ဆာလံ။ 25
အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်စွဲလမ်းပါ၏။ အကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်၌ကိုးစားခဲ့ပါ၏။ အရှက်ကွဲစေတော်မမူပါနှင့်။ အကျွန်ုပ်အပေါ်၌ရန်သူတို့ဝါကြွားခွင့်ရှိစေတော်မမူပါနှင့်။ ကိုယ်တော်ကိုစောင့်မေျှာ်သောသူတစ်ဦးတစ်ယောက်မျှအရှက်ကွဲရမည်မဟုတ်။ အကြောင်းမဲ့သစ္စာဖောက်သောသူတို့ကား၊ အရှက်ကွဲကြရမည်။ အိုထာဝရဘုရား၊ နည်းတော်များကိုညွှန်ပြ၍၊ လမ်းတော်များကိုသွန်သင်တော်မူပါ။ ကိုယ်တော်သည်၊ အကျွန်ုပ်ကိုကယ်တင်သောဘုရားသခင်ဖြစ်တော်မူသည့်အလျောက်၊ နေ့ရှိသမျှအကျွန်ုပ်စောင့်မေျှာ်သောကြောင့်၊ သစ္စာတော်နှင့်ပို့ဆောင်၍၊ သွန်သင်တော်မူပါ။ အိုထာဝရဘုရား၊ ရှေးမဆွကတည်မြဲသောကရုဏာတော်နှင့် မေတ္တာကျေးဇူးတော်များကိုသတိရတော်မူပါ။ အကျွန်ုပ်၏ငယ်ပြစ်များကိုလည်းေကာင်း၊ ကျူးလွန်ခြင်းများကိုလည်းေကာင်း၊ သတိရတော်မမူဘဲ၊ ကောင်းမြတ်တော်မူခြင်းကိုထောက်၍၊ မေတ္တာကျေးဇူးတော်အလျောက် အကျွန်ုပ်ကိုသတိရတော်မူပါ၊ အိုထာဝရဘုရား။ ထာဝရဘုရားသည်၊ ကောင်းမွန်ဖြောင့်မတ်တော်မူသောကြောင့်၊ အပြစ်သားတို့ကိုနည်းလမ်းတော်၌ သွန်သင်တော်မူလိမ့်မည်။ စိတ်နှိမ့်ချသောသူတို့ကိုတရားလမ်း၌ပို့ဆောင်၍၊ နည်းလမ်းတော်ကိုလည်း၊ သွန်သင်တော်မူလိမ့်မည်။ 10 ထာဝရဘုရား၏နည်းလမ်းတော်ရှိသမျှသည်၊ ပဋိညာဉ်တရားတော်နှင့်သက်သေခံတော်မူချက်များကိုစောင့်ရှောက်သူတို့၌၊ မေတ္တာကျေးဇူးနှင့်သစ္စာတော်ဖြစ်၏။ 11 အိုထာဝရဘုရား၊ ကြီးလေးသောအကျွန်ုပ်အပြစ်ကို၊ နာမတော်အတွက် ချမ်းသာပေးတော်မူပါ။ 12 ထာဝရဘုရားကိုခန့်ညားသောသူကား၊ မည်သူနည်း။ ရွေးချယ်အပ်သောလမ်းတော်၌သွန်သင်တော်မူလိမ့်မည်။ 13 ထိုသူသည်ချမ်းသာစွာနေထိုင်လျက်၊ အမျိုးအနွယ်လည်း နေပြည်ကိုအပိုင်ရလျက်နေလိမ့်မည်။ 14 ထာဝရဘုရားသည်၊ ခန့်ညားသူတို့အားကိုယ်တော်နှင့်အကျွမ်းဝင်ခွင့်၊ ပဋိညာဉ်တရားတော်ကိုသိမြင်ခွင့်ပြုတော်မူမည်။ 15 ငါ့ခြေများကို ပိုက်ထဲမှနုတ်ယူတော်မူမည့် ထာဝရဘုရားအား၊ အစဉ်မပြတ်ငါမျက်မှောက်ပြုလျက်နေ၏။ 16 ခိုကိုးရာမဲ့၊ ညှဉ်းပန်းခံရသောအကျွန်ုပ်ကိုလှည့်ကြည့်၍၊ ကရုဏာသက်တော်မူပါ။ 17 စိတ်ဒုက္ခရောက်ရာမှထွက်မြောက်စေ၍၊ အကျဉ်းအကျပ်အဖြစ်မှထုတ်ဆောင်တော်မူပါ။ 18 အကျွန်ုပ်ဆင်းရဲခြင်း၊ ပင်ပန်းခြင်းများကိုဆင်ခြင်၍၊ အပြစ်ရှိသမျှကိုဖြေလွှတ်တော်မူပါ။ 19 အကျွန်ုပ်ကိုရက်စက်စွာမုန်းထားလျက်၊ များပြားသောရန်သူတို့ကို ဆင်ခြင်တော်မူပါ။ 20 အကျွန်ုပ်အသက်ကိုစောင့်ထိန်း၍ ကယ်လွှတ်တော်မူပါ။ ကိုယ်တော်၌အကျွန်ုပ်ခိုလှုံသည်ဖြစ်၍ အရှက်ကွဲစေတော်မမူပါနှင့်။ 21 စုံလင်ခြင်းနှင့်၊ ဖြောင့်မတ်ခြင်းသည်၊ ကိုယ်တော့်အားစောင့်မေျှာ်သူ အကျွန်ုပ်ကိုထိန်းသိမ်းပါစေ။ 22 အိုဘုရားသခင်၊ ဣသရေလလူမျိုးကိုဒုက္ခရှိသမျှမှရွေးနုတ်တော်မူပါ။