ဆာလံ။ 93
1 ထာဝရဘုရားသည်စိုးစံ၍အာနုဘော်နှင့်ဆင်ယင်တော်မူ၏။ ထာဝရဘုရားသည်ထိုသို့ဆင်ယင်လျက်၊ ခွန်အားနှင့်ပတ်စည်းတော်မူ၏။ ဤလောကလည်းမလှုပ်မရှားရဘဲ၊ တည်လျက်ရှိ၏။
2 ရာဇပလ္လင်တော်သည် ရှေးပဝေဏီကတည်လျက်၊ ကိုယ်တော်သည်ရှေးကာလကတည်တော်မူပါ၏။
3 အိုထာဝရဘုရား၊ မြစ်များသည်ထကြွ၍ ဟုန်းသံလွှင့်ကြပါ၏။ မြစ်များသည် လှိုင်းတံပိုးခတ်ကြပါ၏။
4 ပင်လယ်ဟုန်းသံနှင့် သမုဒ္ဒရာလှိုင်းတံပိုးများအားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့်မြတ်၍ တန်ခိုးကြီးတော်မူပါ၏။
5 အိုထာဝရဘုရား၊ သက်သေခံတော်မူချက်များသည်၊ မြဲမြံလျက်၊ သန့်ရှင်းခြင်းပါရမီလည်း၊ အစဉ်အမြဲဗိမာန်တော်နှင့်သင့်မြတ်လှပါ၏။