ရာဇဝံသကျမ်းပထမတွဲ
1
1-2 အာဒံ၊ ရှေသ၊ ဧနုတ်၊ ကာဣနန်၊ မဟာလေလ၊
3-4 ယာရက်၊ ဧနောက်၊ မသုရှလ၊ လာမက်၊ နောဧ၊ ရှေမ၊ ဟာမ၊ ယာဖက်တို့တည်း။
5 ယာဖက်သားများကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ်တို့တည်း။
6 ဂေါမာ့သားများကား အာရှကေနတ်၊ ဒိဖတ်၊ တော်ဂမတို့တည်း။
7 ယာဝန့်သားများကား ဧလိရှာ၊ တာရှု၊ ကိတ္တိမ်၊ ရောဒနိမ်တို့တည်း။
8 ဟာမသားများကား ကုရှ၊ မိဇရိမ်၊ ဖုတ၊ ခါနာန်တို့တည်း။
9 ကုရှသားများကား၊ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတို့တည်း။ ရာဂမသားများကား ရှေဘ၊ ဒေဒန်တို့တည်း။
10 ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာအစွမ်းကောင်း သော လူဦးဖြစ်၏။
11 မိဇရိမ့်သားများကား လုဒိမ်၊ အာနမိမ်၊ လဟာဗိမ်၊ နတ္တုဟိမ်
12 ပါသရုသိမ်၊ ကာသလုဟိမ်၊ ကတ္တောရိမ်တို့တည်း။
13 ကာသလုဟိမ်မှ ဖိလိတ္တိမ်ဆင်းသက်၏။ ခါနာန့်သားများကား သားဦးဇိဒုန်၊ ဟေသ။
14 ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ။
15-16 ဟိဝိ၊ အာကိ၊ သိနိ၊ အာဝဒိ၊ ဇေမရိ၊ ဟာမသိတို့တည်း။
17 ရှေမသားများကား၊ ဧလံ၊ အာရှုရိ၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မေရှက်တို့ တည်း။
18 အာဖာဇဒ်သား၊ ရှာလ။ ရှာလသား၊ ဟေဗာတည်း။
19 ဟေဗာသည် သားနှစ်ယောက်တို့ကို ရသည့်အနက်တစ်ေယာက်မှာ ၎င်းလက်ထက် မြေခွဲဝေယူကြသည်ကိုအစွဲပြု၍ ဖာလက်အမည်မှည့်၏။ သူ့ညီမှာ ယုတ္တန်အမည်ရှိ၏။
20 ယုတ္တန့်သားများကား အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ။
21-22 ဟဒေါရံ၊ ဥဇလ၊ ဒိကလ၊ ဧဗလ၊ အဘိမေလ၊ ရှေဘ။
23 သြဖိရ၊ ဟဝိလ၊ ယောဗပ်တို့တည်း။
24 ထိုသူအပေါင်းတို့သည် ယုတ္တန့်သားများဖြစ်ကြကုန်၏။
25-26 ရှေမ၊ အာဖာဇဒ်၊ ရှာလ၊ ဟေဗာ၊ ဖာလက်၊ ရာဂေါ။
27 စေရောက်၊ နာခေါ်၊ တေရ၊ အာဗြဟံတည်းဟူသော အဗြံတို့တည်း။
28 အာဗြံဟံ့သားများကား ဣဇာက်နှင့်ဣရှမေလတို့တည်း။
29 သားစဉ်မြေးဆက်ဟူမူကား ဣရှမေလသားဦးနဗာယုတ်။
30 ကေဒါ၊ အာဒဗေလ၊ မိဗသံ၊ မိရှမ၊ ဒုမာ၊ မာစ။
31 ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှ၊ ကေဒမာတို့တည်း။ ထိုသူတို့သည် ဣရှမေလသားများဖြစ်ကြကုန်၏။
32 အာဗြဟံ့နှောင်းမယားကေတုရသည် ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကို ဖွားမြင်၏။ ယုတ်ရှန့်သားများကား ရှေဘနှင့် ဒေဒန်တို့တည်း။
