ဆာလံ။ 46
1 ဘုရားသခင်သည်၊ ငါတို့ခိုလှုံရာ၊ ငါတို့စွမ်းအားဖြစ်လျက်၊ ဒုက္ခရောက်သည့်ကာလ၊ တွေ့လွယ်သောအထောက်အမဖြစ်တော်မူပါ၏။
2-3 သို့ဖြစ်၍၊ ပထဝီသည်ရွေ့လျက်၊ တောင်များလည်းပင်လယ်ဗဟိုထဲသို့ကျရောက်သော်လည်းေကာင်း၊ ပယ်လယ်ရေသည်ပွက်ဆူအော်ဟစ်လျက်၊ လှိုင်းအိထသဖြင့်၊ တောင်များလှုပ်ရှားသော်လည်းေကာင်း၊ ငါတို့သည် ကြောက်လန့်ကြမည်မဟုတ်။
4 မြစ်ချောင်းတော်များသည်၊ ဘုရားသခင်၏မြို့တော်၊ မြင့်မြတ်သောဘုရား၏ ကိန်းဝပ်ရာဌာနတော်ကိုရွှင်လန်းစေတတ်၏။
5 ဗဟိုတွင်ဘုရားသခင်စံနေတော်မူသဖြင့်၊ ထိုမြို့တော်မရွေ့ရ။ ဘုရားသခင်သည် အရုဏ်တက်ချိန်စောင်မတော်မူလိမ့်မည်။
6 လူမျိုးခြားတို့သည်ထကြွ၍၊ တိုင်းနိုင်ငံများလည်းလှုပ်ရှားရကြ၏။ အသံတော်လွှင့်တော်မူသော်၊ မြေပထဝီအရည်ပျော်ရ၏။
7 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည်၊ ငါတို့နှင့်အတူရှိလျက်၊ ယာကုပ်၏ဘုရားသခင်သည်၊ ငါတို့ရဲတိုက်သဖွယ်ဖြစ်တော်မူပါ၏။
8 မြေကြီးပေါ်မှာ၊ ဖုန်းဆိုးများဖြစ်စေသော ထာဝရဘုရား၏အမှုတော်များကို၊ လာရောက်ရှုကြည့်ကြလော့။
9 မြေတစ်ပြင်လုံး၌ စစ်ရေးများကိုရပ်စဲစေ၍၊ လေးကိုချိုးလျက်၊ လှံကိုဖြတ်လျက်၊ စစ်ရထားများကိုမီးရှို့တော်မူ၏။
10 ငြိမ်ဝပ်စွာနေကြစေ။ ငါသည် ဘုရားသခင်ဖြစ်ကြောင်းသိမှတ်ကြစေ။ လူမျိုးခြားတို့တွင် ဘုန်းပွင့်မည်။ မြေကြီးပေါ်မှာဘုန်းပွင့်မည်။
11 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည်၊ ငါတို့နှင့်အတူရှိလျက်၊ ယာကုပ်၏ဘုရားသခင်သည်၊ ငါတို့ရဲတိုက်သဖွယ်ဖြစ်တော်မူပါ၏။