ဆာလံ။ 67
1 ဘုရားသခင်သည်၊ အကျွန်ုပ်တို့ကိုသနားလျက်၊ ကောင်းကြီးပေး၍၊ မျက်နှာတော်ရောင်ခြည်ကိုလွှတ်တော်မူပါစေသော။
2 သို့မှ၊ မြေကြီးပေါ်တွင်နည်းလမ်းတော်များကိုလည်းေကာင်း၊ လူမျိုးရှိသမျှတို့တွင် ကယ်တင်တော်မူခြင်းကျေးဇူးကိုလည်းေကာင်း၊ သိကျွမ်းရကြလိမ့်မည်။
3 အိုဘုရားသခင်၊ လူမျိုးတို့သည်ကိုယ်တော်ကိုချီးမွမ်းလျက်၊ လူမျိုးအပေါင်းတို့ ချီးမွမ်းကြပါစေသော။
4 လူအမျိုးမျိုးတို့သည်ရွှင်လန်း၍ကြွေးကြော်ရကြပါစေသော။ ကိုယ်တော်သည်လူမျိုးတို့ကို ဖြောင့်မတ်စွာစီရင်ဆုံးဖြတ်၍၊ မြေကြီးပေါ်ရှိလူအမျိုးမျိုးတို့ကိုလမ်းပြတော်မူပါလိမ့်မည်။
5 အိုဘုရားသခင်၊ လူမျိုးတို့သည် ကိုယ်တော်ကိုချီးမွမ်းလျက်၊ လူမျိုးအပေါင်းတို့ ချီးမွမ်းကြပါစေသော။
6 မြေသည်၊ အသီးအနှံထွက်စေ၍၊ ငါတို့ဘုရားသခင်သည်၊ ငါတို့ကိုကောင်းကြီးပေးတော်မူလိမ့်မည်။
7 ဘုရားသခင်သည်၊ ငါတို့ကိုကောင်းကြီးပေးတော်မူ၍၊ မြေကြီးအစွန်းအဖျားရှိသမျှ တိုင်အောင်၊ ကိုယ်တော်ကိုခန့်ညားရကြလတ္တံ့။