ဆာလံ။ 36
1 ဘုရားသခင်အားကြောက်ရွံ့ရသောအကြောင်းမည်သည်ကိုမျှ၊ လူဆိုးသည် မျက်မှောက်မပြုကြောင်းကို၊ သူ၏ကျူးလွန်မှုအားဖြင့် ငါနှလုံးသွင်း၏။
2 ကိုယ့်မတရားမှုပေါ်ပေါက်၍၊ ရွံရှာခံရမည်မဟုတ်ဟု၊ သူဒိဋ္ဌမြှောက်စားတတ်၏။
3 သူသည် ဒုစရိုက်ပြုခြင်းနှင့်လှည့်စားခြင်းအကြောင်းနှုတ်မြွက်လျက်၊ လိမ္မာစွာ သုစရိုက်ပြုခြင်းကိုလှပ်ထားလျက်၊
4 ဒုစရိုက်ကိုအိပ်ရာပေါ်တွင် ကြံစည်လျက်၊ အဆိုးကိုမရွံရှာဘဲ၊ မကောင်းသောလမ်းကိုအမြဲလိုက်တတ်၏။
5 အိုထာဝရဘုရား၊ မေတ္တာကျေးဇူးတော်သည် ကောင်းကင်သို့လည်းေကာင်း၊ သစ္စာတော်သည်၊ မိုးတိမ်သို့လည်းေကာင်း၊ မှီပါ၏။
6 ဖြောင့်မတ်တော်မူခြင်းသည် တောင်တော်ကြီးများနှင့်လည်းေကာင်း၊ ဆုံးဖြတ်တော်မူချက်များသည်၊ မဟာရေထုနှင့်လည်းေကာင်း၊ တူမျှပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည်၊ လူသူ တိရစ္ဆာန်မျိုးကိုထိန်းသိမ်းတော်မူပါ၏။
7 အိုဘုရားသခင်၊ မေတ္တာကျေးဇူးတော်လွန်ကဲလှပါသည်။ အတောင်တော့်အောက်၌ လူ့သားတို့ခိုလှုံရလျက်၊
8-9 ဗိမာန်တော်၏စည်းစိမ်နှင့်ရောင့်ရဲရကြလတ္တံ့။ အထံတော်၌ အသက်စမ်းရေရှိသည့်အလျောက်၊ ချမ်းသာတော်မြစ်ရေကိုတိုက်ကျွေးတော်မူလိမ့်မည်။ အလင်းတော် ဖြင့်အကျွန်ုပ်တို့သည် အလင်းရကြလတ္တံ့။
10 ကိုယ်တော်ကိုသိကျွမ်းသူတို့အား၊ မေတ္တာကျေးဇူးတော်ကိုလည်းေကာင်း၊ သဘောဖြောင့်သူတို့အား၊ ဖြောင့်မတ်တော်မူခြင်းကိုလည်းေကာင်း၊ တည်မြဲတည်စေတော်မူပါ။
11 မာန်မာနခြေသည် အကျွန်ုပ်ကိုထိခိုက်ခွင့်၊ လူဆိုးလက်သည်နှင်ထုတ်ခွင့်မရပါစေနှင့်။
12 ထိုအရပ်၌ ဒုစရိုက်ပြုကျင့်သူတို့သည်၊ မောင်းနှင်တွန်းချရာခံရ၍၊ ထနိုင်ကြဦးမည်မဟုတ်။