15
1 ထိုနောက်၊ ဩဒက်သားအာဇရိအပေါ်သို့ ဘုရားသခင့်ဝိညာဉ်တော်သက်ရောက်၍၊
2 အာဇရိသည် အာသမင်းကိုခရီးဦးကြိုဆိုလျက်ဆင့်ဆိုသည်မှာ၊ အိုအာသမင်းမှစ၍၊ ယုဒ၊ ဗင်္ယာမိန်လူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ သင်တို့သည်ထာဝရဘုရား ဘက်တော်၌ နေသမျှကာလပတ်လုံး၊ သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။ သင်တို့ရှာဖွေလျှင် အတွေ့ခံ တော်မူလိမ့်မည်။ စွန့်ခွာလျှင်မူကား၊ စွန့်ခွာတော်မူလိမ့်မည်။
3 အဓွန့်ရှည်စွာ ကာလများတွင်၊ မှန်သောဘုရားတရား၊ သွန်သင်သောပရောဟိတ်များနှင့်ကင်းလျက်နေသော ဣသရေလလူမျိုးသည်၊
4 ဒုက္ခတွေ့၍၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားကိုရှာဖွေပြန်လာသောအခါတိုင်း၊ အတွေ့ခံတော်မူလေပြီ။
5 ထိုကာလများတွင်၊ ပြည်နယ်အရပ်ရပ်၌ ဖီဆန်ခြင်းအထူးရောက်သောကြောင့်၊ ခရီးသွားလာသူတို့ရန်ဧသည်မဟုတ်။
6 ထာဝရဘုရားသည် ဘေးရန်အမျိုးမျိုးဖြစ်ပွားစေတော်မူသည်နှင့်အညီ၊ လူမျိုးချင်း၊ မြို့ရွာချင်း တိုက်ဖျက်ကြကုန်၏။
7 သင်တို့မူကား၊ အားယူလျက် လက်မလျော့ကြနှင့်။ အလုပ်အကိုင်အတွက်အကျိုးဆက်ခံရကြလိမ့်မည်ဟုဆင့်ဆို၏။
8 အာသမင်းသည် ပရောဖက်ဩဒက်ဟောပြောချက်ကို ကြားလျှင်၊ အားယူလျက်၊ ယုဒ၊ ဗင်္ယာမိန်တစ်ပြည်လုံးနှင့်၊ ဧဖရိမ်ခင်တန်းရှိသိမ်းစုမြို့ရွာများမှ၊ စက်ဆုပ်ဖွယ်ဘုရားများကိုပယ်ရှား၍၊ ထာဝရဘုရား၏မုတ်ဆောင်ဦးတွင်၊ ပူဇော်ရာပလ္လင်တော်ကိုပြုပြင်လေ၏။
9 ထိုနောက်အာသမင်း၏ ဘုရားသခင်ထာဝရဘုရားသည် ထိုမင်းနှင့်အတူရှိတော်မူကြောင်းကို သိကြသဖြင့်၊ ဘက်တော်သို့ဣသရေလနိုင်ငံသား အမြောက်အမြားပါ ဝင်ကြသည်နှင့်အညီ၊ ဧဖရိမ်၊ မနာရှေ၊ ရှိမောင်နယ်များမှခိုဝင်လာသူတို့ကိုလည်းေကာင်း၊ ယုဒ၊ ဗင်္ယာမိန်တစ်မျိုးလုံးကိုလည်းေကာင်း၊ စုဝေးစေသည့်အတိုင်း၊
10 အာသမင်းနန်းစံဆယ့်ငါးနှစ်၊ တတိယလတွင်၊ ယေရုရှလင်မြို့သို့ရောက်ရာ၊
11 ပါလာသောလက်ရဥစ္စာအနက်၊ နွားခုနစ်ရာ၊ သိုးဆိတ်ခုနစ်ထောင်များကို၊ ထာဝရဘုရားအား၊ နေ့ချင်းပူဇော်ကြကုန်၏။
12 ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို၊ စိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့ ရှာဖွေခြင်း၊
13 ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားအား၊ မရှာဖွေသော လူကြီးလူငယ်၊ ယောက်ျားမိန်းမ၌မဆိုသေဒဏ်စီရင်ခြင်းပဋိညာဉ်ကိုဖွဲ့လျက်၊
14 ကြွေးကြော်သံ၊ တံပိုး၊ နှဲခရာမှုတ်သံနှင့်တကွ၊ ထာဝရဘုရားအားဟစ်လျက်သစ္စာဆိုကြကုန်၏။
15 ယုဒလူမျိုးအပေါင်းတို့သည် စိတ်နှလုံးအကြွင်းမဲ့သစ္စာဆို၍၊ အလိုဆန္ဒအကုန်အစင် လိုက်ရှာကြသည်နှင့်အညီ၊ သစ္စာဆိုရသည့်အတွက်ဝမ်းမြောက်ကြကုန်၏။ ထာဝရ ဘုရားလည်း အတွေ့ခံတော်မူ၍၊ ပတ်ဝန်းကျင်အရပ်ရပ်၌ ငြိမ်းချမ်းခွင့်ပေးတော်မူ၏။
p p
16 အာသမင်းသည်၊ စက်ဆုပ်ဖွယ်သောအရှဲရာရုပ်ပွားလုပ်ခဲ့သောဖွားတော်မာခါကို၊ အိမ်နိမ့်သို့ချထားပြီးလျှင်၊ ဆိုခဲ့သောရုပ်ပွားကိုဖြိုလှဲချေမွှလျက်၊ ကေဒြုန်ချိုင့်တွင်မီး တိုက်လေ၏။
17 ဣသရေလပြည်ရှိမြင့်ရာဌာနများကို မပယ်သော်လည်း၊ အာသမင်းသည်၊ လက်ထက်တော်ကာလပတ်လုံး၊ စုံလင်စိတ်ရှိ၏။
18 ခမည်းတော်သီးသန့်ထားခဲ့သောဘဏ္ဍာများနှင့်၊ ကိုယ်တိုင်သီးသန့်ထားသောရွှေ၊ ငွေ၊ အသုံးအဆောင်များပါ၊ ဗိမာန်တော်သို့သွင်းထားသတည်း။
19 နောက်တစ်ဖန်၊ နန်းစံသုံးဆယ့်ငါးနှစ်တိုင်အောင်၊ စစ်ရေးမပေါ်မထွက်ချေ။