ဆာလံ။ 35
အိုထာဝရဘုရား၊ အကျွန်ုပ်အားပြိုင်ဆိုင်သူတို့နှင့်ပြိုင်ဆိုင်၍၊ တိုက်ခိုက်သူတို့နှင့် တိုက်ခိုက်တော်မူပါ။ လွှားတော်၊ ဒိုင်းတော်ကိုစွဲကိုင်၍၊ စစ်ကူရန်ထတော်မူပါ။ လှံတော်ထုတ်၍၊ လိုက်လံသူတို့ကိုဆီးဆို့လျက်၊ သင့်ကယ်တင်ရာကယ်တင်ကြောင်းငါဖြစ်သည်ဟု၊ အကျွန်ုပ်အသက်အားမိန့်ဆိုတော်မူပါ။ အကျွန်ုပ်အသက်အန္တရာယ်ရှာကြံသူတို့သည်အရှက်ကွဲလျက် အသရေပျက်ကြပါစေသော။ ဘေးအန္တရာယ်ရှာကြံသူတို့လန်၍၊ ကျိုးယုတ်ကြပါစေသော။ ထာဝရဘုရား၏စေတမန်တော်မောင်းနှင်သဖြင့်၊ လေလွင့်သော ဖွဲကဲ့သို့ ဖြစ်ကြပါစေသော။ ထာဝရဘုရား၏ စေတမန်တော်လိုက်လံရာ၊ ရှောင်ပြေးရသော လမ်းမှောင်၍ ချော်ပါစေသော။ သူတို့သည် အကြောင်းမဲ့ပိုက်ချလျက်၊ အကြောင်းမဲ့တွင်းတူးလျက်၊ အကျွန်ုပ်အသက်အန္တရာယ်ကိုရှာကြံကြလေပြီ။ ပျက်စီးခြင်းသည် သူ့အပေါ်သို့အမှတ်မဲ့သင့်လျက်၊ ကိုယ်ချသောပိုက်၌ မိသဖြင့်၊ ကိုယ့်ပျက်စီးရာသို့ကျရောက်ပါစေသော။ သို့မှငါ့အသက်ဝိညာဉ်သည်၊ ထာဝရဘုရား၌ဝမ်းမြောက်၍၊ ကယ်တင်တော်မူခြင်း၌ရွှင်လန်းရာ၊ 10 အိုထာဝရဘုရား၊ ခွန်အားမမျှသူ့လက်မှ၊ ဆင်းရဲသူ့ကိုလည်းေကာင်း၊ လုယက်ဖျက်ဆီးသူ့လက်မှ၊ ဆင်းရဲနွမ်းပါးသူ့ကိုလည်းေကာင်း၊ ကယ်လွှတ်တော်မူသော ကိုယ်တော်နှင့်မည်သူတူပါသနည်းဟု၊ ငါ့အရိုးရှိသမျှ တွန်ဆိုလိမ့်မည်။ 11 မဖြောင့်မမှန်သောသက်သေတို့သည်ထလျက်၊ ငါမသိသောအကြောင်းများနှင့်စပ်၍ စစ်မေးလျက်၊ 12 အကောင်းအစားအဆိုးကိုဆပ်ပေးကြသဖြင့်၊ ငါစိတ်လျော့ရပါ၏။ 13 ငါသည်၊ သူတို့မကျန်းမမာကြသော်၊ လျှော်တေဝတ်လျက်၊ အစာရှောင်လျက်၊ စိတ်ဒုက္ခရောက်ရ၏။ ငါပို့သောမေတ္တာသည်၊ ငါ့အတွင်းသို့ပြန်ရောက်၏။ 14 ငါ့မိတ်ဆွေ၊ ငါ့ညီအစ်ကိုဖြစ်ဘိသကဲ့သို့ကျင့်ကြံလျက်၊ အမိကိုလွမ်းဆွတ်မြည်တမ်းသူကဲ့သို့ငုံ့၍ မှိုင်နေ၏။ 15 သူတို့မူကား၊ ငါခလုတ်တိုက်မိရာ၊ ရွှင်လန်းစုရုံးကြသည့်ပြင်၊ ငါမသိသော လူယုတ်တို့ပင်စုရုံး၍၊ မရပ်မစဲငါ့ကိုဆွဲဖြတ်လျက်၊ 16 လူပျက်လူသရော်တို့ကဲ့သို့စိုက်ကြည့်လျက်၊ အံခဲကြ၏။ 17 အိုအရှင်ဘုရား၊ မည်မျှကြာအောင်ကြည့်၍နေတော်မူမည်နည်း။ အကျွန်ုပ်အသက်ကိုသူတို့ဖျက်ဆီးရာဘေးမှလည်းေကာင်း၊ အကျွန်ုပ်အတ္တဘောကိုခြင်္သေ့တို့ဘေးမှလည်းေကာင်း၊ ကယ်နုတ်တော်မူပါ။ 18 ပရိသတ်တော်ကြီးတွင်ကျေးဇူးတော်ကိုလည်းေကာင်း၊ ပြည်သူတို့ဘောင်တွင် ဂုဏ်တော်ကိုလည်းေကာင်း၊ ချီးမွမ်းပါမည်။ 19 မတရားသဖြင့် ရန်ပြုသူတို့ကို၊ အကျွန်ုပ်အပေါ်၌ရွှင်လန်းခွင့်၊ အကြောင်းမဲ့မုန်းထား သူတို့ကို၊ မျက်ရိပ်ပြခွင့်မရပါစေနှင့်။ 20 သူတို့သည် ရန်ငြိမ်းခြင်းအကြောင်းမတိုင်ပင်ဘဲ၊ ပြည်တော်တွင်ငြိမ်ဝပ်စွာနေထိုင်သူတို့တစ်ဘက်၊ လိမ်လည်ေသာစွဲဆိုချက်များကိုကြံစည်၍၊ 21 အကျွန်ုပ်တစ်ဘက်၌ပါးစပ်ဟလျက်၊ ဟေ့ ဟေ့။ ကိုယ့်မျက်စိဖြင့်မြင်ခဲ့ပြီဟု ဆိုကြပါ၏။ 22 အိုထာဝရဘုရား၊ ကိုယ်တော်ရှုမြင်တော်မူပြီ။ အကျွန်ုပ်နှင့်ဝေးကွာစွာဆိတ်ဆိတ်နေတော်မမူပါလင့်။ အိုအရှင်ဘုရား။ 23 အကျွန်ုပ်အမှုလဲလျှောက်၍ ဆုံးဖြတ်ရန်၊ နိုးကြားကြွရောက်တော်မူပါ။ အကျွန်ုပ်အရှင်၊ အကျွန်ပ်ဘုရားသခင်၊ 24 အကျွန်ုပ်၏ဘုရားသခင်၊ အိုထာဝရဘုရား၊ ဖြောင့်မတ်တော်မူခြင်းအတိုင်း အကျွန်ုပ်ကိုတရားဆုံးဖြတ်တော်မူလျက်၊ ထိုသူတို့ကို အကျွန်ုပ်အပေါ်၌ရွှင်လန်းခွင့်မရှိပါ စေနှင့်။ 25 ဟေ့၊ ငါတို့စိတ်တိုင်းကျဖြစ်ရပြီဟူ၍လည်းေကာင်း၊ သူ့ကိုစားမျိုရပြီဟူ၍လည်းေကာင်း၊ စိတ်တွင်အောက်မေ့ခြင်းမရှိပါစေနှင့်။ 26 အကျွန်ုပ်ဒုက္ခကြောင့်အားရသောသူတို့သည်၊ တစ်လုံးတည်းကျိုးယုတ်အရှက်ရလျက်၊ အကျွန်ုပ်တစ်ဘက်၌ထောင်လွှားသူတို့သည်၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်း နှင့်လွှမ်းခြုံရကြပါစေသော၊ 27 အကျွန်ုပ်ဖြောင့်မတ်ခြင်းကိုနှစ်သက်သူတို့မူကား၊ ဝမ်းမြောက်ကြွေးကြော်လျက်၊ ကိုယ်တော့်ကျွန်၏ ကောင်းစားခြင်း၌ နှစ်သက်တော်မူသောထာဝရဘုရားသည်၊ ကြီးမြတ်တော်မူစေသတည်းဟု၊ အစဉ်မပြတ်မြွက်ဆိုကြပါစေသော။ 28 အကျွန်ုပ်ကလည်း၊ နေ့ရှိသမျှ ကိုယ်တော်၏ဖြောင့်မတ်တော်မူခြင်းအကြောင်းကို မြွက်ဆိုလျက်၊ ဂုဏ်တော်ကိုချီးမွမ်းပါမည်။