33 မိဒျန့်သားများကား ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတို့တည်း။ ထိုသူအပေါင်းတို့သည် ကေတုရသားမြေးဖြစ်ကြကုန်၏။
34 အာဗြဟံ့သားကား၊ ဣဇာက်၊ ဣဇက်သားများကား ဧသောနှင့်ဣသရေလတို့တည်း။
35 ဧသော့သားများကား၊ ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ ကောရတို့တည်း။
36 ဧလိဖတ်သားများကား၊ တေမန်၊ သြမရ၊ ဇေဖိ၊ ဂါတံ၊ ကေနတ်၊ တိမန၊ အာမလက်တို့တည်း။
37 ရွေလသားများကား နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတို့တည်း။
38 စိရသားများကား လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာ၊ ဒိရှန်တို့တည်း။
39 လောတန့်သားများကား၊ ဟောရိနှင့်ဟောမံတို့တည်း။
40 လောတန့်နှမကား၊ တိမနတည်း။ ရှောဗလသားများကား အာလျန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖိ၊ သြနံတို့တည်း။ ဇိဘောင့်သားများကား၊ အာယနှင့်အာနတို့တည်း။
41 အာနသားကား၊ ဒိရှန်။ ဒိရှန့်သားများကား ဟံရံ၊ ဧရှဗန်၊ ဣသရန်၊ ခေရန် တို့တည်း။
42 ဧဇာ့သားများကား၊ ဗိလဟန်၊ ဇာဝန်၊ ယာကန်တို့တည်း။ ဒိရှုန့်သားများကား ဥဇနှင့်အာရန်တို့တည်း။
43 ဣသရေလအမျိုးသားတို့တွင် မင်းပြုသူမရှိမီ ဧဒုံပြည်၌ မင်းပြုသူများကား၊ ဗောရသားဗေလာ သည် ဒိန္နာပမြို့၌မင်းပြု၏။
44 ဗေလာမင်းကွယ်လွန်၍ သူ့အရိုက်အရာ၌ ဗောဇရမြို့နေ ဇေရသားယောဗပ်မင်းပြုလေ၏။
45 ယောဗပ်မင်းကွယ်လွန်၍၊ သူ့အရိုက်အရာ၌ တေမန်ပြည်သားဟုရှံမင်းပြုလေ၏။
46 ဟုရှံမင်းကွယ်လွန်၍ မောဘပြည်တွင် မိဒျန်လူမျိုးကို တိုက်ခိုက်အောင်မြင်သူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံ့အရိုက်အရာ၌မင်းပြုရာ မြို့တော်ကား၊ အာဝိတ်မြို့တည်း။
47 ဟာဒဒ်မင်းကွယ်လွန်၍ သူ့အရိုက်အရာ၌ မာသရက်မြို့သား စာမလမင်းပြုလေ၏။
48 စာမလမင်းကွယ်လွန်၍ သူ့အရိုက်အရာ၌ မြစ်အနီးရှိရဟောဘုတ်မြို့သား ရှောလမင်းပြုလေ ၏။
49 ရှောလမင်းကွယ်လွန်၍ သူ့အရိုက်အရာ၌ အာခဗော့်သား ဗာလဟာနန်မင်းပြုလေ၏။
50 ဗာလဟာနန်မင်းကွယ်လွန်၍ သူ့အရိုက်အရာ၌ ဟာဒဒ်မင်းပြုရာ၊ မြို့တော်ကား ပေါမြို့တည်း။ မိဖုရားကား မေဇဟပ်မြေး၊ မာတရက်သမီး၊ မဟေတဗေလတည်း။
51 ဟာဒဒ်မင်းလည်းကွယ်လွန်လေ၏။
52 ဧဒုံအမျိုးအကြီးအကဲများကား တိမန၊ အာလျ၊ ယေသက်၊ အဟောလိဗာမ၊ ဧလာ၊ ပိနုန်။
53 ကေနတ်၊ တေမန်၊ မိဗဇာ၊ မာဂဒျေလ၊ ဣရံတို့သည်
54 ဧဒုံလူမျိုးတွင် အကြီးအကဲများဖြစ်ကြသတည်း။