ဆာလံ။ 3
1 အိုထာဝရဘုရား၊ အကျွန်ုပ်ကိုရန်ဘက်ပြုသူတို့အလွန်တိုးပွား၍၊ တစ်ဘက်၌ထကြွသူတို့များပြားကြပါ၏။
2 သူသည် ဘုရားသခင်ကိုမှီခို၍၊ ကယ်တင်တော်မူခြင်းခံရမည်မဟုတ်ဟု၊ အကျွန်ုပ်၏အသက်ဝိညာဉ်ကိုရည်၍ ဆိုသူတို့များလှပါ၏။
3 အိုထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်ပတ်လည်၌ဒိုင်းလွှားသဖွယ်၊ အကျွန်ုပ်၏ဘုန်းအသရေ၊ အကျွန်ုပ်၏ဦးခေါင်းကိုထူပင့်တော်မူသောအရှင်ဖြစ်တော်မူပါ၏။
4 ထာဝရဘုရားအားငါဟစ်ခေါ်၍၊ သန့်ရှင်းသောတောင်တော်ပေါ်မှထူးတော်မူ၏။
5 ထာဝရဘုရားစောင့်မတော်မူသောကြောင့်၊ ငါလှဲ၍အိပ်ပျော်ပြီးနောက် နိုးမြဲနိုးရ၏။
6 ဝန်းဝိုင်းလျက် နေသူအထောင်အသောင်းကို၊ ငါကြောက်ရွံ့မည်မဟုတ်။
7 အိုထာဝရဘုရား၊ ထတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ရန်သူရှိသမျှတို့၏ပါးရိုးကိုရိုက်နှက်၍၊ လူဆိုးတို့၏သွားကိုချိုးတော်မူပါပြီ။
8 အောင်မြင်ခွင့်ကိုထာဝရဘုရားကြောင့်သာရပါ၏။ လူမျိုးတော့်အပေါ်သို့ ကောင်းကြီးမင်္ဂလာတော်သက်ရောက်ပါစေသော။