14
တုရုဘုရင်ဟိရံမင်းသည်ဒါဝိဒ်မင်းထံ ရာဇသံတို့ကိုလွှတ်၍ နန်းတော်တည်ဆောက်ရန် သစ်ကတိုးသစ်နှင့်ပန်းရန်သမား၊ လက်သမားတို့ကိုပို့ဆက်လေ၏။ ထာဝရဘုရားသည် ဣသရေလလူမျိုးတော်အတွက် ထိုလူမျိုးအပေါ်တွင် ဘုရင်အဖြစ်တည်မြဲစေတော်မူကြောင်းကိုလည်းကောင်း၊ အာဏာကြီးစေတော်မူကြောင်းကိုလည်းကောင်း၊ ဒါဝိဒ်မင်းသိမြင်လေ၏။
ဒါဝိဒ်မင်းသည် ယေရုရှလင်မြို့မှာစံနေသောအခါ အခြားမိဖုရားတို့ကိုယူပြန်သဖြင့် သားတော်သမီးတော်များကိုရသေး၏။ ယေရုရှလင်မြို့၌ရသောသားတော်တို့အမည်များကား ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်။ 5-7 ဣဗဘာ၊ ဧလိရွှ၊ ဧလပေလက်၊ နောဂ၊ နေဖက်၊ ယာဖျာ၊ ဧလိရှမာ၊ ဗေလျာဒ၊ ဧလိဖလက်တို့ တည်း။
ဖိလိတ္တိလူမျိုးတို့သည် ဣသရေလတစ်မျိုးလုံးအပေါ်တွင် ဒါဝိဒ်ကိုရာဇဘိသိက်ဖြင့် ချီးမြှင့်ခြင်းသတင်းကြာသိကြသော် ဒါဝိဒ်ကိုဗိုလ်ထုအလုံးအရင်းတို့ချီတက်၍ လိုက်ရှာရာ ဒါဝိဒ်မင်းကြားသိသဖြင့် ဆီးဆို့ရန်ချီသွားလေ၏။ ဖိလိတ္တိတပ်တို့သည် ရေဖိမ်ချိုင့်တွင်အနုကြမ်းစီးချီလာကြသော်၊ 10 ဒါဝိဒ်မင်းက ဖိလိတ္တိတပ်ကိုဆီးဆို့ရန် စစ်ဘက်ရပါမည်လော။ အကျွန်ုပ်လက်တွင်းသို့ အပ်နှင်းတော်မူပါမည်လောဟု ဘုရားသခင့်ထံမေးလျှောက်လျှင် စစ်တက်လော့၊ သင့်လက်တွင်းသို့ငါအပ်နှင်းမည်ဟု မိန့်တော်မူသည့်အတိုင်း၊ 11 ဒါဝိဒ်မင်းသည် ဗာလပေရဇိမ်မြို့၌ချီတက်သော ဖိလိတ္တိတပ်ကိုလုပ်ကြံရာ ရေပန်းပေါက်ထွက်သကဲ့သို့ ရန်သူတို့ကိုငါ့လက်ရုံးဖြင့် ဘုရားသခင်ပေါက်ပျက်စေတော်မူပြီဟု အောက်မေ့လေ၏။ ထိုအမှုကိုအစွဲပြု၍ 14.11 အနက်ကား၊ အပေါက်ပေါက်စေေသာအရှင်။ဗာလပေရဇိမ်အမည်ဖြင့် ခေါ်ဝေါ်ကြသတည်း။ 12 ထိုအရပ်၌ဖိလိတ္တိတပ်က စွန့်လွှတ်ခဲ့ရသောဘုရားရုပ်များကို ဒါဝိဒ်မင်းအမိန့်ထုတ်သည့်အတိုင်း မီးတိုက်ကြ၏။
13 တစ်ဖန် ထိုချိုင့်တွင် ဖိလိတ္တိတပ်အနုကြမ်းစီးကြရာ၊ 14 ဒါဝိဒ်မင်းသည် ဘုရားသခင့်ထံမေးလျှောက်ပြန်သော် အမှီမတက်ရ။ ပန်း၍ ပိုးစာမြိုင်အနီးချဉ်းကပ်ပြီးမှ၊ 15 ပိုးစာမြိုင်အထက်ဖျားကတပ်သံကြားလျှင် ချီထွက်လော့။ ငါဘုရားသခင်သည် ဖိလိတ္တိအလုံးအရင်းကိုလုပ်ကြံရန် သင့်ရှေ့တွင်ကြွချီပြီဟု မိန့်တော်မူသည့်အတိုင်း၊ 16 ဒါဝိဒ်မင်းလိုက်နာ၍ ဖိလိတ္တိအလုံးအရင်းကို ဂိဗောင်မြို့မှဂေဇာမြို့အထိ လုပ်ကြံကြ၏။ 17 ဒါဝိဒ်မင်းကျော်စောကိတ္တိသည် အတိုင်းတိုင်းအပြည်ပြည်သို့ရောက်သည်နှင့်အညီ ထာဝရဘုရားသည် ထိုမင်းအား လူအမျိုးမျိုးတို့ထိတ်လန့်စေတော်မူ၏။