ဆာလံ။ 17
1 အိုထာဝရဘုရား၊ ဖြောင့်မှန်ရာကိုနာခံလျက်၊ အကျွန်ုပ်အော်ဟစ်သံကိုကြားနာလျက်၊ ပရိယာယ်ကင်းသောနှုတ်မှထွက်ရာပဌနာကိုနားညောင်းတော်မူပါ။
2 မျှတခြင်းတရားကို မျက်မှောက်ပြုတော်မူသည့်အလျောက်၊ အကျွန်ုပ်ခံထိုက်ရာ စီရင်ချက်ကိုထုတ်ဆင့်တော်မူပါ။
3 ကိုယ်တော်သည်၊ အကျွန်ုပ်စိတ်နှလုံးကိုစံချလျက်၊ ညဉ့်အခါ၌ ရှုကြည့်လျက်၊ ချော်မတွေ့ဘဲ ချွတ်တော်မူပါပြီ။ နှုတ်ဖြင့်မကျူးမလွန်ရဟူ၍၊ အကျွန်ုပ်ပြဋ္ဌာန်းပါ၏။
4 လူတို့ဘာဝအပြုအကျင့်များကို၊ ထောက်လျှင်၊ နှုတ်တော်ထွက်ဗျာဒိတ်တော်အားဖြင့်၊ ကြမ်းကြုတ်သူတို့နည်းလမ်းမှ၊ အကျွန်ုပ်လွှဲရှောင်လျက်နေခဲ့ပါပြီ။
5 ခြေမချော်ဘဲ၊ နည်းလမ်းတော်ကိုစွဲမြဲစွာေလျှာက်လိုက်ခဲ့ပါပြီ။
6 အိုဘုရားသခင်၊ ထူးတော်မူမည်ဖြစ်သောကြောင့်၊ အကျွန်ုပ်ခေါ်ပါ၏။ နားတော်လှည့်၍၊ လျှောက်ဆိုချက်ကိုနာခံတော်မူပါ။
7 ကိုးစားသူတို့ကို၊ ထကြွသူတို့မှ ညာလက်ရုံးတော်ဖြင့်ကယ်တော်မူသောအိုအရှင်၊ အံ့ဖွယ်သောမေတ္တာကျေးဇူးတော်များကိုပြတော်မူပါ။
8-9 အကျွန်ုပ်ကိုဝန်းဝိုင်း၍ လုယက်သောလူဆိုး၊ အသက်အန္တရာယ်ရှာကြံသောရန်သူတို့မှ၊ စက္ခုသူငယ်အိမ်သဖွယ်စောင့်ထိန်းလျက်၊ အတောင်တော်အောက်၌ကွယ် ကာထားတော်မူပါ။
10 ထိုသူတို့သည်၊ သနားစိတ်ချုပ်ချယ်၍ မောက်မာစွာပြောဆိုလျက်၊
11 အကျွန်ုပ်တို့ခြေရာကို၊ ယခုဝိုင်းမိသဖြင့် မြေကြီးအထိဖြိုလှဲရန်စိုက်ကြည့်လျက်၊
12 ကိုက်စားလိုသောခြင်္သေ့အို၊ ခိုအောင်းသောခြင်္သေ့ပျိုသဖွယ်နေကြပါ၏။
13 အိုထာဝရဘုရား၊ ထပြီးလျှင်၊ ဆိုင်ပြိုင်၍ဖြိုလှဲတော်မူပါ။ အကျွန်ုပ်အသက်ကို၊ လူဆိုးတို့လက်မှ ဓားတော်ဖြင့်လည်းေကာင်း၊
14 လောကသားတို့လက်မှလက်ရုံးတော်ဖြင့်လည်းေကာင်း၊ ကယ်လွှတ်တော်မူပါ။ ထိုသူတို့သည်၊ ဤဘဝ၌ကိုယ့်ပိုင်စုကိုရလျက်၊ ဘဏ္ဍာတော်များကြောင့်ဝမ်းပြည့်လျက်၊ သားသမီးများကိုရရှိ၍၊ ကျန်ရစ်သောပစ္စည်းကို၊ ကိုယ့်သားငယ်ကိုဆက်ခံရကြပါ၏။
15 အကျွန်ုပ်မူကား၊ ဖြောင့်မတ်သောအဖြစ်၌ မျက်နှာတော်ကိုဖူးမေျှာ်ခွင့်၊ နိုးထရသည့်ကာလ၊ ပုံသဏ္ဌာန်တော်နှင့်ရောင့်ရဲခွင့်ရပါလိမ့်မည်။