ဆာလံ။ 26
အိုထာဝရဘုရား၊ စုံလင်စွာလေျှာက်လိုက်ခဲ့သောအကျွန်ုပ်၏အမှုကိုဆုံးဖြတ်တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရားကို မတိမ်းမယိမ်းဘဲကိုးစားခဲ့ပါ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုစံချစစ်ဆေးလျက်၊ နှလုံးနှင့်ကျောက်ကပ်ကိုစစ်ကြောတော်မူပါ။ အကျွန်ုပ်သည်မေတ္တာကျေးဇူးတော်ကိုမျက်မှောက်ပြုလျက်၊ သစ္စာတော်အတိုင်းလေျှာက်လိုက်ခဲ့ပါပြီ။ လျှပ်ပေါ်သူတို့နှင့်မထိုင်ခဲ့ပါ။ သီလကြောင်တို့နှင့်ပေါင်းသင်းမည်မဟုတ်ပါ။ လူဆိုးတို့အသင်းအပင်းကိုမုန်းထား၍၊ လူသွမ်းတို့နှင့်ထိုင်နေမည်မဟုတ်ပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ပူဇော်ရာပလ္လင်တော်ကိုလှည့်ပတ်ရအံ့သောငှာ၊ အပြစ်ကင်းခြင်းနှင့်လက်ဆေးပါမည်။ သို့မှ၊ ကျေးဇူးတော်ချီးမွမ်းသံကို လွှင့်လျက်၊ အံ့ဖွယ်ရာအမှုတော်ရှိသမျှကိုကြားပြောခွင့်ရပါလိမ့်မည်။ အိုထာဝရဘုရား၊ စံတော်မူရာဗိမာန်ကိုလည်းေကာင်း၊ ဘုန်းတော်ကိန်းဝပ်ရာဌာနကိုလည်းေကာင်း၊ အကျွန်ုပ်နှစ်သက်ပါ၏။ အပြစ်သားတို့နှင့်အတူအကျွန်ုပ်ကိုယ်ကိုလည်းေကာင်း၊ လူသတ်တို့နှင့်အတူအကျွန်ုပ်အသက်ကိုလည်းေကာင်း၊ ရုပ်သိမ်းတော်မမူပါနှင့်။ 10 ထိုသူတို့သည် စဉ်းလဲခြင်းကိုဆုပ်ကိုင်လျက်၊ ညာလက်လည်းတံစိုးနှင့်ပြည့်လှ၏။ 11 အကျွန်ုပ်မူကားစုံလင်စွာလေျှာက်လိုက်ပါမည်။ ရွေးနုတ်၍၊ ကရုဏာသက်တော်မူပါ။ 12 ငါသည်ညီညာသောအရပ်၌ခြေမြဲလျက်၊ ပရိသတ်တို့အလယ်တွင်၊ ထာဝရဘုရားသခင်ကိုဩဘာပြုမည်။