ဆာလံ။ 16
1 အိုဘုရားသခင်၊ ကိုယ်တော်၌ အကျွန်ုပ်ခိုလှုံသည်ဖြစ်၍၊ ထိန်းသိမ်းတော်မူပါ။
2-3 ကိုယ်တော်မှတစ်ပါး၊ ချမ်းသာရာချမ်းသာကြောင်းမရှိ။ အကျွန်ုပ်အရှင်ပေတည်းဟု ထာဝရဘုရားအားလည်းေကာင်း၊ ငါနှစ်သက်မွေ့လျော်ရာလူမြတ်ပေတည်းဟု၊ မြေကြီးပေါ်ရှိ သန့်ရှင်းသူတို့အားလည်းေကာင်း ငါဝန်ခံခဲ့ပြီ။
4 ဖောက်ပြန်သူတို့၏စိတ်ဒုက္ခတိုးပွားလိမ့်မည်။ ငါသည် ထိုသူတို့ဆက်သသောအသွေးသက္ကာများကိုဆက်သခြင်း၊ သူတို့နာမများကိုနှုတ်မြွက်ခြင်းပြုမည်မဟုတ်။
5 ထာဝရဘုရားသည်၊ ငါ၏ပိုင်စု၊ ငါသုံးသောက်ရန် ဝေပုံဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ဝေစုကိုစောင့်ထိန်းတော်မူ၏။
6 ငါ့အဖို့ချထားသော နယ်နိမိတ်သာယာလျက်၊ ကောင်းမြတ်သောအပိုင်ရရှိပါ၏။
7 အကြံပေးတော်မူသောထာဝရဘုရားကိုဩဘာပြုပါမည်။ ညဉ့်တိုင်း၊ ငါ့နှလုံးကျောက်ကပ်ဆုံးမပါ၏။
8 ငါသည် ထာဝရဘုရားကို၊ အစဉ်မျက်မှောက်ပြုပါပြီ။ ငါ့လက်ျာဘက်၌ ရှိနေတော်မူသောကြောင့်၊ ငါရွေ့ရမည်မဟုတ်ပါ။
9 သို့ဖြစ်၍၊ ငါ့စိတ်နှလုံးဝမ်းမြောက်လျက်၊ ၁ 16.9 ပါဠိၒ ၒ- ဂုဏ်အသေရ။ငါ့ဝိညာဉ်သည် ရွှင်လန်းပါ၏။ ငါ့ကိုယ်ခန္ဓာလည်း လုံခြုံစွာတည်းခိုပါလိမ့်မည်။
10 အသို့ဆိုသော်၊ ကိုယ်တော်သည်အကျွန်ုပ်အသက်ဝိညာဉ်ကို၊ မရဏာ့နိုင်ငံတွင်ပစ်ထားတော်မူမည်မဟုတ်။ ကြည်ညိုသူ့ကိုပုပ်ပျက်ခြင်းနှင့် ကြုံကြိုက်စေတော်မူမည်မဟုတ်။
11 အသက်လမ်းကိုအကျွန်ုပ်အား၊ ကိုယ်တော်သိကျွမ်းစေတော်မူမည်။ ရှေ့တော်၌တင်းတိမ်ဖွယ်အားရခွင့်၊ ညာဘက်တော်၌ကာလအစဉ်ပျော်မွေ့ခွင့်တည်ရှိလှပေ၏။