ဆာလံ။ 40
ထာဝရဘုရားကိုငါစောင့်နေမေျှာ်လင့်ရာ ကိုယ်တော်သည် ငါ့ဘက်သို့ငဲ့၍၊ အော်ဟစ်သံကိုကြားလျက်၊ ရွှံ့နွံနှင့်ကြောက်မက်ဖွယ်ဗွက်ထဲမှ ဆယ်ယူပြီးလျှင်၊ ကျောက်တောင်ပေါ်၌ရပ်စေ၍၊ ခြေရာများကိုမြဲစေတော်မူ၏။ ငါ၏နှုတ်တွင်းသို့လည်း၊ ငါတို့ဘုရားသခင်၏ ဂုဏ်တော်ချီးမွမ်းရာသီချင်းသစ်ကိုသွင်းတော်မူ၏။ အများသိမြင်ခန့်ညား၍၊ ထာဝရဘုရား၌ကိုးစားကြလိမ့်မည်။ မာနကြီးသောသူနှင့် မုသာသုံးသောသူတို့ဘက်သို့မလိုက်ဘဲ၊ ထာဝရဘုရား၌ကိုးစားသောသူသည် မင်္ဂလာရှိ၏။ အကျွန်ုပ်ဘုရားသခင်၊ အိုထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူရာအံ့ဖွယ်မှုများနှင့်၊ အကျွန်ုပ်တို့အတွက် ကြံစည်တော်မူချက်များသည် များပြားလှ၍၊ ရှေ့တော်၌ စီစဉ်မထားနိုင်ပါ။ ေဖာ်ပြပြောဆိုလိုလျှင်၊ ရေတွက်၍မကုန်နိုင်ပါ။ ပူဇော်သက္ကာနှင့်ဘောဇဉ်သက္ကာများကိုနှစ်သက်တော်မမူပါ။ အကျွန်ုပ်၏နားများကိုဖွင့်တော်မူပါပြီ။ မီးရှို့ရာသက္ကာနှင့်အပြစ်ဖြေရာသက္ကာများကိုလည်း အလိုတော်မရှိပါ။ ထိုအခါ၊ အိုအကျွန်ုပ်ဘုရားသခင်၊ ကျမ်းဂန်၌အကျွန်ုပ်နှင့်စပ်၍ရေးထားသည့်အတိုင်း အကျွန်ုပ်ရောက်လာပါပြီ။ 8-9 အလိုတော်ကိုဆောင်ရွက်ရန်နှစ်သက်ပါ၏။ တရားတော်လည်း၊ အကျွန်ုပ်စိတ်နှလုံးထဲ၌ ရှိသည်ဟုအကျွန်ုပ်ဝန်ခံပါ၏။ အိုထာဝရဘုရား၊ သိတော်မူသည့်အတိုင်း အကျွန်ုပ်သည် နှုတ်ကိုမချုပ်တည်းဘဲ၊ ပရိသတ်ကြီး၌ဖြောင့်မတ်တော်မူခြင်းသတင်းကို ကြော်ငြာပါပြီ။ 10 ဖြောင့်မတ်တော်မူခြင်းကို၊ စိတ်နှလုံးအတွင်းကွယ်ဝှက်ခြင်း၊ မေတ္တာကျေးဇူးတော်နှင့်သစ္စာတော်ကို၊ ပရိသတ်တော်ကြီးထံမှထိမ်ချန်ခြင်းမပြုဘဲ၊ သစ္စာတော်နှင့်ကယ်တင်တော်မူခြင်းအကြောင်းကိုဖော်ပြခဲ့ပါပြီ။ 11 အိုထာဝရဘုရား၊ ကိုယ်တော်လည်း၊ ကရုဏာတော်များကို၊ အကျွန်ုပ်ထံမှချုပ်ချယ်၍ ထားတော်မူမည်မဟုတ်ပါ။ မေတ္တာကျေးဇူးတော်နှင့် သစ္စာတော်သည်၊ အစဉ်ထိမ်း သိမ်းပါလိမ့်မည်။ 12 မရေမတွက်နိုင်သောဘေးဥပဒ်များသည်၊ အကျွန်ုပ်ကိုဝန်းရံလျက်၊ အကျွန်ုပ်၏ဒုစရိုက်များသည်၊ ကိုယ်ကိုအုပ်မိသဖြင့်မေျှာ်၍မျှမကြည့်နိုင်ပါ။ အကျွန်ုပ်ဆံပင်ထက်များပြား၍၊ စိတ်ပျက်လျက်ရှိနေပါ၏။ 13 အိုထာဝရဘုရား၊ အကျွန်ုပ်ကိုသနား၍ ကယ်လွှတ်တော်မူပါ။ အိုထာဝရဘုရား၊ အမြန်ကြွ၍မစတော်မူပါ။ 14 အကျွန်ုပ်အသက်ကိုဖျက်ဆီးရန် ရှာကြံသူတို့သည်၊ တစ်လုံးတည်းအရှက်ကွဲ၍၊ ကျိုးယုတ်ကြပါစေသော။ ဘေးအန္တရာယ်ကိုရှာကြံသူတို့လန်၍၊ အသရေပျက်ကြပါစေ သော။ 15 ဟေ့ဟေ့ဟုဆိုတတ်သူတို့သည်၊ အရှက်ကွဲ၍ထိတ်လန့်ကြပါစေသော။ 16 ကိုယ်တော်ကိုလိုက်ရှာသူရှိသမျှတို့မှာ၊ ကိုယ်တော်၌ရွှင်လန်းဝမ်းမြောက်လျက်၊ ကယ်တင်ရာအကြောင်းကို နှစ်သက်သမျှသူတို့လည်း၊ ထာဝရဘုရားသည် ကြီးမြတ် တော်မူစေသတည်းဟု၊ အစဉ်မပြတ်မြွက်ဆိုကြပါစေသော။ 17 အကျွန်ုပ်မူကား၊ ဆင်းရဲနွမ်းပါးလျက်ရှိနေရသော်လည်း၊ အရှင်ဘုရားသတိရတော်မူ၏။ ကိုယ်တော်သည်၊ အကျွန်ုပ်ကိုထောက်မကယ်လွှတ်သောအရှင် ဖြစ်တော်မူပါ၏။ အိုအကျွန်ုပ်၏ဘုရားသခင်၊ ဆိုင်းလင့်တော်မမူပါနှင့်။