ဆာလံ။ 91
မြင့်မြတ်သောဘုရား၏ အတွင်းဌာနတော်၌နေထိုင်သောသူသည်၊ အနန္တတန်ခိုးရှင်၏အရိပ်ကိုခိုလှုံရလိမ့်မည်။ ငါ၏ခိုလှုံရာ၊ ငါ၏ခံတပ်၊ ငါကိုးစားရာဘုရားသခင်ပေတည်းဟု၊ ထာဝရဘုရားအား ငါဝန်ခံမည်။ ကိုယ်တော်သည် ငှက်ခတ်သမား၏ညွှတ်ကွင်းမှလည်းေကာင်း၊ သေစေတတ်သောကပ်ရောဂါမှလည်းေကာင်း၊ သင့်ကိုကယ်လွှတ်လျက်၊ အတောင်တော်နှင့်ဖုံးအုပ်၍၊ တောင်ပံအောက်ခိုလှုံခွင့်ပြုတော်မူသည့်အတိုင်း၊ သစ္စာတော်သည်ဒိုင်းရှည်နှင့်ဒိုင်းလုံးဖြစ်၏။ ညဉ့်အခါ ရောက်သောဘေးအန္တရာယ်ကိုလည်းေကာင်း၊ နေ့အခါပစ်သောမြှားကိုလည်းေကာင်း၊ မှောင်အချိန်လှည့်လည်သောကပ်ရောဂါကိုလည်းေကာင်း၊ မွန်းတည့်အချိန်ဖျက်ဆီးသောဘေးဥပဒ်ကိုလည်းေကာင်း၊ သင်ကြောက်ရမည်မဟုတ်။ ယာဘက်၌လူတစ်ထောင်၊ ဝဲဘက်၌လူတစ်သောင်းကျဆုံးသော်လည်း၊ သင်က၊ မထိမခိုက်ရဘဲလျက်၊ လူဆိုးတို့ခံရသောအကျိုးဆက်ကိုကား၊ ဒိဋ္ဌမြင်ရလတ္တံ့။
ထာဝရဘုရားသည် ငါ၏ခိုလှုံရာပေတည်းဟုသင်ဆို၍၊ မြင့်မြတ်သောဘုရား၌ နေရာကျသောကြောင့်၊ 10 သင့်ထံဘေးတစ်မျိုးမျှမချဉ်း၊ နေထိုင်ရာသို့ကပ်ရောဂါတစ်မျိုးမျှမသင့်ရ။ 11 သွားလေရာရာ၌ သင့်ကိုစောင့်ထိန်းကြစေရန်၊ စေတမန်တော်တို့အားမှာထားတော်မူသည့်အတိုင်း၊ 12 ကျောက်ခဲနှင့်ခြေကိုမခိုက်မိစေရန်၊ ချီပင့်ရကြလိမ့်မည်။ 13 သင်သည် ခြင်္သေ့နှင့်မြွေဆိုးများကိုနင်း၍၊ ခြင်္သေ့ပျိုနှင့်နဂါးတို့ကိုကျော်ရလိမ့်မည်။
14 ငါ၌စွဲလမ်းသောကြောင့်၊ သူ့ကိုငါကယ်လွှတ်၍၊ ငါ့နာမကိုသိကျွမ်းသောကြောင့်၊ ချီးမြှောက်မည်။ 15 ငါ့ကိုခေါ်သောအခါ၊ တုံ့ပြန်၍၊ ဒုက္ခရောက်သောအခါ၊ အတူစံနေလျက်၊ ကယ်လွှတ်ပြီးလျှင်၊ ဂုဏ်ရောက်စေမည်။ 16 တင်းတိမ်ဖွယ်အသက်ရှည်စွာသနား၍၊ ငါ၏ကယ်တင်ရာကယ်တင်ကြောင်းကိုဖော်ပြမည်။