစသော၊ တုရိယာမျိုးကိုကျွမ်းကျင်သူတို့သည်၊ ကြီးကြပ်ကြည့်ရှုရသည့်ပြင်၊
13 အလုပ်ခေါင်း၊ စာရေး၊ တံခါးမှူးအဖြစ်ဖြင့်၊ ကံကျွေးလုပ်ဆောင်သူခပ်သိမ်းကို ကြည့်ရှုရသောလေဝိဂိုဏ်းသားရှိကြသေး၏။
14 ဗိမာန်တော်တွင်သွင်းထားသောအလှူငွေကိုထုတ်ယူသည့်ကာလ၊ ပရောဟိတ်ဟိလခိသည်၊ မောရှေအားဖြင့်ထားခဲ့သော၊ ထာဝရဘုရား၏ပညတ္တိကျမ်းကိုတွေ့သဖြင့်၊
15 ပညတ္တိကျမ်းကို ဗိမာန်တော်တွင်ငါတွေ့ပြီဟုပြောဆိုလျက်၊ သံတော်ဆင့်ရှာဖန်အား အပ်ရာ၊
16 ရှာဖန်သည် ဘုရင်မင်းထံပြန်ဝင်၍၊ အပ်နှင်းတော်မူသမျှကိုကျွန်တော်မျိုးတို့ပြီးစီးခဲ့ပါပြီ။
17 ထာဝရဘုရား၏ဗိမာန်တော်၌ တွေ့သောအလှူငွေကိုထုတ်လျက်၊ ကြီးကြပ်သူဗိမာန်တော်မှူးတို့လက်သို့အပ်ခဲ့ကြပါပြီ။
18 ပရောဟိတ်မင်းဟိလခိလည်း၊ ကျမ်းတစ်စောင်ကိုကျွန်တော်မျိုးသို့အပ်လိုက်ပါသည်ဟု ပြန်ကြားတင်လျှောက်ပြီးလျှင်၊ ရှေ့တော်တွင် ဖတ်ရွတ်လေ၏။
19 ပညတ်တရားချက်ကိုဘုရင်မင်းကြားရသော်၊ ဝတ်လဲတော်ကိုဆုတ်လျက်၊
20 ဟိလခိ၊ ရှာဖန့်သားအဟိကံ၊ မိက္ခာ့သား အာဗဒုန်၊ သံတော်ဆင့်ရှာဖန်၊ သက်တော်စောင့်အသာယတို့အား၊ မိန့်မှာသည်ကား၊
21 ငါမှစသော၊ ယုဒ၊ ဣသရေလကြွင်းကျန်သူတို့အတွက်၊ ယခုတွေ့သောကျမ်းဆိုချက်ကိုထောက်၍၊ ထာဝရဘုရားထံသွားရောက်မေးလျှောက်ကြလော့။ ဤကျမ်းတွင် ရေးထားခဲ့သော၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုဘိုးဘေးတို့မစောင့်မရှောက်ကြသောကြောင့်၊ ထာဝရဘုရားအမျက်တော်ကို၊ ငါတို့အပေါ်သို့ပြင်းပြစွာသွန်ချလေပြီဟုမိန့်မှာ သည်နှင့်အညီ၊
22 ဟိလခိနှင့်စေသူတို့ပါ၊ ယေရုရှလင်မြို့ဒုတိယအရပ်တွင်နေထိုင်သူဟသရမြေး၊ တုတ်ဟတ်သား၊ အချုပ်ဝန်ရှလ္လုံ၏ခင်ပွန်းပရောဖက်မဟုလဒထံသွားရောက်မေးမြန်းကြရာ၊
23-25 ပရောဖက်မက၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤမြို့သူမြို့သားတို့သည်၊ ငါ့ကိုစွန့်၍၊ အခြားဘုရားများအားမီးနှင့်ပူဇော်လျက်၊ လူ့လက်ဖြစ်အားဖြင့်၊ အမျက်တော်တိုက်ကြသည့်အတွက်၊ ထိုမြို့ပေါ်တွင် မငြိမ်းနိုင်သောဒေါသမီးသွန်ချလျက်ရှိသည်နှင့်အညီ၊ ယုဒဘု ရင့်ရှေ့ဖတ်ရွတ်သောကျမ်းထွက်အမင်္ဂလာစကားအတိုင်း၊ မြို့နှင့်နေထိုင်သူတို့အပေါ်၌ ဘေးသင့်စေမည်ဟူသောဗျာဒိတ်တော်ကို၊ ငါ့ထံသင်တို့ကိုစေလွှတ်သူ့အားပြန်ကြားကြလော့။
