ဆာလံ။ 48
သန့်ရှင်းသောတောင်တော်ပေါ်ရှိ၊ ငါတို့ဘုရားသခင်၏မြို့တော်၌၊ ထာဝရဘုရားသည်ကြီးမြတ်၍၊ အလွန်ချီးမွမ်းခံထိုက်တော်မူ၏။ မဟာမင်းမြတ်၏မြို့တော်၊ မြောက်မျက်နှာမှာရှိသောဇိအုန်မြို့တော်သည်၊ လှပတင့်တယ်၍၊ မြေတစ်ပြင်လုံးနှစ်သိမ့်ဖွယ်သောနေရာဖြစ်သတည်း။ ဘုံဗိမာန်တော်များတွင်၊ ဘုရားသခင်သည်၊ ရဲတိုက်သဖွယ်ထင်ရှားလျက်ရှိတော်မူ၏။ ဘုရင်မင်းတို့သည် စုပေါင်းချီလာကြရာ၊ မြင်လျှင်မြင်ချင်းအံ့အားသင့်၍၊ အထိတ်အလန့်ပြေးလျက်၊ ထိုအရပ်၌ပင်သားဖွားသောမိန်းမကဲ့သို့၊ တုန်လှုပ်ခြင်းဝေဒနာခံရကြ၏။ တာရှုမြို့သွားသင်္ဘောများကို၊ အရှေ့လေနှင့်တိုက်ဖျက်တော်မူ၏။ ငါတို့ကြားဖူးသည့်အတိုင်းပင်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏မြို့တော်၊ ငါတို့ဘုရားသခင်၏မြို့တော်၌၊ ဒိဋ္ဌမြင်ရကြပြီ။ ဘုရားသခင်သည်၊ ထိုမြို့တော်ကို၊အစဉ်အ မြဲတည်စေတော်မူမည်။
အိုဘုရားသခင်၊ မေတ္တာကျေးဇူးတော်ကိုဗိမာန်တော်အတွင်း၊ အကျွန်ုပ်တို့ဆင်ခြင်ကြပါပြီ။ 10 အိုဘုရားသခင်၊ မြေကြီးအစွန်းအဖျားတိုင်အောင်နာမတော်နှံ့ပြားသည့်နည်းတူ၊ ကိုယ်တော်ကိုချီးမွမ်းခြင်းနှံ့ပြားပါ၏။ ညာလက်တော်သည်ဖြောင့်မတ်ခြင်းတရားနှင့် ပြည့်စုံလျက်ရှိပါ၏။ 11 စီရင်ဆုံးဖြတ်တော်မူချက်များကြောင့်၊ ဇိအုန်မြို့ဝမ်းမြောက်လျက်၊ ယုဒအမျိုးသမီးတို့ရွှင်လန်းကြစေ။ 12-14 ထိုဘုရားသခင်သည် ကာလအစဉ်ငါတို့ဘုရား၊ ငါတို့လမ်းပြဖြစ်တော်မူမည်ဟု၊ နောက်လူမျိုးတစ်ဆက်အားပြန်ကြားရအံ့သောငှာ၊ ဇိအုန်မြို့ကိုလှည့်ပတ်၍၊ ပြအိုးများကိုရေတွက်လျက်၊ ရင်တားများကိုနှလုံးပိုက်လျက်၊ နန်းတော်များကိုဆင်ခြင်ကြလော့။