ဆာလံ။ 14
ဘုရားသခင်မရှိဟု၊ ယုတ်မာသူတို့သည်စိတ်တွင်အောက်မေ့၍၊ ေဖာက်ပြန်လျက် စက်ဆုပ်စွာပြုကျင့်ကြပြီ။ အကောင်းပြုကျင့်သူတစ်ယောက်မျှမရှိ။ နားလည်သောသူ၊ ဘုရားသခင်ကို ရှာသောသူရှိမရှိကိုသိမြင်ရန်၊ ထာဝရဘုရားသည် ကောင်းကင်ဘုံမှလူ့သားတို့ကို ငုံ့ကြည့်တော်မူရာ၊ ခပ်သိမ်းတို့လမ်းလွဲ၍ ညစ်ညမ်းလျက်ရှိနေကြကုန်ပြီ။ အကောင်းပြုကျင့်သူတစ်ဦးတစ်ယောက်မျှမရှိချေ။ ငါ့လူမျိုးကိုထမင်းအဖြစ်စားလျက်၊ ထာဝရဘုရားကိုပဌနာမပြုဘဲ၊ ဒုစရိုက်ပြုကျင့်သောသူခပ်သိမ်းတို့သည်၊ အသိပညာမဲ့ကြသလော။ ဖြောင့်မတ်သောလူမျိုးတွင်၊ ဘုရားသခင်ရှိနေတော်မူသောကြောင့်၊ ထိတ်လန့်ကြောက်ရွံ့လျက် နေကြပြီတကား။ ထာဝရဘုရား၌ခိုလှုံသောဆင်းရဲသား၏အကြံအစည်ကို၊ သင်တို့အရှက်ခွဲကြမည်လော။ ဣသရေလလူမျိုး၏ကယ်တင်ရာကယ်တင်ကြောင်းသည်၊ ဇိအုန်မြို့တွင်းမှပေါ်လာပါစေသော။ သုံ့ပန်းခံရသောလူမျိုးတော်ကို၊ ထာဝရဘုရားပြန်လာစေတော်မူသောအခါ၊ ယာကုပ်အမျိုးရွှင်လန်း၍၊ ဣသရေလအနွယ်ဝမ်းမြောက်ရလိမ့်မည်။