26-27 ထာဝရဘုရားထံမေးလျှောက်ရန်စေလွှတ်သောယုဒဘုရင်အားဆင့်ဆိုရမည်မှာ၊ ဤမြို့နှင့်နေထိုင်သူတို့ကိုရည်သောဗျာဒိတ်တော်ကိုကြားလျှင်ကြားချင်း၊ ငါဘုရား မျက်မှောက်တော်တွင်နူးညံ့သောစိတ်နှင့်နှိမ့်ချခြင်း၊ အဝတ်ဆုတ်ခြင်း၊ ငိုကြွေးခြင်းများကိုသင်ပြုသောကြောင့်၊ ငါလည်းနားညောင်းတော်မူပြီ။
28 ဤမြို့နှင့်နေထိုင်သူတို့၌ငါသင့်စေလတ္တံ့သောဘေးကို၊ သင့်ကိုယ်တိုင်မတွေ့မကြုံရဘဲ၊ ဘိုးဘေးတို့ထံရောက်ခွင့်၊ ဘေးကင်းစွာသင်္ချိုင်းသို့ ဝင်ခွင့်ရလိမ့်မည်ဟု၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူကြောင်းဆင့်ဆိုသည့်အတိုင်း၊ ဘုရင်မင်းထံပြန်ကြားတင်လျှောက်ကြ၏။
29 ထိုအခါဘုရင်မင်းသည်၊ ယေရုရှလင်မြို့မှစ၍ ယုဒအမျိုးလူကြီးတို့ကို ခေါ်ငင်စုဝေးစေပြီးလျှင်၊
30 ပရောဟိတ်၊ လေဝိဂိုဏ်းသားမှစသော၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သား၊ လူကြီးလူငယ်အပေါင်းတို့ပါ၊ ဗိမာန်တော်သို့တက်၍၊ ဗိမာန်တော်တွင် တွေ့သောပဋိညာဉ်တော်ဆိုင်ရာကျမ်းဆိုချက်အလုံးစုံကို၊ ပရိသတ်ရှေ့ဖတ်ရွတ်ပြီးမှ၊
31 နေရာတော်ထက်ရပ်နေလျက်၊ ထိုကျမ်းတွင်ပါရှိသောပဋိညာဉ်ချက်များကို ဆောင်ရွက်အံ့သောငှာ၊ စိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့၊ ထာဝရဘုရားနောက်တော်သို့ လိုက်၍၊ မိန့်မှာထုံးဖွဲ့သက်သေခံတော်မူချက်များကိုစောင့်ထိန်းမည့်အကြောင်း၊ ထာဝရဘုရားမျက်မှောက်တော်တွင်ပဋိညာဉ်ပြုရာ၊ ၁ 34.31 ပါဠိၒ ၒ- ယေရုရှလင်။ယုဒ၊ ဗင်္ယာမိန့်အနွယ်သားအပေါင်းတို့ကိုဝန်ခံစေ၏။
32 ယေရုရှလင်မြို့သူမြို့သားတို့လည်း၊ ဘိုးဘေးတို့၏ဘုရားသခင် ပဋိညာဉ်တော်ကိုစောင့်ရှောက်ကြကုန်၏။
33 ယောရှိမင်းသည်၊ ဣသရေလအမျိုးသားတို့ကိုပိုင်ဆိုင်သောအနယ်နယ်မှ၊ ရွံ့ရှာဖွယ်ဘုရားများကိုထုတ်ပယ်၍၊ ကျန်သမျှသောဣသရေလလူမျိုးတို့ကို၊ ကိုယ့်ဘုရား သခင်ထာဝရဘုရားထံဝတ်ပြုစေသဖြင့်၊ လက်ထက်တော်ကာလပတ်လုံး၊ ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားနောက်တော်သို့မလွှဲဘဲလိုက်ကြကုန်၏။